Render Image တွေကိုဖန်တီးဖို့ နည်းမျိုးစုံနဲ့ ကြိုးပမ်းကြပါတယ်။ 3D Max နဲ့ Model ဆွဲတဲ့အခါ တစ်ခါတစ်ရံ ကြန့်ကြာမှုတွေ ရှိတတ်တာကြောင့် တစ်ချို့က Model ကို Sketch Up မှာဆွဲပီး Render ကို 3D Max ထဲမှာ V-Ray နဲ့ ဖန်တီးလေ့ ရှိတတ်ကြပါတယ်။ အစတုန်းက Sketch Up ကို 3D Model ( 3DS Files, *.3ds File type )သို့ ပြောင်းလဲပီးမှသာ 3D Max ထဲကို ထည့်လို့ ရပေမယ့် ခုနောက်ပိုင်းမှာတော့ Sketch Up File ( *.skp File Type ) ကို တိုက်ရိုက်ထည့်ပီး 3D Max နဲ့ Render လုပ်နိုင်တဲ့ အဆင့်အထိ တိုးတက်လာတာ ကျမတို့အတွက် ၀မ်းသာစရာ တစ်ခုပါပဲ။
DOWNLOAD LINK
password : www.creativelayer.net
Quick Tool တွေကို အသုံးပြုဖို့ လိုအပ်တဲ့ software လေးတွေပါ။
DOWNLOAD LINK
ဒီနေ့ ဟိုဟိုဒီဒီ စာလိုက်ဖတ်ရင်း ကျမအတွက် အသုံးဝင်တဲ့ command လေးတစ်ခုကို သိလိုက်ရပါတယ်။ သိပီးသားလူတွေအတွက် မထူးခြားသော်လည်း ကျမက ခုမှသိတဲ့ အပြင် ကျမအလုပ်မှာလည်း တော်တော်လိုအပ်တဲ့အတွက် မသိသေးတဲ့ သူတွေ သိအောင် ဝေမျှလိုက်ပါတယ်။
ကျမပုံတွေဆွဲတဲ့အခါ structure details တွေအများကြီးကို ပုံတစ်ခုထဲမှာ ဆွဲလေ့ရှိပါတယ်။
တစ်ခါတစ်ရံ အားလုံးဆွဲပီးမှ Material Size ကိုပြောင်းလဲတတ်ပါတယ်။ အဲဒီ့တော့ ကျမအရင်က ဒီကော်မန်းလေးကို မသိတော့ details တစ်ခုချင်းစီမှာ တစ်နေရာစီ TEXT တွေကို လိုက်ပြင်ရပါတယ်။
အခုတော့ တော်တော် အဆင်ပြေသွားပါပီ။
အဲဒီ့ command ကတော့ FIND ဆိုတဲ့ ကော်မန်းလေးပါပဲ။
Find What ဆိုတဲ့နေရာမှာ ကိုယ်ရှာလိုတဲ့ စာလုံးကို ရိုက်ထည့်ပီး Find ဆိုတာကို Click နှိပ်လိုက်တာနဲ့ ပြင်လိုတဲ့စာလုံးကို လိုက်ရှာပေးပါလိမ့်မယ်။
Replace with ဆိုတဲ့နေရာမှာ အစားထိုးပြင်ဆင်လိုတဲ့ စာလုံးကို ရိုက်ထည့်ပီး Replace All ကိုရွေးလိုက်တာနဲ့ drawing တစ်ခုလုံးမှာရှိတဲ့ တူညီတဲ့ စာတွေအားလုံးကို တစ်ပြိုင်နက်တည်း ပြင်ဆင်ပေးသွားမှာပါ။
တစ်ခါတစ်ရံ အလွယ်ဆုံးတွေကလည်း အသုံးအ၀င်ဆုံးတွေ ဖြစ်တတ်တယ်နော်။
( ဒီတစ်နှစ်အတွင်းမှာ ကျမကျောင်းတက်နေတဲ့ ကာလအတောအတွင်း ကျမလိုအပ်သမျှကို နေရာမရွေး အချိန်မရွေး ကူညီပေးခဲ့တဲ့ ကိုပါကြီးနဲ့ ကိုဖိုးမောင် ( happy cloud ) တို့ရဲ့ အမှတ်တရ ဆုံးမစာပါ။ )
လူကြီးတွေ ဆိုတတ်ကြတဲ့ စကားတစ်ခွန်းရှိပါတယ် “နွားကောင်း ချောင်းရောက်ရင်သိလိမ့်မယ်တဲ့”။
အဟဲ.... ကြားဖူးကြမလားမသိပါဘူး.. “တောက်လိုက်ရင်တော့ ဟုန်းကနဲ ငြိမ်းလိုက်ပြီဆိုရှဲ....” ဆိုတဲ့ စကားလေးကိုရော...။
ကျနော့်ညီမလေး KPZ က အကိုရေ ဘလော့(၂)နှစ်ပြည့် စာလေးရေးပေးစမ်းပါလို့ပြောတော့။ သူ့ကိုပြောချင်နေတဲ့ စကားတွေ ရေးခွင့်ရတော့မယ်ဆိုတာတွေးမိလို
တစ်ခါက ဖတ်ဖူးတဲ့ ဂန္ဓီကြီးနဲ့ ပတ်သတ်တဲ့ ပုံပြင်လေးကို သတိရမိလိုက်သဗျ။
ဒီလိုဗျ.... တခါတုန်းကပေါ့ ဂန္ဓီကြီးဆီကို အမျိုးသမီးတစ်ယောက်က ကလေးတစ်ယောက်လက်ဆွဲပြီး ရောက်လာသတဲ့...။ နောက် ဆရာကြီး ကျမသားလေး ဆုံးမပေးပါ အချိုတွေ အရမ်းစားလွန်းလို့ ရောဂါရမှာစိုးရိမ်လို့ မစားအောင်တားပေးပါလို့ လာပြောသတဲ့...။ အဲဒီတော့ ဂန္ဒီကြီးက ကလေးကို ဘာမှမပြောပဲ ကလေးအမေကို နောက်တစ်ပတ်မှာလာခဲ့ပါလို့ ပြန်ပြောလိုက်တယ်...။ နောက်တစ်ပတ်လာတဲ့ အချိန်ကြတော့ ဂန္ဓီကြီးက ကလေးကို သေချာကြည့် ပြီး “သားအချိုတွေ မစားနဲ့တော့” လို့ အေးအေးဆေးဆေးပြောလိုက်သတဲ့။ ကလေးလေးကလည်း “ဟုတ်ကဲ့” လို့ပြောပြီး နောက်မစားဘဲ နေဖြစ်သွားသတဲ့။ နောက်ပိုင်း ကလေးအမေနဲ့တွေ့တော့ ဂန္ဓီကြီးက ကလေးအမေကို မေးတယ် သူဘာကြောင့် ကလေးကို ချက်ချင်း မပြောဘဲ တပတ်အစောင့်ခိုင်းရသလဲဆိုတာသိလာ
အင်း အဲဒါလေးသတိရတော့ ကျနော်လည်း သူ့ကိုပြောချင်တဲ့ စကားတွေ ပြောဖို့ တွန့်သွားတယ်ဗျ...။ သို့သော်လည်းပေါ့ဗျာ... ကျနော်က ဂန္ဓီမဟုတ်သလို သူကလည်း ကလေးမဟုတ်လေတော့.... သာမန်လူတွေလို သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်းလေးတွေ ပြောလိုက်အုန်းမှဆိုပြီး ရေးပေးလိုက်သဗျ။
ကျနော်နဲ့ KPZ သိခဲ့တာကသူ့ရဲ့ အော်တိုကတ်ဘလော့စပေါ့လေးကတဆင့်
ခုနောက်ပိုင်းတော့ သူဟိုယောင်ယောင်ဒီယောင်ယောင်နှ
နောက်မှ သူ့မှာကိုယ်ရေးကိုယ်တာ အခက်အခဲတွေ ရှိနိုင်တယ်ဆိုတာတွေးမိလိုက်ပါ
ညီမလေး KPZ ဘလော့၂နှစ်ပြည့်မှာ အသိပညာတွေ ဆထက်တပိုးတိုးလို့၊ အခြားသူများကိုလည်း ဝေမျှနိုင်သော ပညာပြည့်ဝသူ တစ်ယောက်ဖြစ်စေဖို့ ဆန္ဒပြုလိုက်ရပါတယ်...။
ဖိုးမောင်(happycloud)
သူ့ကို ..ဆူတာပါပဲ...။ ဖိုးမောင်ကပါသူ့ကို ထပ်ဆူတော့လည်း ခပ်ပြုံးပြုံးလုပ်ပြီးနေတယ်...။ ကိုယ့်အပြစ်ကိုယ်သိတဲ့ ကျောင်းသားလေးတစ်ယောက်လိုပါပဲ..
ပြောလည်းပြောပြမှဖြစ်မှာ မို့ပါ။
သူပျက်ကွက်တာတွေထဲမှာ အကြီးမားဆုံးက အပြည့်အ၀ sharing မလုပ်နိုင်တာပါပဲ...။ ကျွန်တော်တို့က အစ်ကိုတွေဆိုပေမယ့်...သူ့နောက်မှ online ရောက်လာကြသူတွေပါ...။ ညီမလေးက အများကြီး ကြိုးစား ...။ သိတာလေးတွေကို မချွင်းမချန်မျှဝေနေတာ လေးစားစရာပါပဲ...။
သူ့မှာ လူမှုရေး..စီးပွားရေး တော်ရုံပြဿနာ ရှိရင်တောင် မပျက်ကွက်ပဲ... စာကောင်းလေးတွေရေးတယ်...။ မျှဝေတယ်လေ။ သူ့အကျိုးတစ်စုံတစ်ရာ မရှိတာ မြင်နေရတာပါပဲ...။
ဒါကလဲ ကျွန်တော်တို့ ဘက်ကမြင်တာပါ...။ သူ့ဘက်ကရော....အကျိုးအမြတ်လား..
ပီတိဖြစ်ရတယ်...။ ဘာသာရေးအရ..ကောင်းတဲ့ အကျိုးတွေ ဆုမတောင်းပဲရတာပေါ့နော်...။
မိန်းခလေး တစ်ယောက်မှာ လေးစားစရာကောင်းလှတဲ့ မျှဝေစိတ်...မျိုးချစ်စိတ်တွေက အရွယ်နှင့်မလိုက်အောင်ပါပဲ...။
ကျွန်တော်ကတော့ အဲဒီစိတ်တွေကို ပန်းများပွင့်စေသူရဲ့  စိတ်လို့ပဲပြောချင်တယ်...။ ဒီစိတ်လေးတွေ ကိုပိုပြီး ပွင့်လန်းစေဖို့..နောက်ထပ်ထပ်ြ
မွေးဖွားလာဖို့ ... ညီမလေးရဲ့ အားထုတ်မှုတွေက နှစ်နှစ်ပြည့် ခါနီးမှာ ပင်ပန်းတယ် ထင်ပါရဲ့  ... မလှုပ်တော့ဘူးလေ...။
ဒါပေမယ့် ရှားမီးခဲလေးပဲ ဆိုတော့ နောက်ထပ်တောက်ဖို့ ခဏအားယူနေတာပါ...။ အဓိကက ပေးတာတွေလာယူကြတာတော့ ဟုတ်ပါပြီ...။ ရသွားရင်ကော ပြန်မျှကြရဲ့လား...။ အမြဲတမ်း ကိုယ်ပဲယူနေမယ့်အစား...။ ကိုယ်ကလဲ ပြန်ပေးနိုင်မယ့်သူ...။
ပန်းများကိုပွင့်စေသူအဖြစ် တစ်ခါတစ်လေလောက်လုပ်ကြည့်စေချင်
ဒါမှ တစ်ယောက်ပန်းသွားရင် နောက်လူတွေရှိနေမှာလေ...။ အဲဒီလူကလဲ နောက်လူတွေကိုကြည့်ပြီး... ပီတိများနဲ့ အားတက်လို့... နောက်တစ်ခါ ပန်းလေးတွေပျိုးဖို့ အားတက်လာမှာပါ...။
ဒါကြောင့် ...ညီမလေး KPZ မှာ အပြစ်ရှိတာ ကျွန်တော်တို့တစ်တွေ လဲ ..ယူတာလဲယူ..ကူပြီးတော့လဲ ပန်းလေးတွေပျိုးကြမယ်ဆိုရင်ဖြင်
ဒီပန်းခင်းလေး ဟာလဲ အပြစ်ကင်းစွာနဲ့ ..အမြဲရှင်သန်နေမှာပါ...။
အရှေ့ဘက်ကနေထွက်လို့ အနောက်ဘက်ကိုနေ၀င်ကာ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးရင်း ခုဆို ကျမဒီဘလော့လေးကို အသက်သွင်း ပျိုးထောင်ခဲ့တာ (၂)နှစ်ဆိုတဲ့ ကာလကိုတောင် လွန်မြောက်ခဲ့ပါရောလား။ ဒီတစ်နှစ်လုံးမှာ ဘလော့အတွက် ဘာမှ ဖြစ်ဖြစ်မြောက်မြောက် စာမရေးဖြစ်တာကိုလည်း ကိုယ့်ကိုကိုယ် သတိထားမိပါတယ်။ ဒါပေမယ့် စာရေးမယ်လို့ အကြိမ်ကြိမ် အတွေးတွေ စိတ်ကူးတွေ အစီအစဉ်တွေ ပေါ်ပေါက်လာခဲ့ပေမယ့် စာမျက်နှာပေါ်ကို ရောက်မလာခဲ့တာ ကျမရဲ့ ညံ့ဖျင်းမှုကြောင့်ပဲ နေမှာပါ။
သင်ကိုယ်တိုင်က စိတ်ဝင်စားခြင်းမရှိသော
အကြောင်းအရာကို ဘယ်တော့မှ စာမရေးပါနှင့်
စာတစ်အုပ်ရေးဖို့ အကြံရပေမယ့် မရေးရင်
မဖြစ်ဟု သင်ကိုယ်တိုင် ခံစားမလာပဲ မရေးပါနှင့်
( တော်စတ္တိုင်း)
ကျမကိုယ်တိုင်က စိတ်ဝင်တစားရှိသော တချို့သော အကြောင်းအရာတွေကို စာမျက်နှာပေါ်သို့ တင်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် ဖြစ်မလာခဲ့သလို တချို့သော အကြောင်းအရာတွေကို ရေးနေရင်းမှ ဘာမှဆက် မဖြစ်လာတာကတော့ ကျမ မရေးပေမယ့်လည်း ရေးထားနေပီးသားတွေ ရှိနေတာကြောင့်လို့ ပြောရင် ကျမကို ဆင်ခြေပေးတယ်လို့ ထင်ကြမှာပဲနော်။ ဒါပေမယ့် မထင်မှတ်ထားတဲ့ အကြောင်းအရာ ပေါင်းစုံနဲ့ ကျမအမြဲတစ်စေ ရှုပ်နေတတ်ပါတယ်။
ဒီဘလော့လေးကို အမှတ်မထင် ပစ်ထားမိရင်း တစ်နေ့ ကျမစီဘောက်မှာ “ အက်ဒမင်ကိုယ်တိုင်ကတောင် ဂရုမစိုက်တဲ့ ဘလော့.. စေတနာထားတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား” ဆိုတဲ့ စာတစ်ကြောင်းကို တွေ့လိုက်ရတဲ့ အချိန်မှာ ကျမ တော်တော် တုန်လှုပ်သွားသလို တော်တော်လည်း စိတ်မကောင်း ဖြစ်မိပါတယ်။
ကျမဘလော့လေးကို ဘယ်သူမှ အထူးတလည် စိတ်ဝင်စားမှုမရှိလောက်ပါဘူးလို့ ကျမထင်နေတာ တကူးတက အားကိုးတကြီးလာမေးမြန်းတဲ့သူတွေ ရှိသေးတယ်ဆိုတာကို သိလိုက်ရလို့ အံသြ တုန်လှုပ်မိတာအမှန်ပါ။ ဒီအတွက် ကျမဘက်က ပျက်ကွက်ခဲ့တယ်ဆိုရင် စာဖတ်သူတွေကို ဒီနေရာက တစ်ခါတည်း တောင်းပန်ပါရစေနော်။
နောက်တစ်ခုက ကျမစေတနာမရှိလို့ စိတ်မပါတော့လို့ ပစ်ထားတယ်လို့ အထင်မှားနေတာကို စိတ်မကောင်းဖြစ်မိတာပါ။ တစ်ကယ်တော့ ကျမ စီးပွါးရေး၊ လူမှုရေးတွေအပြင် အခြား အကြောင်းအရာမျိုးစုံနဲ့ တစ်ပတ်နဲ့ တစ်ပတ်၊ တစ်လနဲ့ တစ်လ မထပ်ရလေအောင် ရှုပ်နေတတ်ပါတယ်။ စာပြန်ရေးဖို့လည်း ကျမ အတန်တန် အားမွေးနေပါတယ်။ စိတ်ဓါတ်ကို တွန်းအားပေးနေတဲ့ ကိုဖိုးမောင် ၊ ကိုပါကြီးတို့ကိုလည်း အားနာမိပါရဲ့ …..။
ရာသီတွေ ဘယ်လိုပဲပြောင်းပါစေ…၊ အချိန်တွေ ဘယ်လိုပဲ ရွှေ့လျားနေပါစေ …၊ ဘယ်လိုအခြေအနေမျိုးတွေပဲ ဖြစ်နေပါစေ…၊ အပြောင်းအလဲတွေ မည်မျှပင် ဖြစ်နေပါစေ…၊ ဒီဘလော့လေးအပေါ်ထားတဲ့ ကျမကေပီဇက်ရဲ့ စေတနာ၊ စိတ်ဓါတ်၊ ဖြစ်တည်လိုမှုတွေကတော့ ပြောင်းလဲမှာ မဟုတ်သလို ဒီဘလော့လေးနဲ့ ကေပီဇက် ထာဝရဒွန်တွဲ တည်ရှိနေမှာကတော့ အမှန်ပါ …။
ဘလော့ဂ်စလုပ်ကတည်းက အခုအချိန်ထိ အားပေးလာကြတဲ့ စာဖတ်သူတွေ၊ အခက်အခဲ ဖြစ်သူတွေ နှင့် ကျမအခက်အခဲ ဖြစ်တိုင်း အကူအညီပေးတတ် ကြတဲ့သူငယ်ချင်းတွေ၊ နောက် လိုအပ်ချက်တွေကို ဖြည့်ဆည်း အကြံဥာဏ်ပေးတတ်ကြတဲ့ သူများအားလုံးကိုလည်း အထူးကျေးဇူးတင်တယ်ဆိုတာ ပြောရင်း နှစ်နှစ်ပြည့် သက်တမ်းနှင့် အတူ ကျမအခုလိုဖြစ်လာအောင် လုပ်ချင်တာလုပ်ခွင့် ပြုခဲ့သော မိဘများ၊ ကျမတတ်ကျွမ်းသောပညာဖြင့် ပရော်ဖက်ရှင်နယ်ဖြစ်အောင် သင်ကြားပြသပေးခဲ့သော သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအားလုံးကိုလည်း ရိုသေလေးစားစွာ ဦးတင်လိုက်ပါတယ်…..။





