Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

A Simple Guide: 12 steps to Mastering AutoCAD

2 comments - Post a comment


ကျမ အချိန်ပိုင်း စာသင်တဲ့ အလုပ်ကို လုပ်လိုက်တဲ့ အချိန်မှာ တစ်ချို့သော သူတွေဟာ အော်တိုကဒ်ကို သင်ကြားတဲ့ အခါမှာ အခက်အခဲလေးတွေ ရှိနေတာကို သတိပြုမိပါတယ်။ သူတို့ဘာကြောင့် ခက်ခဲနေကြတယ် ဆိုတာကိုတော့ ကျမလည်း အတိအကျကြီး သေချာ မသိပေမယ့် ဘယ်လို မှတ်ယူနာခံရမယ်ဆိုတာကို သိတယ်ဆိုရင် လွယ်ကူတယ် ဆိုတာကိုတော့ ကျမ သေချာတပ်အပ် ပြောနိုင်ပါတယ်။ ဘယ်လို သင်ယူမှတ်သား သင့်တယ်ဆိုတာကို ကျမ ဥာဏ်မီသလောက် နည်းနည်းပြောကြည့်ပါရစေ။
အော်တိုက်ကဒ်ကို သင်ယူဖို့ နည်းလမ်းပေါင်းစုံ ရှိပါတယ်။ ဒါပေမယ့် အလျင်တလို လုပ်စရာတော့ မလိုပါဘူး။ ဘာမှ မရှိတဲ့ခွက်ထဲကို မြန်အောင် ရေတွေ ဝေါကနဲ လောင်းထည့်လိုက်မယ်ဆိုရင် ရေက ခွက်ထဲ အားလုံးမ၀င်ပဲ လျှံကျတတ်ပါတယ်။ ရေကိုသာ ဖြည်းဖြည်းချင်း လောင်းချမယ်ဆိုရင် ခွက်ထဲကို အပြည့်အ၀ ရောက်မှာပါ။ ဒီလိုသဘောတရားအတိုင်းပါပဲ ဦးနှောဏ်ထဲကို အော်တိုကဒ် သဘောတရား အခြေခံ အချက်အလက်တွေ ထည့်တဲ့အခါ အလျင်စလို သင်ကြားခြင်းထက် ဖြည်းဖြည်းမှန်မှန် သင်ကြားခြင်းက ပိုမို ထိရောက်မှာပါ။
1.Getting Started
ပထမဦးစွာ စတင်သင်ယူသူဟာ အော်တိုက်ကဒ်နဲ့ အပြန်အလှန် ဆက်သွယ် ထိန်းချုပ် အသုံးပြုနိုင်ဖို့ ကြိုးစားရမှာပါ။ အခု ဆိုရင် AutoCAD interface တွေဟာ new users အတွက် အင်မတန် ရှင်းလင်းလွယ်ကူလာပါပီ။ အရင်က 2009 Version မတိုင်ခင် အသုံးပြုခဲ့ကြတဲ့ User တွေဟာ Autocad 2009 မှာစတင်ပါလာတဲ့ Ribbon တွေကို Working Space ကိုနေရာယူစေတယ် ရှုပ်ထွေးတဲ့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ Ribbon တွေကို အသုံးပြုလေ့ မရှိပဲ ဟိုးအရင်က အသုံးပြုလာခဲ့တဲ့ ရင်းနှီး ကျွမ်းဝင်ပီးသား ဖြစ်တဲ့ AutoCAD Classic Workingspce Design ကိုသာ အသုံးပြုလေ့ ရှိကြပါတယ်။ ဒါပေမယ့် အခုမှ စတင်သင်ကြားတဲ့ New User တွေအတွက်ကတော့ ဒီ Ribbon တွေက လေ့လာမှုအတွက် ပိုမိုလွယ်ကူ လျင်မြန်စေဖို့ ကူညီနိုင်တာ အမှန်ပါပဲ။ Microsoft Office 2007 ကို ရင်းနှီးပီးသား လူဆိုရင်တော့ ပိုပီး လျင်မြန်စွာ ကျွမ်းဝင်လွယ်မှာပါ။ ဒီ Ribbon မှာ အော်တိုကဒ်ကို အသုံးပြုပီး ပုံဆွဲရန် အရေးအကြီးဆုံးတွေဖြစ်တဲ့ Draw Tools, Modify Tools နဲ့ အခြားသော Tools တွေအားလုံးကို လွယ်ကူစွာ တွေ့ရှိနိုင်ပါတယ်။
အော်တိုကဒ်ရဲ့ အမည်နာမ အခေါ်အဝေါ်တွေကို မှတ်သားပီးပီ ဆိုရင်တော့ စတင်သင်ကြားသူဟာ Navigation Tools တွေဖြစ်တဲ့ Pan, Zoom In , Zoom Out , Zoom Extend ဆိုတဲ့ အရာတွေကို လျင်မြန် ကျွမ်းကျင်အောင် ပထမဦးစွာ လေ့လာသင့်ပါတယ်။ ဒါမှာသာ နောက်ထပ် အရေးကြီး Command တွေကို သင်ကြားတဲ့ အခါ လျင်မြန်စွာ သင်ကြားနိုင်မှာပါ။
အဲဒီ့နောက် သင့်လျော်သော Template တစ်ခုနဲ့ ပုံအသစ်တစ်ခုကို စတင်ဖန်တီးဖို့ ကြိုးစားကြည့်နိုင်ပါပီ။ Metric Units တစ်ခုနဲ့ ဆွဲမယ့် Drawing တစ်ခုကိုတော့ Imperial Template နဲ့ အသုံးပြုဖို့ မကြိုးစားဖို့တော့ အကြံပေးလိုပါတယ်။
2. Drawing Tools
  AutoCAD interface တွေ  navigation tools တွေ ကိုရင်းနှီး ပြီးပီ ဆိုရင်တော့ အော်တိုကဒ်ပုံတွေဆွဲဖို့ Tools တွေကို စတင်လေ့လာဖို့ အချိန်ကျလာပါပီ။ ကျမသိသလောက် သင်ကြားပေးတဲ့ သူတွေအားလုံးဟာ သင်ယူသူတွေကို ဘယ်လိုဘယ်ပုံ အသုံးပြုရမယ်ဆိုတဲ့ လုပ်ဆောင်ပုံ အဆင့်ဆင့် Nature တွေကို တစ်ခုချင်းစီ သင်ကြားပေးလိုက်မှာပါ။ သင်ကြားနေတုန်းမှာတော့ အဆင်ပြေနေပေမယ့် Command တွေအတော်များများကို သင်ကြားပီးတဲ့ ရက်အနည်းငယ် နောက်မှတော့ သင်ယူသူတွေဟာ Command တွေရဲ့ ဆောင်ရွက်ပုံ အဆင့်ဆင့်တွေကို မှတ်မိဖို့ ခက်ခဲလာတာကို တွေ့ရပါတယ်။
အမှန်တစ်ကယ်တော့ Command တွေရဲ့ ဆောင်ရွက်ပုံတွေဟာ ရိုးရှင်းလွယ်ကူပါတယ်။ ဒါပေမယ့် ဘာလို့ မမှတ်မိလဲ??? အဖြေကတော့ ရှင်းရှင်းလေးပါ.. အလွတ်ကျက်မှတ်လို့ပါ။ အလွတ်ကျက်မှတ်ပီး ဆွဲတာဟာ အော်တိုကဒ်ကို အသုံးပြုဖို့ လွန်စွာမှားယွင်းတဲ့ နည်းလမ်းတစ်ခုပါ။ Command တိုင်းမှာ လုပ်ဆောင်ပုံ အဆင့်ဆင့်ကို လမ်းညွှတ်ပြသပေးတဲ့ နေရာတစ်ခု ရှိပါတယ်။ ဒါကတော့ Command Line ပါ။
Command Line ဟာ AutoCAD User တွေအတွက် လမ်းညွှန် ဆိုင်းဘုတ်တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ သူဟာ AutoCAD Userနဲ့ အပြန်အလှန် မေးခွန်းတွေ မေးမြန်းရင်း အသုံးပြုသူကို ညွှန်ကြား ပြသ ပေးသွားတတ်ပါတယ်။ Simple English ကိုဖတ်နိုင်တဲ့ User တစ်ယောက် အနေနဲ့ Command Line ကိုဖတ်ရုံနဲ့တင် အော်တိုကဒ်ကို အလွယ်တကူ အသုံးပြုနိုင်မှာပါ။
3. Precise Input
ဆက်လက်ပီး လေ့လာသင့်တာက Command Lineနဲ့ အပြန်အလှန် အမေးဖြေတွေ လုပ်တဲ့အခါ အသုံးပြုသူဘက်ကနေ တိကျမှန်ကန်တဲ့ အချက်အလက်တွေ ပေးဖို့ပါ။ ကိုယ့်ဘက်က ပေးလိုက်တဲ့ အချက်အလက်မှားနေရင် အော်တိုကဒ်ရဲ့ အဖြေ Output ဟာလည်း တစ်သွေမတိမ်း မှားယွင်းနေမှာပါပဲ။ တစ်ချိန်တည်းမှာပဲ Coordinate System တွေအကြောင်းနဲ့ တိကျတဲ့ Geometry တွေဖြစ်ဖို့ SNAP တွေအကြောင်းကိုလည်း မှတ်သားလေ့လာရမှာပါ။
4. Modify Tools
ဖန်တီးနိုင်တဲ့ အခြေခံ Command တွေကို သိပြီးတဲ့နောက်မှာ ဆက်လက်လေ့လာသင့်တာက ပြုပြင်ပြောင်းလဲ ဖန်တီးနိုင်တဲ့ Modify Tools တွေကို ဆက်လက်လေ့လာ ကြရအောင်နော်။ Toolbar တွေရဲ့ သင်္ကေတ ICON လေးတွေပေါ်ကို MOUSEလေး တင်လိုက်ရင် ရှင်းလင်းချက် အတိုချုပ်လေးတွေကို မြင်ရမှာ ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ တစ်ခါတစ်လေ မမှတ်မိတော့တဲ့ Command တွေကို ပြန်လည် မှတ်မိစေမှာပါ။
ဒါမှမဟုတ် ကီးဘုတ်မှ F1 ကီးကိုနှိပ်လို့ Help File မှာ သိချင်တာကို ရှာဖွေနိုင်ပါတယ်။ ဒါဟာလည်း မေ့နေတဲ့ Command တွေကို ပြန်လည် မှတ်မိစေတဲ့ နောက်ထပ်နည်းလမ်းတစ်ခုပါပဲ။
5. Object Selection
Modify Toolbar တွေကို သေချာ နားလည်ပီးတဲ့နောက် Object တွေကို ရွေးချယ်တဲ့ နည်းလမ်းတွေပါ။ Mouse နဲ့ Pick Up လုပ်ပီးပဲ ရွေးချယ်မလား။ Window နဲ့ Left Up to Right Down ဒါမှာမဟုတ် Right Down to Left Up လုပ်ပီး ရွေးချယ်မလား ဆိုတာကို ဆုံးဖြတ်နိုင်စေဖို့ သူ့ရဲ့ Nature တွေကို သေချာ သိအောင် လေ့လာသင့်ပါတယ်။


6. Annotation and Styles
 အထက်ပါအဆင့်အတိုင်း လေ့လာခဲ့တယ်ဆိုရင် ခုလောက်ဆိုရင် AutoCAD ပုံတွေကို ဆွဲသားနိုင်တဲ့အနေအထားကိုေ၇ာက်လောက်ပါပီ။ ဒါဆိုရင် နောက်တစ်ဆင့် အနေနဲ့ Dimension ဒီဇိုင်းတွေ Scale စတာတွေကို လေ့လာသင့်ပါတယ်။ ဒါ့အပြင် Drawing ကို Presetation တစ်ခုအသွင် ဖန်တီးနိုင်သော Hatch Design အပြင် ဖြည့်စွက်အဖြစ် Table, Text စတာတွေကို တစ်ဆင့်ချင်း လေ့လာသွားပါ။                     
7. Drawing Management
AutoCAD ကို ပြုပြင်ဖန်တီးပေးနိုင်တဲ့ အဆင့်ကို ရောက်ပီဆိုရင် နောက်တစ်ဆင့် အနေနဲ့ကတော့ မိမိဆွဲသားထားတဲ့ ပုံကို Efficient ဖြစ်အောင် လုပ်နိုင်ဖို့ ကြိုးစားရမှာပါ။ အဲဒီ့အတွက် Layer, Layout, Sheet sets အစရှိတဲ့ Command တွေကို သိဖို့ လိုအပ်လာပါတယ်။
8. Reusable Content
နောက်ထပ်အဆင့် အနေနဲ့ကတော့ မိမိအသုံးပြုမှုများတဲ့ Object တွေကို Library အသွင်ဖန်တီး ပြုလုပ်ထားပီး မိမိ လိုအပ်ချိန်မှာ ခေါ်သူအသုံးပြုနိုင်အောင် ပြုလုပ်ရန် လိုအပ်ပါတယ်။ Block, Insert , Design စတာတွေအပြင် Pallets Box တွေကပါ ထိုသို့ ပြုလုပ်နိုင်ရန် ကူညီမှာ ဖြစ်ပါတယ်။


9. Manage your Standard
AutoCAD User တိုင်း သူတို့ကိုယ်ပိုင် Standard Format Setting လေးတွေကိုယ်စီ ရှိကြပါတယ်။ ဒါဟာ ကောင်းတဲ့ အလေ့အကျင့်တစ်ခုပါ။ Template, Text Style, Diension Style, Plot Setting စတာတွေကို မိမိစိတ်ကြိုက် လိုအပ်သလို ပြုလုပ်ဖန်တီးထားသော Standard Format လေးတစ်ခုရှိမှာပါ မိမိ၏ လုပ်ငန်းတွက် လွယ်ကူ လျှင်မြန်မှာ ဖြစ်သလို မိမိ နှင့်အတူတူ လုပ်ကိုင်တဲ့သူတွေအတွက်လည်း အဆင်ပြေမှာ ဖြစ်ပါတယ်။
10. Design Collaboration
 အော်တိုကဒ်နဲ့ အသက်မွေးဝမ်းကျောင်းပြု အလုပ်လုပ်ကိုင်သူ တစ်ယောက်ဟာ လုပ်ငန်းတစ်ခုကို မိမိတစ်ဦးတည်း ဆောင်ရွက်လို့ မရနိုင်ပါဘူး။ အခြားသော လူတွေနဲ့ မလွဲမသွေ တွဲဖက် အလုပ်လုပ်ကိုင် ရမှာပါ။ ထိုအခါ မိမိဆွဲနေသော ပုံတွင် အခြားတစ်ယောက်မှ သူလုပ်ဆောင်မည့်အပိုင်းကို ရေးဆွဲရန် မိမိလုပ်ဆောင် ပီးစီးမည်း အချိန်အထိ စောင့်နေရမည် ဆိုပါက အချိန်ဖြုန်းမှု သက်သက် တစ်ခုသာ ဖြစ်ပါတယ်။ တစ်ပြိုင်နက်တည်းမှာ ပုံတစ်ပုံကို မိမိနှင့်သက်ဆိုင်သော အစိတ်အပိုင်းတွင် ဆွဲသားနိုင်ရန် XREF Command ကိုလေ့လာရမှာပါ။                                       
11. Develop Your Own Workflow
အော်တိုကဒ်ကို သင်ကြားတဲ့အခါမှာ နည်းပြတွေဟာ သူကျင်လည်ရာ အလုပ်ပတ်ဝန်းကျင်မှ အရာတွေကို အခြေခံတဲ့ Workflow နဲ့ သင်ကြားပြသလေ့ရှိပါတယ်။ အော်တိုကဒ်ဟာ ယေဘုယျကျတဲ့ application တစ်ခုပါ။ သင့်ရဲ့ Instructor ဟာ Architecture Field ထဲက ဖြစ်ပီး သင်ဟာ Mechanical Field ထဲကဆိုရင် တစ်ခါတစ်ရဲ့ သူ့ရဲ့ Workflow ဟာ သင့်အတွက် သိပ်ပီး အဆင်မပြေသလို ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အော်တိုကဒ်ကို အချိန်အနည်းငယ်ကြာကြာ အသုံးပြုပီးပီ ဆိုရင်တော့ ကိုယ့်ရဲ့ ကိုယ်ပိုင် အယူအဆ Workflow ကို ပြုလုပ်နိုင်ရပါမယ်။ မိမိ၏ သင်ကြားပြသပေးသောဆရာ ဖတ်မှတ်မိသော စာအုပ်များ၏ လွှမ်းမိုးမှုများမှ ရှောင်ထွက်ကာ မိမိကိုယ်ပိုင် အတွေးအခေါ်များဖြင့် ပြုပြင်ဖန်တီး နိုင်မှသာလျှင် Perfect Drafter ကောင်းတစ်ယောက် ဖြစ်လာနိုင်မှာပါ။
12. Keep Practicing
Practice makes perfect  ဆိုတဲ့စကားကို ကြားဖူးကြမှာပါ။ ဒီဆိုရိုးစကားဟာ အော်တိုကဒ် အသုံးပြုမှုအတွက် ၁၀၀ ရာခိုင်နှုန်း မှန်ကန်တဲ့ စကားတစ်ခုပါ။ အော်တိုကဒ်နဲ့ ရင်းနှီးကျွမ်းကျင်ဖို့အတွက် လေ့ကျင့်မှုတွေ အကြိမ်ကြိမ် ပြုလုပ်ရမှာပါ။ Command တွေကို သိယုံနဲ့ AutoCAD ဆွဲတတ်ပီလို့ မယူဆသင့်ပါဘူး။ Project တစ်ခုကို သေချာ ဆွဲနိုင်မှသာ အော်တိုကဒ် ဆွဲတတ်ပီလို့ ယူဆ သင့်ပါတယ်။ လက်တွေ့ဆွဲစရာ Project မရှိပါကလည်း အခြားသော နမူနာ ပုံတွေကို ရှာဖွေ လေ့ကျင့် သင့်ပါတယ်။ ထိုသို့ လက်တွေ့ဆွဲသားမှသာ ပုံဆွဲရာတွင် ကြုံတွေ့တတ်သော အခက်အခဲများကို တွေ့ရှိပီး ဖြေရှင်းမည့် နည်းလမ်းများကိုလည်း ကြံဆခြင်းဖြင့် Profession Drafter တစ်ယောက်အဖြစ် လျင်မြန်လွယ်ကူစွာ ရောက်ရှိမှာ ဖြစ်ပါတယ်။


 


 

Textures For 3D Rendering

No Comment - Post a comment

လူတွေက အစားကောင်းကောင်း စားရရင် ချစ်ခင်တဲ့ သူတွေကို သတိရတတ်ကြတယ်တဲ့။
ကျမကတော့ ဗဟုသုတ ရစေတဲ့ ဘလော့လေးတွေ၊ ဆိုဒ်လေးတွေ ဖတ်မိတွေ့မိတဲ့ အခါ ကျမ မိတ်ဆွေ အပေါင်းအသင်းတွေကို သတိရမိပါတယ်။
ဒီနေ့လည်း ဘလော့တွေ လျှောက်မွှေရင်း AutoCAD Render သမားတွေ၊ 3D Max Render သမားတွေ၊ Sketch Up Render သမားတွေအတွက် အသုံးလိုလေ့ရှိတဲ့ Texture Materials ကောင်းကောင်းတွေ ရှိတဲ့ ဘလော့လေးတွေပါ။

http://cgtextures.com/













http://www.highresolutiontextures.com/

 

အော်တိုက်ကဒ် ဖျက်ပိုး

2 comments - Post a comment

သီးနှံတွေကို ပျက်စီးအောင် တိုက်ခိုက်နေတဲ့ အရာတွေကို သီးနှံဖျက်ပိုးလို့ ခေါ်ရင် အော်တိုကဒ်ကို ထိခိုက်စေတဲ့ တိုက်ခိုက်တဲ့ အရာကို အော်တိုကဒ်ဖျက်ပိုးလို့ ခေါ်နိုင်တာပေါ့လေ။ ခုနောက်ပိုင်း နည်းပညာတွေ အံ့မခန်းတိုးတက် လာတာနဲ့အမျှ ဆိုးကျိုးတွေလည်း ကပ်ပါလာတာ အထင်အရှားပါ။
အခု ဗိုင်း၇ပ်ကတော့ အော်တိုကဒ်ကို ထိခိုက်စေတဲ့ ဗိုင်း၇ပ်တစ်မျိုးပါပဲ။ အဲဒီ့ကောင် နာမည်က acad.lsp တဲ့....သူက Auto cad scripting Language ထဲကို ၀င်ရောက်နေ တတ်ပါတယ်။ အဲဒီ့ဗိုင်းရပ်ကို text file တစ်ခုအနေနဲ့ (.dwg)ထဲကို ၀င်ရောက် လာပါလေရော။ ဒီဗိုင်းရပ်ကို Auto cad start up function နဲ့ လုပ်ထားတာပါ။ ဒီကောင်က အော်တိုကဒ်ဖိုင်ထဲမှာ ၀င်ပုန်းနေတတ်ပြီး သူရှိနေတဲ့ အော်တိုကဒ်ကို ဖွင့်လိုက်တာနဲ့ သူက ပျော်ပျော်ကြီး အသက်ဝင်လာတော့တာပဲ။ အဲဒီ့ အချိန်ကစပြီး  အော်တိုကဒ်ထဲက Pan, Zoom, Exref, X bind, Express Toolbar စတဲ့ဟာတွေ သုံးလို့ မရတော့ဘူး ဖြစ်ပါလေရော ။ ကဲ.. သူငယ်ချင်းတို့ အော်တိုကဒ် ပုံတွေဆွဲတဲ့ အခါ အဲလို Command တစ်ချို့ သုံးမရဘူး ဖြစ်နေပီ ဆိုရင်တော့ ဗိုင်းရပ် ကိုက်နေတာ သေချာနေပီနော်။ နောက်တစ်ခု အော်တိုကဒ် ဖိုင်တစ်ခုကို ဖွင့်လိုက်တဲ့ အခါ မေးလေ့မေးထ မရှိတဲ့ မေးခွန်းတွေ မေးပါတယ်တဲ့။ အဲဒီ့အခါ ဘာကိုမှ ပြန်မဖြေပဲ အဲဒီ့ဖိုင်ကို ပြန်ပိတ်လိုက်ပါ။ ( ကေပီဇက်လည်း မကြုံဘူးတော့ ဘာတွေမေးတယ် ဆိုတာတော့ သေချာမသိဘူးနော်။ စမ်းလည်း မစမ်းသပ်ရဲဘူး ။ ကြုံဘူးတဲ့လူရှိရင် ပြောပါနော်.. ဘာတွေ မေးတယ်ဆိုပြောပြပါနော်။ )
System Properties ကို Disable လုပ်ပါ။

လက်ရှိဖွင့်ထားတဲ့ အော်တိုကဒ်ဖိုင်တွေ အားလုံးကို ပိတ်လိုက်ပါနော်။ သူငယ်ချင်းစက်မှာ ရှိတဲ့ AntiViru Software တစ်ခုခုကို Full Scan လုပ်လိုက်ပါ။ စက်မှာပေါ်လာတဲ့ Detected File တွေအားလုံးကို ဖျက်ပြစ်လိုက်ပါ။ ဒါဆိုရင် အဆင်ပြေလောက်ပါပီ......
( ဒီပို့ရေးဖြစ်အောင် အချက်အလက်တွေ ပေးပြီး ရေးဖို့တိုက်တွန်းတဲ့ ကိုသန့်ဇင်ဦးအား အထူးပင် ကျေးဇူး တင်ရှိပါတယ်နော်)

 

AutoDesk Inventor

1 comments - Post a comment

အော်တိုကဒ်နဲ့ ပတ်သတ်ပီး ကျမရေးခဲ့သမျှတွေမှာ Mechanical သမားတွေနဲ့ ပတ်သတ်ပီး သိပ်မပါတာ ကျမအခုမှ သတိထားမိခဲ့တယ်။ အခု AutoCAD Inventor နဲ့ ပတ်သတ်တာလေးတွေ လိုချင်တယ်ဆိုလို့ ကျမမှာ ရှိသမျှလေးကို မျှဝေပေးလိုက်ပါတယ်။ AutoCAD Inventor ဆိုတာဟာ Mechanical အစိတ်အပိုင်းပုံတွေကို 3D Drawing တစ်ခုအဖြစ် လှပသေသပ်စွာ ဖန်တီးနိုင်တဲ့ ဆော့ဝဲလ် တစ်ခုပါပဲ။ သူ့ကို လေ့လာချင်တယ်ဆိုရင် Tutorial တွေကို ဒီဆိုဒ်မှာ သွားရောက်လေ့လာနိုင်သလို့  YouTube မှာလည်း လေ့လာနိုင်တာကို တွေ့ရပါတယ်။ ဒီလောက်ဆိုရင် လေ့လာဖို့ အဆင်ပြေမယ် ထင်ပါတယ်နော်။
အီးဘွတ်တစ်အုပ်ရှိလို့ အပ်လုပ်တင်ပေးလိုက်ပါတယ်နော်
Introduction Autodesk Inventor 2009

 

AutoCAD 2010

No Comment - Post a comment

တစ်နေ့ထက်တစ်နေ့ လိုက်မမီအောင်တိုးတက်နေတဲ့ ခေတ်ကြီးမှာ ခေတ်ကို လိုက်မီဖို့ဆိုတာ တော်တော် မလွယ်မှန်း ပိုပိုပြီး သဘောပေါက်လာရပါတယ်။ အခုလည်းကြည့်ဦး.. အော်တိုကဒ် ၂၀၀၉ တောင် ဘာတွေတိုးတက်လာတယ် ဘာတွေ ထိထိရောက်ရောက် သုံးနိုင်တယ်ဆိုတာ သေချာ မသိသေးဘူး. အော်တိုကဒ် ၂၀၁၀တဲ့... ကေပီဇက်တော့ မလေ့လာနိုင်သေးပါဘူး။ လေ့လာချင်တဲ့ သူတွေ ရှိရင် လေ့လာလို့ ရအောင် Autocad 2010 Preview Guide ကို ဝေမျှပေးလိုက်ပါတယ်။

Acad10 Prev Guide

သိမ်းထားချင်တယ် ဆိုရင်တော့ ဒီမှာ ယူသွားပါနော်

 

BCA Open House

No Comment - Post a comment


စင်္ကာပူရဲ့ တည်ဆောက်ပြုပြင်ရေးတွေ အသီးသီးမှာ အလုပ်လုပ်ကိုင်နေကြတဲ့ ကျမတို့ မြန်မာတွေအတွက် အလုပ်အကိုင် အခွင့်အရေးတွေ အတွက်  အလုပ်လျှောက်နိုင်သလို ပညာဆက်လက် ဆည်းပူးလိုသော သူတွေအတွက်လည်း ကျောင်းတွေအကြောင်းကို သေချာရှင်းလင်း မည့် Open House ကို အခုလာမည့် စနေနေ့ ဇန်န၀ါရီလ ၁၇ ရက်နေ့မှာ မနက် ၉နာရီကနေ ညနေ ၅ နာရီအထိ BCA ကျောင်းမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ စင်္ကာပူမြို့မှ ဆောက်လုပ်ရေး ကုမဏီတွေက အလုပ်တွေ လျှောက်နိုင်သလို မိမိတက်လိုတဲ့ ကျောင်းအကြောင်းကိုလည်း အသေးစိတ် လေ့လာနိုင်တာကြောင့် အလုပ်ပြောင်းလိုတဲ့ သူငယ်ချင်းတွေ ကျောင်းဆက်တက်လိုတဲ့ သူငယ်ချင်းတွေ အခွင့်အရေးတွေ လက်မလွတ်စေဖို့ သတင်းကောင်း ပါးလိုက်ပါတယ်နော်.
အသေးစိတ် အချက်အလက်တွေ သိချင်ရင်တော့ ဒီမှာ သွားဖတ်ပါနော်။

 

Paper Size

3 comments - Post a comment

ကျမတို့ Draftman တွေရဲ့ ဘ၀မှာ နေ့စဉ်ထိတွေ့ နေရတာ အော်တိုကဒ် ဆော့ဝဲလ် ရှိတဲ့ ကွန်ပြူတာရယ်၊ နောက်တစ်ခုက တော့ Print ထုတ်ထားတဲ့ စာရွက်တွေရယ်ပေါ့။ ဒီတော့ ကျမတို့ သုံးနေတဲ့ စာရွက်တွေရဲ့ အရွယ်အစားတွေကို သိထားသင့်ပါတယ်။ ကျမတို့ အများဆုံး အသုံးပြုကြတာကတော့ A Series စာရွက်တွေပေါ့လေ။ A Series စာရွက်တွေရဲ့ တစ်ခုနှင့်တစ်ခု ဆက်စပ်ပုံက လွယ်ကူ ရိုးရှင်းပါတယ်။ (ဥပမာ- A4 စာရွက် နှစ်ခုကို ပေါင်းလိုက်ရင် A3 ရပါတယ် ) A Series စာရွက် ဆက်စပ်ပုံလေးကို ဒီဓါတ်ပုံလေးကို ကြည့်လိုက်တာနဲ့ ရှင်းလင်းသွားမှာပါ။

ဒါကတော့ A Series စာရွက် အရွယ်အစား အတိအကျ စာရင်းပါ။

နောက် A Series အပြင် B Series တွေလည်း ရှိပါသေးတယ်။
နောက် ISO ကသတ်မှတ်ထားပေးတဲ့ တစ်ခြားစာရွက် အရွယ်အစားတွေကိုလည်း ဗဟုသုတ အနေနဲ့ မှတ်သားထားရ အောင်နော်။
အခုအသုံးပြုနေတဲ့ စာရွက်အရွယ်အစားတွေအားလုံးဟာ ဂျာမနီနိုင်ငံမှာ DIN 476 Standard အဖြစ် ၁၉၂၂ ထဲက စတင်အသုံးပြုခဲတာတွေကို ISO 216 Standard အဖြစ် ၁၉၇၅ ခုနှစ်မှာ စတင် သတ်မှတ်ခဲ့ကြပါတယ်။ ဒီ ISO 216 Standard ကို ဥရောပနိုင်ငံမှာတော့ EN 20216 လို့ ခေါ်ဆိုကြပါတယ်။

အရွယ်အစားသေးတဲ့ စာရွက်တွေကို ထိမ်းသိမ်းတာ၊ လွှဲပြောင်းပေးတာတွေကို လုပ်တဲ့ နေရာမှာ ကိစ္စမရှိပေမယ့် အရွက်အစားကြီးတဲ့ A1 တို့ A0 တို့လည်းကျရော ဒုက္ခရောက်ပါလေရော။ ဒီတော့ စာရွက်တွေကို စနစ်တကျ ခေါက်ဖို့လည်း လိုအပ်ပါတယ်။ ကျမလည်း အလုပ်ထဲရောက်မှ သူများခေါက်တာကြည့်ပြီး တတ်တာပါ။ အခုတော့ မသိသေးတဲ့ သူတွေ သိရအောင် ကိုလူအေး ဆီကနေ စာရွက်ခေါက်နည်းလေး သွားမလာခဲ့တယ်။ ( ကျေးဇူး ကိုလူအေး )

 

ကိုင်း.... ဘာဆက်လုပ်ကြမလဲ

8 comments - Post a comment

မနေ့က ကျမတို့ အီးမေးတွေမှာ ပလူပျံအောင် ရောက်နေပြီး ပေါ်ပြူလာ အဖြစ်ဆုံးကတော့ စင်္ကာပူကို မြန်မာတွေ အ၀င်မခံရဘူးဆိုတဲ့ သတင်းတွေပါပဲ။
စင်္ကာပူရောက်တဲ့အချိန်မှာစကာင်္ပူ
Immigration ကသူတို့ကိုပေးမ၀င်ဘူး........
ဘာဖြစ်လို့လည်းဆိုတဲ့ အကြောင်းပြချက်ကိုလည်း တိတိကျကျ မပေးဘူးခင်ဗျ.......
ပိုက်ဆံကိုလည်း စစ်တယ်.......စင်္ကပူရာဇ၀င်မှာ ဒါမျိုးတစ်ခါမှမဖြစ်ဖူးပါဘူး..........
စကာင်္ပူထဲကို Visit သမားတွေ အ၀င်မခံပဲထားတာဒါ ပထမဆုံးအကြိမ်ပါပဲ...... အဲဒီညနေက သွားတဲ့အဖွဲ့ထဲမှာ ၅ ယောက် ပြန်လာရပါတယ်..... ဒါက အီမေးထဲက စာသားတစ်ခုပါ။ ဒီအီးမေးတွေကြောင့် စလုံးကို လာမယ်လုပ်ထားတဲ့ သူတွေလည်း ကြောက်ရွံ့ကုန်ပါတယ်။

ကျမတို့ အတွေ့အကြုံအရဆိုရင်တော့ ဒါဟာ စင်္ကာပူမှာ ပထမဆုံးအကြိမ် မဟုတ်ဘူးဆိုတာတော့ လုံးဝသေချာပါတယ်။ Visit နဲ့လာတဲ့ သူတွေကို ပိုက်ဆံစစ်တာဟာ ထုံးစံတစ်ခုပါပဲ၊ ကံကောင်းတဲ့သူတွေ အစစ်မခံရပေမယ့် ပိုက်ဆံ ဘယ်လောက်ပါလဲ.. မင်းကတို့နိုင်ငံကို လာလည်တာဆိုတော့ ပိုက်ဆံသုံးဖို့ ဘယ်လောက်ယူလာလဲဆိုတဲ့ မေးခွန်းတွေကို မေးတတ်တာ ထုံးစံတစ်ခုလိုပါပဲ။ အထူးသဖြင့် ရစ်ချင်တဲ့ ၀န်ထမ်းတွေဆိုရင် မေးကိုမေးပါတယ်။

Visit သမားတွေ အ၀င်မခံတာ ပထမဆုံး အကြိမ်ဆိုတာလဲ မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အရင်တုန်းကလည်း စလုံးကို ၀င်ခွင့်မရလို့ ပြန်သွားရတဲ့ အပေါင်းအသင်းတွေ ရှိခဲ့ဘူးပါတယ်။ တိတိကျကျနဲ့ အနီးစပ်ဆုံး ပြောပြရရင် ကျမနဲ့ အတူတူနေတဲ့ အခန်းဖော် သူငယ်ချင်းရဲ့ အကို စင်္ကာပူကို လာတုန်းကပါ။

သူ့အကိုကို စလုံးလာဖို့ Invite လုပ်ပေးတာက ဦးလေးအရင်းပါ။ ဒါပေမယ့် သူ့ဦးလေးက ရန်ကုန်ရောက်နေတာတဲ့ အပြင် Hand Carry အိတ်ထဲကိုစစ်တော့ ဘွဲ့လက်မှတ်တွေ တွေ့တာကြောင့် လာလည်တာ မဟုတ်ဘူးဆိုပြီး ပေးမ၀င်တော့ပါဘူး။ ပိုဆိုးတာက ရန်ကုန်ကိုလည်း ချက်ချင်းပြန်မလွှတ်ပါဘူး။

ကျမသူငယ်ချင်းက သူ့အကိုကို သွားကြိုတော့ Immigration ကိုမဖြတ်ခင် ညီမလေး..ရေအကိုရောက်ပီလို့ ဖုန်းလှမ်းဆက်တော့ ကျမသူငယ်ချင်းလည်း တစ်စောင့်စောင့်နဲ့ပေါ့။ မိုးသာချုပ်သွားတယ် အပြင်ရောက်မလာပါဘူး။ စင်္ကာပူက လူတွေကလည်း စိတ်ပူ။ ရန်ကုန်က မိဘဆွေမျိုးသားချင်းတွေကလည်း စိတ်ပူနဲ့ပေါ့။ နှစ်ရက်တိတိ အဆက်အသွယ်လုံးဝမရသလို ဘယ်ရောက်လို့ ဘယ်ပျောက်နေမှန်းလဲ မသိပါဘူး ။ သုံးရက်မြောက်နေ့မှ ရန်ကုန်ကို ပြန်လွှတ်လိုက်တာပါ။

ရန်ကုန်ကိုရောက်တော့လဲ ခရီးဆောင်အိတ်ကြီး ပြန်ပါမလာပါဘူး။ Silk Air လေကြောင်းလိုင်းကို သွားပြောတော့လည်း သူတို့က ပုံမှန်အတိုင်း စင်္ကာပူကို ပို့လိုက်တယ်ပေါ့။ အဲဒီ့အိတ်ကို ပြန်လိုချင်တယ်ဆိုရင် အကျိုးဆောင်ခ စလုံး ၆၀၀ပေးရမယ်တဲ့။ ဆိုးပနော်။ သူတို့လည်း စိတ်တိုတိုနဲ့ အဲဒီ့အိတ်ကို အဆုံးခံလိုက်ပါတယ်။

ကျမသာ အဲဒီ့အကိုကြီးနေရာမှာဆို စိတ်ဓါတ်ဘယ်လောက်ကျလိုက်မလဲဆိုတာ စဉ်းစားလို့တောင် မရပါဘူး။ ကိုယ့်ရဲ့ ပထမဦးဆုံး နိုင်ငံခြား ခ၇ီးစဉ်မှာ ဒီလိုအဖြစ်တွေနဲ့ ကြုံလိုက်ရတော့ တော်တော်ကို ကြောက်ရွံ့ တုန်လှုပ်အားငယ်နေမှာပဲ။ ဒါပေမယ့် အဲဒီ့အကိုကြီးကို ကျမတော်တော် ချီးကျူးပါတယ်။ နောက်တစ်လ အကြာမှာ သူစင်္ကာပူကို ရောက်အောင်လာခဲ့ပါတယ်။ အခုဆို Spass နဲ့အလုပ်အကိုင်တွေတောင် အဆင်ပြေလို့။ တစ်နည်းအားဖြင့် စင်္ကာပူရဲ့ စိန်ခေါ်မှုကို ကြံ့ကြံ့ခံနိုင်ခဲ့တယ်ပေါ့လေ။ ဒါကြောင့် အ၀င်မခံရလို့ စိတ်ပျက်အားငယ်စရာ မရှိပါဘူး။ သူတို့ နိုင်ငံရဲ့ ဥပဒေကို ချိုးဖောက်တာလဲ မဟုတ်တာကြောင့် နောက်တစ်ကြိမ် ထပ်ကြိုးစားခွင့်တွေ ရှိပါသေးတယ်။

ဒီတော့ ဒီလိုအ၀င်မခံရတာဟာ တရားမ၀င်မှုကြောင့်ဆိုတာထက် အခန့်မသင့်မှုကြောင့်တွေကြောင့် ဖြစ်နိုင်ပါတယ်။ သူတို့က ပိုက်ဆံကို ပြခိုင်းတဲ့ အချိန်မှာ လုံလောက်တဲ့ ပိုက်ဆံမပြနိုင်တာကြောင့်လား။ အလည်လာတယ်လို့ ပြောပြီး ဘွဲ့လက်မှတ်တွေ CVတွေကိုတွေ့သွားတာကြောင့်လား။ ဒါတွေကို ကာကွယ်ချင်ရင် Show Money ကိုလုံလုံလောက်လောက် ယူလာခဲ့ပီး စာရွက်စာတမ်းတွေကို အလွယ်တကူ စစ်ဆေးကြည့်လို့ မရနိုင်တဲ့ Hand Carry ထဲမထည့်လာဖို့ပါပဲ။

နောက်အရေးအကြီးဆုံးတစ်ခုက ကိုယ့်ကို invite လုပ်လိုက်တဲ့ PR ပါပဲ။ တစ်ခါတစ်လေ ကိုယ် Immigration ဖြတ်တဲ့အချိန်မှာ invite လုပ်ထားတဲ့ ပီအာကို ဖုန်းလှမ်းဆက်ပီး မေးတတ်ပါတယ်။ ဟုတ်မဟုတ်သေချာအောင်ပေါ့။ ဒါလည်း စလုံးရဲ့ ထုံးစံတစ်ခုပါပဲ။ ဒီတော့ မလာခင်မှာ ကိုယ်ဘယ်နေ့လာမယ်ဆိုတာကို Invitation Letter ပို့ထားတဲ့ PR ကို ကြိုတင် အကြောင်းကြားထား သင့်ပါတယ်။ ဒါမှ သူ့ဆီကို ဖုန်းဆက်လှမ်းမေးတဲ့ အချိန်မှာ သေချာပြောပေးနိုင်မှာပါ။

PR တစ်ယောက်က တစ်ကြိမ်ထဲမှာ လူပေါင်းများစွာကို invite လုပ်ထားရင်လည်း သူတို့က လက်မခံချင်ပါဘူး ။ ဥပဒေထဲမှာ မဖော်ပြထားပေမဲ့ လက်မခံပါဘူး။ အခုနောက်ပိုင်း ရန်ကုန်မှာ Invitation Letter ကို ပိုက်ဆံပေးပြီး Agent တွေဆီက ၀ယ်လို့ ရတယ်လို့ ပြောကြပါတယ်။ ဒီတော့ PR တစ်ယောက်ထဲက ပေးတဲ့ invitation letter တွေ အရမ်းများနေလို့ လက်မခံတာလဲ အများကြီး ဖြစ်နိုင်ပါတယ်။ ဒီတော့ မလာခင်မှာ ကိုယ့်ကို invite လုပ်မယ့် PR ရဲ့ invitation letter ကိုလည်း သေချာအောင် စစ်ဆေးသင့်ပါတယ်။

တစ်ယောက်က work permit ရပြီးသား လူတစ်ယောက် ပါပါတယ်........ သူကို မေးမြန်းကြည့်တဲ့အခါမှာတော့ သူအလုပ်လုပ်မဲ့ Company  ကသူ့အတွက် Deposit မတင်ထားရသေးလို့လို့ပြောပါတယ်...work permit ရပြီးသား ဆိုပေမယ့်လည်း စိတ်မချ ရသေးဘူးဆိုတဲ့ သဘောပါပဲ.....
စလုံးမှာ Work Permit သမားတစ်ယောက်အတွက် Company က MOM မှာ Deposit ပိုက်ဆံ ဒေါ်လာ ၅၀၀၀ ပေးထားရပါတယ်။ သူ့ Company က Deposite မတင်ရသေးလို့ အ၀င်မခံရတာ ဖြစ်နိုင်ပါတယ်။ အေးဂျင့်နဲ့ လာတာဆိုရင်တော့ အေးဂျင့်ကို သေချာပြောပြပီး Company ကို ကြောင်းကြားသင့်ပါတယ်။ အစစ်အမှန် workpermit approval letter ဆိုရင်တော့ Company ကသေချာလိုက်လုပ်ပေးမှာပါ။ ဘာမှ စိုးရိမ်စရာ မရှိပါဘူး။

ကျမကတော့ ဒီလိုသတင်းတွေ ကြားတိုင်း ကိုယ်လည်း ဘာမှ မတတ်နိုင်တဲ့အတွက် သေသေချာချာ ကြိုတင်ပြင်ဆင်ပြီးမှ လာသင့်ပါတယ်လို့သာ အကြံပေးချင်ပါတယ်.... ဒါတွေက စင်္ကာပူလေဆိပ်မှာ ကြုံရတဲ့ ဒုက္ခလေးတွေပဲ ရှိပါသေးတယ်။ ကမ္ဘာ့ စီပွားရေး ပျက်ကပ်ရဲ့ ရိုက်ခတ်မှုကို စတင်ခံနေရပီဖြစ်တဲ့ စလုံးမှာ ဒုက္ခတွေ ရောက်နေရတဲ့ ရွှေမြန်မာတွေကလည်း တစ်ပုံတစ်ပင်ပါ။ ကျမကတော့ မြန်မာရုပ်မြင်သံကြားမှာ ခဏခဏလာနေတဲ့ ဇာတ်လမ်းထဲက ဦးညွှန့်ဝင်း ပြောသလိုပဲ ကိုင်း... ဘာဆက်လုပ်ကြမလဲ.... လို့သာမေးချင်ပါတော့တယ်။

 

ဒီနေ့ စင်္ကာပူ

6 comments - Post a comment

ဒီနေ့ ကျမရဲ့ ညီမလေးတစ်ယောက် ရန်ကုန်ကို ပြန်တော့မယ်တဲ့။ သူနဲ့ ကျမက တစ်မအေထဲက မွေးလာတဲ့ ညီအမတွေ မဟုတ်ပေမဲ့ သူက ကျမကျွန်မ စင်္ကာပူရောက်တဲ့ အချိန်မှာ ပထမဦးဆုံး ခင်ခဲ့တဲ့ ညီမလေးပါ။ ကျမနဲ့ တစ်နှစ်ကျော် တစ်ခန်းတည်း နေခဲ့တဲ့ အပြင်၊ ကောင်းအတူ ဆိုးအတူ ရှိအတူ မရှိအတူ မျှဝေခဲ့တဲ့ သူလေးပါ။ သူပြန်မယ်ဆိုတော့ ကျမတို့ စင်္ကာပူ ရောက်စ အခြေအနေတွေကို ပြန်စဉ်းစားမိတယ်။ ကျမတို့ တူတူပျော်ခဲ့တာ၊ စိတ်ညစ်ခဲ့တာ၊ တူတူ အပင်ပန်းခံ အလုပ်လုပ်ခဲ့တာ အားလုံးပေါ့။ တစ်ကယ်တော့ ဒီကျွန်းနိုင်ငံလေးက ရောက်ခါစ လူတွေကို စိန်ခေါ်တတ်ပါတယ်။ အဲဒီ့ ဒဏ်ကို ကြံ့ကြံ့ ခံနိုင်ပြီး ဆိုရင်တော့ စင်္ကာပူဆိုတာ ဘာမှ မဟုတ်တော့ပါဘူး။  

စင်္ကာပူ အစိုးရကို လက်တစ်လုံးခြား လုပ်ခဲ့တဲ့ သူတွေထဲမှာ ကျမလည်းပါတယ်။ ကျမ စင်္ကာပူကို အလုပ်လာရှာချင်တော့ Visitနဲ့ မလာရဲပါဘူး။ ဆွေမျိုးသားချင်းကလည်း မရှိ၊ အဲဒီ့အချိန်မှာ သူငယ်ချင်းဆိုလို့ စင်္ကာပူမှာ ရှားရှားပါးပါး နှစ်ယောက်ပဲ ရှိပါတယ်။ သူတို့ နှစ်ယောက်ကလည်း စင်္ကာပူ ၀န်ကြီးချုပ်လောက် နှီးနီး အလုပ်ရှုပ်ရှာလေတယ်။ ဒီတော့ ကျမလည်း စင်္ကာပူဆိုတဲ့ မြို့ကြီးကို လာချင်တော့ ရှိသမျှအကြံ အကုန်ထုတ်ရတာပေါ့။

ဒီတော့ စင်္ကာပူက Private ကျောင်းတစ်ကျောင်းကို လျှောက်လိုက်ပါတယ်။ ကျောင်းလခလေးတော့ ရင်းရတာပေါ့လေ။ ဒီလိုနဲ့ မယောင်မလည်နဲ့ ရောက်လာတာပေါ့လေ။ ဟိုမှာကတော့ အချိန်ပိုင်း အလုပ်တွေ လုပ်လို့ ရတယ်လို့ ပြောကြတာပေါ့လေ။ ဒီကိုရောက်တော့မှ လုပ်လို့မရမှန်း သိလာရတယ်။ ဒါပေမယ့် ကျောင်းမှာ တွေ့ရတဲ့ မြန်မာ သူငယ်ချင်းတွေ အားလုံးက အရမ်းကို ခင်ဖို့ကောင်းတယ်။ စည်းလုံးမှုလည်း ရှိကြတယ်။ ကျမတို့ အားလုံး စုပေါင်းပြီး စင်္ကာပူမြို့ကို ပြန်စိန်ခေါ် ခဲ့ကြတယ်။ ကျမမြန်မာတွေ အားလုံးစုစည်းပြီး နည်းလမ်း ပေါင်းစုံနဲ့ စင်္ကာပူ တစ်မြို့လုံးကို ဖြန့်ပြီး အလုပ်ရှာကြပါတယ်။ အားလုံးရဲ့ စိတ်အားထက်သန်မှုနဲ့ ဇွဲကြောင့်လား မသိပါဘူး။ ကျမတို့ အားလုံး အလုပ်ကောင်းကောင်း ရခဲ့ကြတယ်။

အဲဒီ့ အချိန်တုန်းက အချိန်ပိုင်း အလုပ်လုပ်ကြတဲ့ မြန်မာတွေ သိပ်မများတာ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကျမလည်း အချိန်ပိုင်း အလုပ်လုပ်ရင်း ကျမတတ်တဲ့ အတတ်ပညာနဲ့ အလုပ်တွေလည်း ရှာရင်းပေါ့။ ကျမတော်တော် တော်လို့ ထင်ပါတယ်.. တော်တော်နဲ့ အလုပ်မရပါဘူး။ :P အချိန်ပိုင်း အလုပ်မျိုးစုံကို ကျမလုပ်ခဲ့ ဘူးပါတယ်။ ဖိနပ်ဆိုင်မှာ အရောင်းစာရေးမ အနေနဲ့ တစ်နေ့ကို ဆယ်နာရီ မတ်တတ်ရပ်ခဲ့ ဘူးပါတယ်။ လက်ကမ်းစာဆောင်တွေကိုလည်း သူများ လိုချင်ချင် မလိုချင်ချင် မျက်နှာ ပြုံးဖြဲဖြဲနဲ့ လိုက်ပေးခဲ့ ဘူးပါတယ်။ အလုပ်ကပြန်လာရင် မတ်တတ်ကလည်း မရပ်နိုင် နေရာကလည်း မရလို့ ရထားကြမ်းပြင်မှာ ထိုင်ပြီးလည်း စီးခဲ့ဘူးပါတယ်။ ညခုနှစ်နာရီကနေ မနက်ကိုးနာရီ အထိလည်း မိုးလင်းပေါက် မအိပ်ပဲ အလုပ်လုပ်ခဲ့ ဘူးပါတယ်။

တရားမ၀င် အလုပ်လုပ်တာ ဖြစ်တာကြောင့် ရဲကို မြင်တိုင်းကြောက်ရသလို စိတ်ထဲမှာ ဖြစ်လာတဲ့ အားငယ်မှုကိုလည်း ကိုယ့်ဘာသာ အားတင်းခဲ့၇တယ်။  ရန်ကုန်ကို ပြန်ပြေးချင်တာတော့ အခါခါပေါ့လေ။ ဒါပေမယ့် ဒီကို ဘယ်သူကမှ ရိုက်ပြီး လွှတ်လိုက်တာ မဟုတ်လို့ ကိုယ့်ကိုကိုယ် အားတင်းခဲ့ရတယ်။ စင်္ကာပူရဲ့ နည်းမျိုးစုံ စိမ်ခေါ်မှုတွေကို ကျမတို့ အားလုံး ကြံ့ကြံ့ခံ တွန်းလှန်ခဲ့ ကြပါတယ်။ အချင်းချင်း ဖေးမကူညီခဲ့ကြတယ်။ ဒီလိုနဲ့ သုံးလခွဲ အကြာမှာ ကျမအချိန်ပြည့် အလုပ်ရခဲ့ပါတယ်။ Student Pass ကို Cancel လုပ်ပြီး Spass တင်ခဲ့ပါတယ်။

ဒါတွေ ကျမပြောပြတာက စင်္ကာပူဆိုတာ ငွေလွယ်လွယ် မရသလို ရင်ဆိုင်ရမှာတွေ အများကြီးပါ။ ဒါကြောင့် ဒီကိုလာဖို့ ဘာတွေ လိုလဲလို့ မေးတိုင်း ကျမအမြဲပြောတာက အဓိက ပြင်ဆင်ခဲ့ရမှာက စိတ်ဓါတ်အင်အားပါ။ စိတ်ဓါတ်မခိုင်မာလို့ ဘ၀ပျက်တဲ့ လူတွေ၊ စိတ်ဓါတ်မကြံ့ခိုင်လို့ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို မရောက်တဲ့ လူတွေ ဒုနဲ့ ဒေးပါ။ ဒီမှာ အလုပ်မရလို့လဲ အားငယ်ဝမ်းနည်း စရာမရှိပါဘူး။ တစ်ချို့နေရာတွေမှာ ပညာ အရည်အချင်းထက် ကံတရားဆိုတာကလည်း ရှိသေးတာပဲလေ။

အခု ကျမကြုံတွေ့ ရသလောက်ကတော့ စင်္ကာပူက Private ကျောင်း ပြီးသွားလို့ အလုပ်ရတယ် ဆိုတာ တော်တော် ရှားပါတယ်။ ရတယ်ဆိုတဲ့ သူတွေကလည်း ရန်ကုန်မှာတည်းက နောက်ခံ ပညာအရည်အချင်းတွေ ရှိခဲ့တဲ့ သူတွေများပါတယ်။ ဥပမာ စာရင်းကိုင် ကျောင်းလာတတ်တဲ့ သူတွေထဲမှာ ရန်ကုန်မှာတည်းက စီးပွါးရေးဘွဲ့ရပြီးသား လုပ်ငန်းအတွေ့ အကြုံလေး နည်းနည်းပါးပါး ရှိတဲ့ လူတွေဆို ရပါတယ်။ ဆယ်တန်းအောင် ပြီးကာစ သူတစ်ယောက် Private School လာတတ်ပြီး အလုပ်ရတယ် ဆိုတာကို ကျမခုထိ မတွေ့ဘူးသေးပါဘူး။ ဒါကြောင့် ဖြစ်နိုင်မယ်ဆိုရင် ဆယ်တန်းအောင် ပြီးကာစ ကျောင်းသားတွေ အနေနဲ့ အစိုးရကျောင်းတွေကိုပဲ လာတတ်ပါလို့ အကြံပေး ပါရစေနော်။ အလုပ်လာလုပ်မဲ့ သူတွေ ဆိုရင်လည်း အသိပညာ အတတ်ပညာတွေ သင်ခဲ့သလို စိတ်ဓါတ် မာအောင်လည်း ပြင်ဆင် ခဲ့ပါလို့ ကျမ အကြံပေး ပါရစေနော်။

အခုကျွန်မ ပတ်ဝန်းကျင်မှာ တော်တော်ကို မြင်တွေ့ နေရတာ စိတ်မကောင်းစရာတွေကြီးပဲ။ နိုင်ငံခြားသားက နှိပ်ကွပ်ရင် ခံပြင်းမှု၊ ဒေါသထွက်မှုတွေပဲ ဖြစ်မယ်။ မြန်မာ အချင်းချင်း နှိပ်စက်တော့ လုပ်ရက်လေခြင်း ဆိုတဲ့ ၀မ်းနည်း ကြေကွဲမှုတွေ ပါ ပါလာပြီပေါ့။ မသိနားမလည်တဲ့ ကိုယ့်မြန်မာ အချင်းချင်း နားလည်လာအောင်၊ သိလာအောင်၊ နိုင်ငံခြားသား လူလည်ကျတာ မခံရအောင် ကူညီရိုင်းပင်းမယ့်အစား နိုင်ငံခြားသားတွေ ဘက်ကနေ အလိုတူ အလိုပါ လူလည်ကျ နှိပ်ကွပ်နေတာကတော့ ဆိုးလွန်းပါတယ်နော်။

ကျွန်မပတ်ဝန်းကျင်က အဖြစ်အပျက် တစ်ချို့ကို ပြောပြမယ်နော်။ မသိသေးတဲ့ သူတွေသိပြီး နမူနာယူနိုင်အောင် လို့ပါ။ ကျွန်မသူငယ်ချင်းတစ်ယောက်က တစ်ရက်မှာ သူ့ရဲ့သူငယ်ချင်းတစ်ယောက်နဲ့ မိတ်ဆက်ပေးတယ်။ ကိုယ့်အကြောင်း၊ သူ့အကြောင်း မိတ်ဆက်ရင်းနဲ့ သိလာရတာက -- သူ့ရဲ့လစာက တစ်လကို စင်ကာပူဒေါ်လာ (၉၀၀) ပဲရတယ်တဲ့။ ဒီအထိ ကျွန်မစိတ်ထဲ ဘယ်လိုမှ မနေပါဘူး။ အော်.. ဟုတ်လားပေါ့။ အခြေခံလစာ (၁၈၀၀) ရရမယ့် S-pass သမားတစ်ယောက်ဟာ (၉၀၀) ပဲရတယ်ဆိုတော့ ရရာအလုပ်ကို ယာယီဝင်လုပ်တယ် လို့ပဲ ကျွန်မက ထင်လိုက်မိတယ်။ ဒါဆိုလည်း လစာများတဲ့ အလုပ်ကိုရှာပြီး ပြောင်းပေါ့လို့ ကျွန်မကပြောတော့ (၅)နှစ်စာချုပ်ချုပ်ထားရတယ်တဲ့။ ကျွန်မ အံ့သြသွားတယ်။ (၅) နှစ်လုံး ဒီလစာပဲလား ဆိုတော့.. အဲဒါလည်း သေချာမသိဘူးတဲ့။ ဒါနဲ့ ကျွန်မလည်း မနေနိုင် မထိုင်နိုင် ဆက်မေးမိတယ်။ Agent က Singaporean Agent လားဆိုတာ.. မဟုတ်ဘူးတဲ့...။ ဗမာ Agent တဲ့။

Singaporean နဲ့ အိမ်ထောင်ကျပြီး Agent လုပ်နေတဲ့ ဗမာတဲ့။ ကျွန်မ ဘာဆက်ပြောရမှန်းကို မသိဘူးဖြစ်သွားတယ်။ ပိုပြီးဆိုးတာက Agent Fee က (၃၈၀၀) တဲ့။ အကျိုးဆောင်ခ ယူတဲ့အတွက် ကျွန်မ ဘာမှ မပြောလိုပါဘူး။ အလုပ်မရှိတဲ့ သူကို အလုပ်ရှာပေးလို့ အကျိုးဆောင်ခ ယူတာကို ကျွန်မ နားလည်ပါတယ်။ ဒါပေမယ့်.... Singapore လိုနေရာမျိုးမှာ တစ်လကို အသုံးစရိတ် ပျမ်းမျှ (၆၀၀) ကနေ (၈၀၀) ကြားမှာ ရှိနေတတ်ပါတယ်။ သူဘယ်လောက်စုမိမှာလဲ။ သူ့ကို ကြည့်ပြီး ကျွန်မစိတ်မကောင်း ဖြစ်သွားတယ်။ Agent Fee ကျေအောင် သူဘယ်လောက် အချိန်ဘယ်လောက် ကြာကြာ အလုပ်လုပ်ရဦးမှာလဲ။ မြန်မာပြည် မှာတုန်းက အဲဒီ ပိုက်ဆံကို သူဘယ်က ယူလာတာပါလိမ့်။ မိဘက တတ်နိုင်လို့ ပေးလိုက်တာ ဆိုတော်သေး။ သူများဆီက ချေးဌားလာတာ ဆိုရင်တော့ တစ်လ တစ်လ အတိုးတောင် အလျင်မီအောင် ပေးနိုင်မလား။ ကျွန်မက သူ့ကို အလုပ်ပြောင်းပေါ့ ဆိုတော့ သူ မပြောင်းရဲဘူးတဲ့။ ကျွန်မတော်တော်ကို စိတ်ထဲမှာ ခံပြင်းသွားမိတယ်။ ဗမာ အချင်းချင်း လုပ်ရက် လေခြင်းနော်။

နောက်ထပ် သူငယ်ချင်းတစ်ယောက်ကတော့ လူလည်ကျနည်း အသစ်နဲ့ ကြုံလိုက်ရတာပေါ့။ Singapore မှာ အလုပ်ရရင် အလုပ်ရှင်ဆီက အမြဲတမ်း ခန့်စာရဖို့ စောင့်ရပါတယ်။ အဲဒီစာက အနည်းဆုံး (၃) လကြာ တတ်ပါတယ်။ အဲဒီစာရပြီးမှသာ ခွင့်ခံစားခွင့်တို့၊ ဆေးခွင့်ခံစားခွင့်တို့ ရတာပါ။ Comfirmation Letter မရမချင်း အလုပ်ထဲမှာ အမှားအယွင်း မဖြစ်အောင် ဂရုစိုက်ရတာပေါ့လေ။ ဒီတစ်ခါ ဗမာ အချင်းချင်း လူလည်ကျပုံက တစ်မျိုး။ Agent Fee အများကြီးယူတယ်။ Company ကလည်း S-pass တင်ပေးတယ်။ Approved ဖြစ်တယ်။ အလုပ်လုပ်တယ်။ တစ်လလည်း ပြည့်ရော.. နင်အလုပ်လုပ်တာ မကြိုက်ဘူးဆိုပြီး ဘာမပြော ညာမပြော အလုပ်ဖြုတ်ပစ်လိုက်တယ်။ ကဲ... လုပ်ပုံလေး မလှဘူးလား... ရွှေမြန်မာ အချင်းချင်း လူလည်ကျပုံတွေလေ။

ဒါက ခြင်္သေ့ကျွန်းက ရွှေမြန်မာတွေ..၊ ရွှေပြည်တော်ကြီးဆီက ရွှေမြန်မာတွေကျတော့ တစ်မျိုး၊ အခြေခံလစာ တစ်ရက်ကို စင်ကာပူဒေါ်လာ (၁၈)ဒေါ်လာ ရတဲ့ အလုပ်မှာ မြန်မာတွေကို (၁၆) ဒေါ်လာနဲ့ သွင်းတယ်။ အင်း-- ဒါက မဆိုးသေးဘူး။ အကျိုးဆောင် ကတောင်းချက်ကတော့ စင်ကာပူက အကျိုးဆောင်တွေထက်တောင် ဆိုးသေး။ ဆိုးလိုက်တဲ့ အဖြစ်တွေ။ ရန်ကုန်မှာတော့ မသိနားမလည်တဲ့ မြန်မာတွေကို အပြောကတော့ ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်။ တစ်နှစ် အတွင်းပဲ သူဌေးကြီး ဖြစ်တော့ မလိုလို။ ဒီမှာ အဆင်ပြေနေတဲ့ သူတွေ အကြောင်းကို ရွေးပြောပြီး တစ်ကယ်တမ်း ဒီရောက်တော့ ရေနံမြေ ခေတ်က ဆယ်ပေ ပတ်လည် အခန်းကျဉ်းလေးကမှ ကျယ်ဦးမယ့် အခန်းကျဉ်းလေးထဲမှာ စုပြုံထား။ သူဌေးဖြစ်ဖို့ နေနေသာသာ၊ အရင်းကျေအောင် မနည်းကို ရုန်းကန်နေရတဲ့ မြန်မာတွေ ဒုနဲ့ဒေးပါ။ သူတို့တွေရဲ့(Agent ဆိုး) စိတ်ထဲမှာ ကိုယ်ချင်းစာတရား ဆိုတာ ဘာလဲ မေ့ကုန်ကျပြီလား။ ရိုင်းပင်းမှုတွေ ပျောက်ကုန်ပြီလား။ ကိုယ့်ဝမ်းစာ ပြည့်ဖို့ သူများဘ၀ကို နင်းကြတဲ့ မြန်မာတစ်ချို့ ၀ဋ်ဆိုတာကို မကြောက်ကြတော့ဘူးလား။

လုံးဝန်းနေတဲ့ ကမ္ဘာကြီး ပေါ်မှာ လူတွေက တစ်ယောက်နဲ့ တစ်ယောက်တွဲ ပြီးရပ်နေကြတာပါ။ ကိုယ်က သူများကို ပေးလိုက်တဲ့ ဒုက္ခတွေ တစ်နေ့ကျရင် ကိုယ့်ဆီကို လက်ဆင့်ကမ်း ပြန်ရောက်လာတတ်တာကို မေ့နေကြပြီနဲ့ တူပါတယ်။ ကျွန်မစိတ်ထဲမှာတော့ မြန်မာအချင်းချင်း နှိပ်စက်ခြင်း ကင်းဝေးကြပါစေလို့သာ ရေရွတ်နေမိပါတယ်..။
(အခုလက်ရှိ စင်္ကာပူရဲ့ အလုပ်အကိုင် အခြေနေတွေကို ဒီမှာ ဖတ်လိုက်ပါအုံးနော် )

 

Canopy @ Paragon Shopping Center

3 comments - Post a comment

ဒီနေ့ ဆိုက်ထဲသွားတော့ ကျမအပင်ပန်းခံပီး Cutting List ထုတ်ပီး အစအဆုံး ကြီးကြပ်ထားရတဲ့ Canopy ကြီး ပီးသွားတာ တွေ့ရတော့ တော်တော်စိတ်ချမ်းသာ ရပါတယ်။ အဲဒီ့ Canopy ပေါ်မှာ Paragon Shopping Center ပိုင်ရှင်က ၆မီတာ အမြင့်လောက် ရှိမဲ့ ဆိုင်းဘုတ်တင်ပီး မျက်နှာချင်းဆိုင်က Ngeeann City ကို စိန်ခေါ်မှာ ဖြစ်တဲ့ အတွက် အမှားအယွင်း လုံးဝမခံပါဘူး။ ဒီဆိုက်က structure တွေအားလုံးကို ကျမတို့ Company ကတာဝန်ယူ တည်ဆောက်မယ်လို့ စာချုပ်ချုပ်ထားပေမယ့် အချိန်မှီ ပြီးစီးဖို့ အလုပ်သမား မလုံလောက်တော့တာကြောင့် မိန်းကွန်းကပဲ တာဝန်ယူ တည်ဆောက်ဖို့ ဖြစ်လာပါတယ်။ ဒါပေမယ့် သူတို့ဆီမှာ Structure Cutting List ထုတ်ဖို့ Draftman မရှိတာကြောင့် ဒီ Canopy ကြီးရဲ့ Shop Drawing , Cutting List တွေအားလုံးကို ကျမတို့ Company ကပဲ တာဝန်ယူရပါတယ်။ အဲဒီ့မှာ ကျမအတွက် ပြဿနာ စတက်တော့တာပါပဲ။ ကျမ Company က Supervisor တွေ၊ အလုပ်သမားတွေ အားလုံးက ကျမထုတ်လိုက်တဲ့ ကပ်တင်းလစ်ပုံတွေ ကို ရင်းနှီးပီးသားမလို့ အထွေအထူး ရှင်းပြစရာ မလိုပေမယ့်၊ တစ်ခြားဆီက အလုပ်သမားတွေက မရင်းနှီးတော့ အစအဆုံး အာပေါက်အောင် ရှင်းပြရပါတယ်။ ဒါ့အပြင် ကျမတို့ Company က Cutting List Drawing ကို Autocad နဲ့ မဆွဲပဲ Strucad နဲ့ဆွဲတာကြောင့် သူတို့လည်း တော်တော် စိတ်ညစ်သလို ကျမလည်း တော်တော်ပင်ပန်းခဲ့ရတယ်။ ဘယ်လောက်ပဲ ပင်ပန်းခဲ့ပါစေ ပြီးစီးသွားတဲ့ Canopy ကြီးကို မြင်လိုက်ရတော့လည်း စိတ်ထဲတော်တော် ပျော်သွားရပါတယ်။ ဒီ Canopy ကြီးက ကျမကို လုပ်ငန်း အတွေ့အကြုံတွေ အများကြီး ပေးခဲ့ပါတယ်။
ဒါကတော့ အော်တိုကဒ်နဲ့ ဆွဲထားတဲ့ Shop Drawing ပါ

ဒါကတော့ Cutting List အတွက် StruCAD Software ကိုအသုံးပြုပြီး ဆွဲထားတာပါ
ဒါကတော့ StruCAD ကို အသုံးပြုပြီး ဆွဲထားတဲ့ Cutting List နမူနာတစ်ချို့ပါ။

 

အွန်လိုင်း အော်တိုကဒ်

No Comment - Post a comment

ဒီနေ့ စာတွေလိုက်ဖတ်ရင် American Design Drafting Association (ADDA) က ဖော်ပြထားတဲ့ အဓိပါယ် ရှင်းလင်းချက်လေးတွေကို မိတ်ဆွေရောင်းရင်း သူငယ်ချင်းတွေ သိစေရန် အလို့ငှာ မူရင်းအတိုင်း ဖော်ပြလိုက်ပါတယ်။ ( ဘာသာပြန်လိုက်ရင် ပေါက်ကရတွေ ဖြစ်ကုန်မှာဆိုးလို့ ) ဒါ့အပြင် အွန်လိုင်းကနေ သင်ယူနိုင်တဲ့ AutoCAD Computer-Aided Drafting Degree Programs တွေအကြောင်းကို ဒီမှာ လေ့လာနိုင်ပါတယ်။

Drafters prepare technical drawings and plans used by production and construction workers to build everything from manufactured products, such as toys, toasters, industrial machinery, or spacecraft, to structures, such as houses, office buildings, or oil and gas pipelines. Their drawings provide visual guidelines, showing the technical details of the products and structures and specifying dimensions, materials to be used, and procedures and processes to be followed. Drafters fill in technical details, using drawings, rough sketches, specifications, codes, and calculations previously made by engineers, surveyors, architects, or scientists. For example, they use their knowledge of standardized building techniques to draw in the details of a structure. Some drafters use their knowledge of engineering and manufacturing theory and standards to draw the parts of a machine in order to determine design elements, such as the number and kind of fasteners needed to assemble it. They use technical Handbooks, tables, calculators, and computers to do this.

Traditionally, drafters sat at drawing boards and used pencils, pens, compasses, protractors, triangles, and other drafting devices to prepare a drawing manually. Most drafters now use computer-aided drafting (CAD) systems to prepare drawings. Consequently, some drafters are referred to as CAD operators. CAD systems employ computer workstations to create a drawing on a video screen. The drawings are stored electronically so that revisions or duplications can be made easily. These systems also permit drafters to easily and quickly prepare variations of a design. although drafters use CAD extensively, it is only a tool. Persons who produce technical drawings using CAD still function as drafters, and need the knowledge of traditional drafters relating to drafting skills and standards, in addition to CAD skills. Despite the near-universal use of CAD systems, manual drafting still is used in certain applications.

Drafting work has many specialties, and titles may denote a particular discipline of design or drafting. Aeronautical drafters prepare engineering drawings detailing plans and specifications used for the manufacture of aircraft, missiles, and related parts.

Architectural drafters draw architectural and structural features of buildings and other structures. They may specialize by the type of structure, such as residential or commercial, or by the kind of material used, such as reinforced concrete, masonry, steel, or timber.

Civil drafters prepare drawings and topographical and relief maps used in major construction or civil engineering projects, such as highways, bridges, pipelines, flood control projects, and water and sewage systems.

Electrical drafters prepare wiring and layout diagrams used by workers who erect, install, and repair electrical equipment and wiring in communication centers, powerplants, electrical distribution systems, and buildings.

Electronic drafters draw wiring diagrams, circuitboard assembly diagrams, schematics, and layout drawings used in the manufacture, installation, and repair of electronic devices and components.

Mechanical drafters prepare detail and assembly drawings of a wide variety of machinery and mechanical devices, indicating dimensions, fastening methods, and other requirements.

Process piping or pipeline drafters prepare drawings used for layout, construction, and operation of oil and gas fields, refineries, chemical plants, and process piping systems.

 

စစ်ဆေးကြည့်ရအောင်

No Comment - Post a comment

စင်ကာပူမှာ အလုပ်လုပ်နေတဲ့သူတွေ ပီအာတင်တော့မယ်၊ နိုင်ငံသား လျှောက်မယ်ဆိုရင် ဒီဆိုဒ်လေးမှာ ကိုယ့်အခြေအနေလေး ဘယ်လိုရှိမယ် ဆိုတာကို အခမဲ့ စစ်ဆေးကြည့်လို့ ရပါတယ်။ သူက မီးစိမ်းလေး ပြရင်တော့ လိုအပ်တဲ့ စာရွက်စာတမ်းကိုပါ တစ်ခါတည်း ဒေါင်းလုပ်ချနိုင်တာကြောင့် ပီအာတင်ဖို့ ကြိုးစားနေသူတွေ အတွက် အဆင်ပြေမဲ့ နေရာလေးတစ်ခုပါ။

 

DWG TrueConvert

1 comments - Post a comment

အော်တိုကဒ်ဆွဲနေတဲ့သူတွေ တစ်ခြားသော လုပ်ငန်းနေရာတွေနဲ့ ဆက်သွယ်တဲ့ အခါမှာ ဗားရှင်းအနိမ့် အမြင့် ပြဿနာတွေနဲ့ မလွဲမသွေ ကြုံရမှာပါ။ မိမိဆွဲနေသော ပုံကို ဘယ်လိုဗားရှင်းမှာ မဆို အလွယ်တကူ ဖွင့်လို့ ရစေဖို့ ဗားရှင်းအနိမ့်ဖြင့် သိမ်းဆည်းပုံကို ဒီမှာ ရေးသားခဲ့ပြီးပါပြီ။ အခုတစ်ခါမှာတော့ မိမိလက်ခံ ရရှိတဲ့ အော်တိုကဒ်ပုံက မိမိမှာသုံးနေတဲ့ version ထက် မြင့်တဲ့ version နဲ့ ဆွဲထားတဲ့ပုံတွေ ဖြစ်နေလို့ ဖွင့်လို့ မရတာတွေ ဖြစ်လာရင် ဖြေရှင်းနိုင်တဲ့ နည်းလမ်းလေးတစ်ခုပါ။ ဒါပေမယ့် ဒီဆော့ဝဲလ်ဟာ AutoCAD R14, AutoCAD2000, 2004 နှင့် 2007 စတဲ့ဗားရှင်းတွေမှာသာ အလုပ်လုပ်ပါတယ်။ 2008 နှင့် 2009 တွေမှာ အလုပ်မလုပ်နိုင်သေးပါဘူး။ ဒါ့အပြင် Convert လုပ်လိုက်တာနှင့် တစ်ပြိုင်နက် မူရင်းဖိုင်ကို ဖုံးအုပ် ( Overwrite ) သွားမှာ ဖြစ်တာကြောင့် မဖြစ်စေလိုလျှင် ကော်ပီ လုပ်ထားနိုင်ပါတယ်။ အသုံးပြုပုံလေးက လွယ်ကူပါတယ်။

၁) ဒီ Software  လေးကို  ဒေါင်းလုပ်ချပြီး အင်စတော လုပ်ပါ.
၂) ကိုယ် ပြောင်းချင်တဲ့ AutoCAD file ကို add ပါ.
၃) ကိုယ် ပြောင်းချင်တဲ့ version ကို အောက်မှာ ရွေးပါ...
၎) ပြီးရင် convert ကို click လိုက်ရုံပါပဲ..

 

AutoCAD ELETRICAL 2009

No Comment - Post a comment

ပြီးခဲ့တဲ့ သောကြာနေ့က AutoCAD Electrical 2009မိတ်ဆက်Seminarတစ်ခုသွားတက်ရပါတယ်။ AutoCad Electrical 2009 တရားဝင် ဖြန့်ချီခွင့်ယူထားတဲ့ INNOCOM TECHNOLOGIES PTE LTD ကနေပေးတဲ့ Product Introduction Seminar လေးပါ။ AutoCAD သုံးနေတဲ့ ကုမ္ပဏီတွေအတွက် သူတို့က ဖိတ်ခေါ်ပြီး တက်ရောက်ခိုင်းတဲ့ အခမဲ့ Seminar ပါ။ AutoCAD 2009 နဲ့ AutoCAD Electrical 2009 ဘာကွာလဲ ဆိုတော့ Electrical အတွက် အထူးပြုထားတဲ့ Features တွေ တော်တော်များများ ထည့်ထားတာ တွေ့ရပါတယ်။

(၁) ပိုမို ရှင်းလင်း လွယ်ကူတဲ့ Symbol Libraries ပါရှိခြင်း။
အယင် AutoCAD မှာပါတဲ့ Design Center အပြင် Electrical အတွက် အထူးပြုထားတဲ့ Components တွေပါ ထည့်သွင်းထားတဲ့ ပိုမို ပြည့်စုံရှင်းလင်း လွယ်ကူတဲ့ Symbol Libraries ပါရှိပါတယ်။ Electrical Eomponents တွေကို အယင် AutoCAD မှာ ဆွဲတဲ့ခါ ဆွဲထားတဲ့ Wire အနေနဲ့ သုံးထားတဲ့ Line ကို AutoCAD ရိုးရိုးက Wire လို့နားမလည်တဲ့ အတွက် အကယ်၍များ Component ကို နေရာ ရွှေ့ချင်တယ်ဆိုရင် Component ရဲ့ မူလနေရာ Line ပေါ်မှာ ကျန်ခဲ့တဲ့ Gap ကို ပြန် Join ပေးဖို့ လိုအပ်ပါတယ်။ ပြီးတော့ နောက် နေရာသစ်မှာလည်း သက်ဆိုင်ရာ Component ရဲ့ နေရာမှာ မလိုတဲ့ Component နေရာက Line ကို Trim တစ်ခါ ထပ်လုပ်ပေးရဦးမှာ ဖြစ်ပါတယ်။
အခု AutoCAD Electrical 2009 ကတော့ အဲဒီ ထပ်ဖန်တလဲလဲ လုပ်ရမဲ့ အလုပ်တွေကို လုပ်ဆောင်စရာ မလိုတော့ပါဘူး။ မိမိ ဆွဲတဲ့ Line ကို Wire အနေနဲ့ သတ်မှတ်ပေးထားလိုက်ပြီးရင် သူက Component လာ နေရာချတာနဲ့ တပြိုင်နက် မလိုတဲ့ Wire နေရာတွေကို အလိုလျောက် Trim လုပ်ပေးပြီးသား ဖြစ်သွားပါတယ်။ အကယ်၍ နေရာရွှေ့ခဲ့ရင်လည်း ကိုယ်ထားချင်တဲ့ နေရာကို ထားချင်တဲ့ Component ကို Drag လုပ်သွားလိုက်တာနဲ့ Gap ပါ တပါတည်း လိုက်ရွေ့ပြီးသား ဖြစ်သွားပါတယ်။ ဆွဲသွားတဲ့ Wires တွေ အချင်းချင်း ဖြတ်သွားကျော်သွားတာ ရှိမယ်ဆိုခဲ့ရင် အလိုလျောက် Jumper လေး ထည့်ပေးပြီး အဆုံးသတ် termination တွေအတွက်လည်း Solder End ပုံစံလေး အလိုလျောက် ထည့်ပေးပါတယ်။

(၂). အလိုလျောက် Wire နံပတ်စဉ်တပ်ခြင်း၊ Component အမည်တပ်ခြင်း လုပ်ဆောင်နိုင်ခြင်း။
ရေးဆွဲထားတဲ့ Electrical Circuit တွေမှာ Wire ဘယ်နှစ်ချောင်းပါတယ်။ ဘယ် Wire က ဘယ် Component ဆီသွားပြီး ဘယ် Wire က ဘယ် Junction Box မှာ ဆုံးတယ်ဆိုတာက အစ နံပတ်စဉ် အလိုလျောက် တပ်ပေးပါတယ်။ Component အမည်တပ်တဲ့ နေရာမှာလည်း ထုတ်လုပ်တဲ့ Company၊ Model၊ Ampere Rating အဆုံး သူ့အလိုလျောက် တပ်ခိုင်းနိုင်သလို စာရင်းထဲမပါတဲ့ အမည်နာမများ အတွက်လည်း အလွယ်တကူ မိမိဘာသာ ပြင်ဆင် တပ်ပေးနိုင်ပါတယ်။

(၃). အလိုလျောက် Project Report ထုတ်ပေးနိုင်ခြင်း။
အလိုလျောက် Project Report အလိုလျောက်ထုတ်ပေးနိုင်တယ်ဆိုတဲ့ Feature က အလွန်အကျိုးရှိတဲ့ Feature တစ်ခုပါ။ Project Tendering Stage မှာ အလွန်အလုပ်ရှုပ်တဲ့ Point Counting လုပ်ရတဲ့ Quantity Surveyor (Q.S)များ အတွက် အလွန် အသုံးဝင်သလို Project Running Stage မှာလည်း အလွန်အသုံးဝင်ပါတယ်။ ကြီးမားလှတဲ့ Drawingထဲ ဘယ်အမျိုးအစား ပစ္စည်း ဘယ်နှစ်ခု ရှိနေသလဲဆိုတာ Count ရတာ အတော်လေး လက်ဝင်တဲ့ ကိစ္စပါ။ အဲဒီအတွက် အလိုလျောက် Project Report ထုတ်ပေးနိုင်တဲ့ Function ကတော့ အလွန်တရာမှ လျင်မြန်ပါတယ်။ ရလာတဲ့ ရလာဒ်ကို Spreadsheet  အနေနဲ့ ဖိုင် သတ်သတ် Save နိုင်သလို၊ Drawing ပေါ်မှာလည်း Paste လုပ်နိုင်ပါတယ်။
(၄). အချိန်နဲ့ တပြေးတည်း Error Checking လုပ်ပေးနိုင်ခြင်း။
အထူးသဖြင့် PLC သမားတွေအတွက် ပိုပြီး အသုံးတည့်မယ် ထင်ပါတယ်။ System ကြီးတစ်ခုလုံးအတွက် ဘယ်နေရာမှာ Wire Connection ပြတ်ကျန်နေခဲ့တယ်၊ မဆက်မိဘဲ ကျန်နေတယ်ဆိုတာကို အချိန်နဲ့ တပြေးတည်း Error Checking လုပ်ပေးနိုင်ပါတယ်။

(၅). အချိန်နဲ့ တပြေးတည်း ကွိုင်နှင့် Contact Cross-Referencing လုပ်ပေးနိုင်ခြင်း။
အမှတ်စဉ် (၄) နဲ့ ပိုဆင်ပါတယ်။ Electrical Switching Board တွေအတွက် Contact Referencing အချိန်နဲ့ တပြေးညီ လုပ်ပေးနိုင်ပါတယ်။
(၆). တိကျသေသပ်တဲ့ Panel Layout Drawing များ ရေးဆွဲနိုင်ခြင်း။
Switching Board Installation များအတွက် Panel Layout Drawing များ ပိုမိုလှပ သေသပ်စွာ ရေးဆွဲနိုင်ပါတယ်။

(၇). Electrical Specialized Features များ ပါရှိခြင်း။
AutoCAD Electrical 2009 ဖြစ်တဲ့အတွက် Electrical Specilized Features တွေ ပါဝင်တာ ကတော့ ပြောစရာ မလိုအောင်ပါပဲ။

(၈). Spreadsheet တွေထဲပါတဲ့ Data တွေကို အသုံးချပြီး PLC I/O Drawing များ        အလိုလျောက်ထုတ်ပေးနိုင်ခြင်း။
ဒါသည်လည်းပဲ အယင် AutoCAD တွေမှာ မပါတဲ့ Feature တစ်ခုပါပဲ။ PLC အဓိက လုပ်ရတဲ့ ကုမ္ပဏီတွေမှာ အလုပ်လုပ်နေကြတဲ့ AutoCAD သမားတွေ အတွက်တော့ မရှိမဖြစ်ပေါ့။

(၉). Customers များ၊ Supplier များနဲ့ Drawing တွေကို Share လုပ်သုံးနိုင်ပြီး၊ သူတို့ရဲ့ ပြောင်းလဲမှုကို အစဉ် စောင့်ကြည့်နိုင်ခြင်း။
ခဏခဏ ပြောင်းတတ်တဲ့ Customer Requirement တွေအတွက် မိမိမှာသာ AutoCAD Electrical 2009 ကို လက်ဝယ်ထားရှိမယ်ဆိုရင် သူတို့ ပြောင်းသမျှကို မိမိက အချိန်ကုန် သက်သာစွာ အလွယ်တကူ စောင့်ကြည့်နိုင်မှာ ဖြစ်ပါတယ်။

(၁၀). ယခင် ရှိပြီးသား Drawing တွေကို ပြန်အသုံးချနိုင်ခြင်း။
Electrical2009 ဆိုတော့ ယခင်Versionတွေနဲ့ဆွဲထားတဲ့ Drawing တွေ သုံးမရတော့မှာ စိုးရိမ်ကြသူများအတွက် ယခင်Version တွေနဲ့ ဆွဲထားတဲ့ Drawing တွေကိုလည်း Electrical၀ိဥာဉ်သွင်းပြီး ပြုပြင် ပြောင်းလဲမှုများ လုပ်ဆောင် နိုင်ပါတယ်။ဒါတွေက မောင်လူအေး သွားတက်တဲ့ Seminar က Presenter ရှင်းပြတာတွေနဲ့ ဒီ Booklet လေးထဲ ပါတဲ့ AutoCAD ကနေပြီး AutoCAD Electrical 2009 ကို ပြောင်းသင့်တဲ့ အကြောင်းရင်း ၁၀ ချက်ကို ဆီလျော်အောင် ဘာသာပြန်ထားခြင်းပဲ ဖြစ်ပါတယ်။ အဓိကက AutoCAD Electrical 2009 ဆိုတဲ့ အတိုင်း Electrical Specialized – M&E Works တွေ လုပ်တဲ့ ကုမ္ပဏီတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ Drafter များအတွက် အလွန်တရာမှ သင့်လျော်တယ်လို့ ဆိုချင်ပါတယ်။ အကယ်၍များ စိတ်ဝင်စားတယ် ဆိုရင် INNOCOM TECHNOLOGIES PTE LTD တည်ရှိရာ
18 Kaki Bukit Road 3
#02-04 Entrepreneur Business Centre
Singapore 415978
Tel: 67495022 Fax: 67495531
URL: http://www.innocom.com.sg/atc

ကို ဆက်သွယ်ပြီး အခမဲ့ Seminar သွားရောက်တက်ရောက်နိုင်ပါတယ်။ သူတို့က Drafter တွေနဲ့ Engineer တွေကို မိတ်ဆက် ရှင်းပြပြီးတော့ Companyရဲ့ တာဝန်ရှိသူတွေကို ၀ယ်ယူသင့်တယ် မသင့်ဘူး ပြန် တင်ပြပေးရုံပါပဲ။ မောင်လူအေး ဘာကြော်ငြာခမှ ရလို့ မဟုတ်ပါဘူးဗျာ။ မိမိ ကုမ္ပဏီက ၀ယ်သည်ဖြစ်စေ၊ မ၀ယ်သည်ဖြစ်စေ ကိုယ်ကတော့ AutoCAD Electrical 2009 ရဲ့ Feature တွေကို တွေ့မြင် ထိသိနိုင်တဲ့အတွက် အခမဲ့ ကြော်ငြာပေးလိုက်ရခြင်း ဖြစ်ပါတယ်ဗျာ။
( အော်တိုကဒ်နှင့် ပတ်သတ်သော သတင်းအချက် အလက်များကို တစ်စုတစ်စည်းတည်း ဖြစ်စေရန် အလို့ငှာ ဒီနေရာမှ ကူးယူဖော်ပြပါသည်။ ဖော်ပြခွင့်ပေးသော ကိုလူအေးအား အထူးပင် ကျေးဇူးတင်ရှိပါတယ်။ ) 

 

Menu Browser of AutoCAD2009

1 comments - Post a comment

AutoCAD 2007, 2008 စတာတွေကိုတောင် သေသေချာချာ နှံနှံစပ်စပ် သုံးလို့မပြီးသေးခင်မှာ AutoCAD 2009ဆိုတာကြီးကို သုံးစွဲသူတွေ လက်ထဲကို ထည့်ပေးလိုက်ပါတယ်။ အစပထမတော့ စိတ်မ၀င်စားပါဘူး။ ဒါပေမယ့် လူပြောသူပြောများလာတော့ ကွန်ပြူတာမှာ အင်စတောလုပ်ပြီး သုံးကြည့်လိုက်ပါတယ်။ Application Window ကြီးကို စဖွင့်လိုက်တာနဲ့ အသွင်သစ်၊ အမြင်သစ်တွေနဲ့ တစ်မူထူးခြားစွာ ဖန်တီးထားတဲ့ AutoCAD 2009 ကို လှလှပပ တွေ့လိုက်ရပါတယ်။ Default Window မှာ ပါဝင်နေကြ Status Bar, Menu Bar, Toolbar စတာတွေကို ဒီဇိုင်းပုံစံအသစ်တွေနဲ့ ဖန်တီးထားသလို Info Center စတဲ့ ToolBar အသစ်တွေကိုပါ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ Menu Bar ကိုအရင်ကလို Toolbar တွေရဲ့ အပေါ်မှာ အလွယ်တကူ မတွေ့နိုင်ပဲ ဘယ်ဘက်ထောင့်လေးမှာ Menu Browser Icon အနေနဲ့ တွေ့ရမှာ ဖြစ်ပါတယ်။
အဲဒီ့အိုင်ကွန်လေးကို နှိပ်လိုက်ရင် မီနူးဘားမှာ ပါဝင်နေကြဖြစ်တဲ့ File, Edit, View အစရှိတာတွေကို Vertical list တစ်ခုအနေနဲ့ တွေ့ရမှာဖြစ်ပြီး၊ Menu List ကိုတော့ Horizontal List အနေနဲ့ တွေ့ရမှာ ဖြစ်ပါတယ်။
မီနူးဘောက်စ်ရဲ့ အပေါ်လေးမှာ Search Menu Bar ကိုမြင်တွေ့ရမှာပါ။ Command တစ်ခုခုကို မေ့နေလျှင်၊ ဒါမှမဟုတ် Toolbar တစ်ခုခုကို အလွယ်တကူ ရှာမတွေ့လျှင်ဖြစ်စေ ထိုနေရာလေးတွင် ရှာဖွေနိုင်ပါတယ်။
Menu Brower ထဲမှာ Menu Toolbar တွေအပြင် Recent Documnets, Open Document, Recent Actions စတာတွေကိုပါ မြင်တွေ့ကြရမှာပါ။ Recent Document နဲ့ Open Document စတာတွေကို ပြန်ကြည့်တဲ့ နေရာမှာ Drawing တွေကို အကြီးအသေး နှစ်သက်သလို ပြောင်းလဲနိုင်သလို ပုံတွေကိုရက်စွဲအလိုက် အမျိုးအစားအလိုက် အစီအစဉ်တကျ စီစဉ်ထားနိုင်ပါတယ်။ ပုံ၏အပေါ်ကို မောက်စ်ဖြင့် ရွေးချယ်ထားချိန်တွင် ထိုပုံကို သိမ်းဆည်းထားသည့် နေရာ၊ နေ့ စသည်တို့ကို အလွယ်တကူ သိရှိနိုင်ပါသည်။

 

ကျွန်မတို့တိုင်းပြည်မှာ အော်တိုကတ်နဲ့ အများဆုံး အလုပ်လုပ်ကြတဲ့ နိုင်ငံတွေကတော့ စင်ကာပူနဲ့ ဒူဘိုင်းနှစ်နိုင်ငံပါပဲ။ ကျွန်မကိုယ်တိုင် စင်ကာပူမှာ အလုပ်လုပ်နေတာ ဖြစ်တာကြောင့် စင်ကာပူက လုပ်ငန်းအတွေ့အကြုံတွေကို အတန်အသင့် ဖော်ပြပြီးပါပြီ။ ဒူဘိုင်းက အလုပ်အခြေအနေကို ကျွန်မကိုယ်တိုင်လည်း သိချင်ပါတယ်။ မသိသေးတဲ့သူတွေကိုလည်း သိစေချင်ပါတယ်။ ဒါကြောင့် ဒူဘိုင်းမှာ လက်ရှိအလုပ်လုပ်နေတဲ့ ကိုဖိုးမောင်ကို အပူကပ်ရတော့တာပေါ့။ ပို့စ်မပြီးမချင်း ဂျီတော့မှာ နားပူနားဆာလုပ်ပါတယ်။ သူလည်းတော်တော် နားညီးလာလို့ ထင်ပါတယ် ပို့စ်ကို မြန်မြန်ရေးပေးရှာပါတယ်။ တော်တော်ပြည့်စုံပြီး တန်ဖိုးရှိတဲ့ ပို့စ်ဖြစ်တာကြောင့် ကျေးဇူးတင်ပါတယ်အကို။

ဒူဘိုင်းမှာ AutoCAD ဖြင့် အလုပ်လုပ်ချင်သူများအတွက်
ညီမလေး KPZ က AutoCAD အလုပ် နှင့်ပတ်သတ်ပြီး ဒူဘိုင်းကအခြေနေကို သိချင်ပါတယ်ပြောတော့ ဘာပြောရမလဲ အတော်စဉ်းစားရပါတယ်။ ခက်တာက ကိုယ်တိုင်ကလည်း        ၀ါးတားတား ဆိုတော့ အခက်တွေ့တာပေါ့။ ကဲ...တတ်နိုင်ပါဘူး သိသလောက်တော့ ပြောမယ်လို့ အားတင်းပြီး ဒီပိုစ့်ကို ရေးလိုက်တာပါ။ လိုအပ်တာရှိရင် ဖြည့်စွက်ပေးကြပါဗျား။

အလုပ်အကြောင်း မပြောခင် ဒူဘိုင်းကို မိတ်ဆက်ပေးချင်ပါသေးတယ်။ မသိတဲ့သူတွေအတွက်ပါခင်ဗျား။ သိသော သူများ သည်းခံတော်မူကြပါ။ ဒူဘိုင်းဆိုတာ ယူအေအီး( United Arab Emirates ) ရဲ့ ဒုတိယ မြို့တော်ဖြစ်ပြီး အထင်ရှားဆုံးမြို့တော်လည်း ဖြစ်ပါတယ်ဗျာ။ ကုလားတွေ အများဆုံးနေကြပါတယ်။ စော်ဘွားတွေ၊ အာရပ်လူမျိုးတွေ၊ ဘင်္ဂလားဒေ့ခ်ျလူမျိုးတွေ၊ ပါကစ်စတန်တွေလည်း အတော်များများ နေထိုင်ကြပါတယ်။ ကျွန်တော်တို့လို အလုပ်လာလုပ်တဲ့ သူတွေလည်း ရှိတာပေါ့။ ခုချိန်ဟာ ဒူဘိုင်းမြို့တော်ရဲ့ တည်ဆောက်ရေးကာလဖြစ်နေတော့ နိုင်ငံပေါင်းစုံက လူမျိုးပေါင်းစုံရဲ့ ရင်းနှီးမြှုပ်နှံရာ အလုပ်အကိုင်ရှာဖွေရာ စားကျက်မြေတစ်ခုလိုပါပဲ။

တည်ဆောက်ရေးလုပ်ငန်းတွေမှာ အင်ဂျင်နီယာတွေ၊ အတတ်ပညာရှင်တွေ၊ ဆောက်လုပ်ရေးလုပ်သားတွေ အများကြီးလိုအပ်နေတဲ့ အချိန်ပါ။ ဒူဘိုင်းမှာ အလုပ်လုပ်ဖို့လာတဲ့သူတွေ အခုနောက်ပိုင်းအတော်များ လာပါတယ်။ အများစုက ဟော်တယ်နှင့် အရောင်းစာရေး အလုပ်တွေ များပါတယ်။ အေဂျင်စီတွေလည်း သူအကန့်နှင့်သူ ရှိပါတယ်။ အမှန်အကန်တွေရှိသလို အကြံအဖန်တွေလည်းရှိတယ်ဗျိုး။ ဒါကြောင့်လာမယ်ဆို သတိတော့ ထားစေချင်ပါတယ်။

အင်ဂျင်နီယာနှင့် AutoCAD သမားတွေအတွက်တော့ ကျွန်တော်သိသလောက် အလုပ်ရှာဖွေရေး အေဂျင်စီ တွေမရှိသေးပါဘူး။ အဲ…ကျွန်တော် လေ့လာမှုအားနည်းလို့ မသိတာလည်းဖြစ်နိုင်ပါတယ်။ စင်္ကာပူမှာလို အေးဂျင်စီ ကောင်းကောင်းမရှိတာတော့သေခြာပါတယ်။ ဒီမှာအလုပ်လုပ်နေကြတဲ့ မြန်မာ အင်ဂျင်နီယာတွေ၊ Auto CAD သမားတွေ အတော်များများ ကတော့ စင်္ကာပူကနေတဆင့် ရောက်လာသူတွေ၊ Visit visa နှင့်လာ၊ ဒီရောက်မှအလုပ်လျှောက်ပြီး အလုပ်ရတဲ့သူတွေပဲ တွေ့ရတာပိုများပါတယ်။ Onlineကနေလျှောက်ပြီး ရတဲ့သူတွေလည်းရှိနိုင်ပါတယ်။ ကျွန်တော့ အသိထဲမှာတော့ မရှိသေးပါဘူး။

အခု AutoCAD နှင့် ပတ်သတ်ပြီး ဒူဘိုင်းမှာအလုပ်လုပ်ချင်သူများအတွက် အလုပ်နှင့်ပတ်သတ်ပြီး ကျွန်တော်သိသလောက် ပြောပြပါမယ်။ အထူးသဖြင့် AutoCAD ကိုစိတ်ဝင်စားပြီး အသက်မွေးဝမ်းကြောင်း ပညာရပ်အဖြစ်လေ့လာ ချင်သူများ၊ အင်ဂျင်နီယာကျောင်းဆင်းစ ညီငယ်၊ ညီမငယ်များအတွက် အနည်းငယ် အထောက်အကူဖြစ်လိမ့်မယ်လို့ မျှော်လင့်မိပါ တယ်ခင်ဗျာ။

ကျွန်တော် အခုလုပ်နေတဲ့ ကုမ္ပဏီမှာ မြန်မာ၊ဖိလစ်ပိုင်နှင့် ဗီယက်နမ်လူမျိုး (၃) မျိုး AutoCAD Draftsman တွေအဖြစ် ရှိပါတယ်။ အခြားလူမျိုးတွေအကြောင်း မပြောတော့ပါဘူး။ မြန်မာ AutoCAD သမားတွေရဲ့အခြေအနေကိုပဲ ပြောပါ့မယ်။ ဒီကုမ္ပဏီမှာတင် (၃) မျိုးကွဲနေပါတယ်။

၁- စင်္ကာပူရုံးကနေလိုအပ်လို့ လွှတ်လိုက်တဲ့ ယာယီလာတဲ့သူ
၂- မြန်မာနိုင်ငံမှာ အင်တာဗျူး၊ စင်္ကာပူမှာ (၁)လ လောက် ထရိန်နင်ပေးပြီး ဒူဘိုင်းဝန်ထမ်း အဖြစ်ပို့လိုက်တဲ့သူ
၃- ဒီ ဒူဘိုင်းမှာပဲ Visit visa နှင့်လာပြီး အလုပ်လျှောက်လို့ အလုပ်ရပြီး ၀င်လုပ်နေတဲ့သူ ဆိုပြီး (၃) မျိုးပါပဲ။

ပထမ position ကသူတွေကတော့ လစာအကောင်းဆုံးနှင့် အခွင့်အရေးအများဆုံးရတဲ့ သူတွေပါ။ သူတို့တွေက စင်္ကာပူလေဘာလောအရ oversea ဖြစ်နေတော့ လစာတို့အခွင့်အရေးတို့ ပိုရတာပါ။ နေစရာပေးပါတယ်။ ရုံးတတ်ရုံးဆင်းအတွက် အကြိုအပို့ကားစီစဉ်ပေးပါတယ်။ သူတိုကိုတော့ အိုတီ မပေးပါဘူး။

ဒုတိယ position ကဒူဘိုင်းရုံးအထိုင် အနေနဲ့ခန့်ထားတဲ့သူတွေပါ။ မြန်မာနိုင်ငံကနေ တကူးတက အင်တာဗျူးပြီး ခေါ်လာတဲ့ သူတွေဆိုတော့ နေစရာပေးပါတယ်။ ရုံးတတ်ရုံးဆင်းအတွက် အကြိုအပို့ကားစီစဉ်ပေးပါတယ်။ လစာ ကတော့ ပထမသူတွေလောက်မကောင်းပါဘူး။ အိုတီ ပေးပါတယ်။

တတိယ ကတော့ ဒူဘိုင်းမှာတင်လျှောက်ပြီး အလုပ်ရတဲ့သူတွေပါ။ အဲဒီသူတွေကိုတော့ နေစရာစီစဉ်မပေးပါဘူး။ နေစရာကိုယ့်ဘာသာရှာရပါတယ်။ နေစရိတ်အဖြစ် သင့်တင့်တဲ့ ငွေကြေးပမာဏပေးပါတယ်။ ရုံးတတ်ရုံးဆင်းအတွက် အကြိုအပို့ ကားစီစဉ်ပေးပါတယ်။ အိုတီ ပေးပါတယ်။ ဒါ လက်ရှိကျွန်တော်လုပ်နေတဲ့ ကုမ္ပဏီက ၀န်ထမ်းတွေရဲ့အခြေအနေပါ။

အခြားကုမ္ပဏီတွေမှာလုပ်နေတဲ့ ကျွန်တော့ သူငယ်ချင်းတွေကတော့ ပိုကောင်းတာတွေရှိသလို မကောင်းတာ တွေလည်း ရှိပါတယ်။ အချို့သူတွေလစာနည်းပြီး နေစရာ၊ စားစရာ စီစဉ်ပေးတာလည်းရှိတယ်။ အချို့ကိုယ့်ဘာသာစီစဉ်ရပြီး ကုမ္ပဏီက အဲဒီအတွက် စာရိတ်ပေးတာတွေလည်းရှိတယ်။ နည်းတာ၊များတာတော့ ကုမ္ပဏီအပေါ်မူတည်ပါတယ်။

အလုပ်မှာရှိတဲ့ သူတွေရဲ့ အနေအထားနှင့်ပတ်သတ်ပြီး ကျွန်တော်သိသလောက်ပြောပြတာပါ။ အလုပ်နှင့် ပတ်သတ်တာကတော့ ဘယ်လုပ်ငန်းဖြစ်ဖြစ် အတွေ့အကြုံရှိတဲ့ သူတွေကတော့ အဆင်ပြေတာပါပဲ။ အဲဒီတော့ မလာခင် မြန်မာနိုင်ငံမှာ လုပ်ငန်းအတွေ့အကြုံ (၁) နှစ်လောက်ရှိထားသင့်ပါတယ်။ အင်ဂျင်နီယာ သင်တန်းမတတ်ဘူးတဲ့သူများ ကတော့ အင်ဂျင်နီယာ နှင့်ပတ်သတ်တဲ့ Drawing တွေကို နားလည်နိုင်၊ ဆွဲသားနိုင်အောင် လေ့လာထားသင့်ပါတယ်။ လုပ်ငန်းတွေ့အကြုံရအောင်လည်း တနည်းနည်းနှင့်သာဖြစ်အောင် ကြံစည်ပါတော့။ AutoCAD နှင့် အလုပ်ရနိုင်တဲ့ လုပ်ငန်းတွေကတော့ Construction တွေက Drawing Department တွေ၊ Interia Decoration လုပ်ငန်းတွေ၊ Furniture လုပ်ငန်းတွေ၊ Landscape လုပ်ငန်းတွေ စတဲ့ အင်ဂျင်နီယာ အတတ်နှင့် ပတ်သတ်တဲ့ လုပ်ငန်းတွေမှာ အလုပ်ရနိုင်ပါတယ်။ အဆင်ပြေရာလျှောက်ရမှာဖြစ်တဲ့ အတွက် အဲဒီအလုပ်တွေနှင့်ပတ်သတ်ပြီး အနည်းငယ်စီ တီးမိခေါက်မိအောင်တော့ လေ့လာထားသင့်ပါတယ်။

လုပ်ငန်းအတွေ့အကြုံမရှိဘဲ အလုပ်ဝင်ရပြီဆိုရင် အတော်လေး အခက်အခဲ တွေ့ပါလိမ့်မယ်။ ကျွန်တော်နှင့် သိတဲ့သူ နှစ်ယောက် သုံးယောက် အခက်အခဲ တွေ့တာ လက်တွေ့ပါပဲ။ ပထမတစ်ယောက်က site အတွေ့အကြုံ နည်းနည်းရှိတယ်၊ AutoCAD အတွေအကြုံ လုံးဝမရှိဘူး။ သင်တန်းကသင်လိုက်တာပဲ ရှိတယ်။ အဲဒီတော့ လုပ်ငန်းခွင်မှာ တော်လေးအထင်သေးခံ အနှိမ် ခံရပါတယ်။ ဇွဲရှိရှိနှင့်ကြိုးစားလို့ နောက်ပိုင်းတော့ အဆင်ပြေ သွားပါ တယ်။ ဒါပေမဲ့ ရောက်စမှာ တော်လေး စိတ်ညစ်ခဲ့၊ စိတ်ဆင်းရဲခဲ့ ရပါတယ်။

ညီမငယ်တစ်ယောက်ဆို ရတဲ့ ကုမ္ပဏီမှာဝင်လုပ်တာ တစ်လကို 3500 DHS လောက်ပဲ ရပါတယ်။ နေထိုင်သွားလာရေး ဘာမှစီစဉ်မပေးပါဘူး။ နောက်ဆိုးတာက Residence Visa ရအောင်ကုမ္ပဏီ ကစီစဉ်မပေးပါတာပါပဲ။ အဲဒါကြောင့် (၃) လတစ်ကြိမ် stay ရှောင်နေရပါတယ်။ အဲဒီအတွက် ကုန်ကျစာရိတ်ကလည်း မသေးပါဘူး။ ပြောရရင် မအိုကေဘူးပေါဗျာ။ သူလည်းဒီမှာ(၁)နှစ် ကျော်လောက်အလုပ်လုပ်ပြီး ဒီကအတွေ့အကြုံတွေနှင့် စင်္ကာပူမှာ အလုပ်လျှောက်ပါတယ်။ အခုဆို S$ 2000 ကျော်ရတဲ့ အလုပ်ကို လုပ်နေနိုင်ပါပြီ။ နောက်တစ်ယောက်ကတော့ AutoCAD ကို ကောင်းကောင်း ဆွဲတတ်ပါတယ်။ ဒါပေမဲ့ အလုပ်တွေ့အကြုံမရှိပါဘူး။ သူ့ရဲ့ဘာသာရပ်ကလည်း အဆောက်အဦနှင့်ပတ်သတ်တာ မဟုတ်ပြန်တော့ အလုပ်ဆွဲခိုင်းတာကို အဆင်ပြေအောင် မဆွဲနိုင်ပါဘူး။ မေးစရာလူလည်းမရှိ၊ သင်ပေးမဲ့ သူလည်း မရှိဆိုတော့ အတော်လေးကို အခက်အခဲဖြစ်ပါတယ်။ နောက်ဆုံးလစာပေးတော့ ပြောထားတဲ့လစာရဲ့ တစ်ဝက်ပဲ ပေးပါတယ်။ အဆိုးဆုံးကတော့ Residence Visa လုပ်မပေးတာပါပဲ။ ဒါနဲ့စင်္ကာပူပြန်သွားပြီး အလုပ်ပြန်ရှာရပါတယ်။ ဒီကအတွေ့အကြုံ (၁)လကျော်က အလုပ်အတွက် အနည်းငယ်အထောက်အကူ ဖြစ်စေပါတယ်။ အခုအဆင်ပြေနေတယ်ကြားလို့ ၀မ်း သာရပါတယ်။
 
ကျွန်တော်နှင့်အတူလာခဲ့တဲ့ အစ်မကြီးကတော့ တော်လေးကျွမ်းကျင်ပါတယ်။ (၅) နှစ်ကျော်လောက် AutoCAD အတွေ့အကြုံ ရှိပါတယ်။ သူ့ကို ဒူဘိုင်းအတွက်ရည်ရွယ်ပြီး ခေါ်ခဲ့ပေမယ့် အရမ်းပဲကျွမ်းကျင်နေတော့ စင်္ကာပူမှာပဲ ထားပြီး ဒူဘိုင်း နှင့် စင်္ကာပူ အပြန်အလှန် သွားပြီး အလုပ်လုပ်နေရပါတယ်။ ကျွန်တော့ အခြေအနေ ပြောရရင် အရမ်းလည်းမတော်၊ အရမ်းလည်းမညံ့ ပါဘူး။ အဲဒီတော့ အခက်အခဲ မတွေ့ရပါဘူး။ စင်္ကာပူမှာ ခေါ်ထားရ လောက်အောင်လည်း မတော်တော့ ဒူဘိုင်း အထိုင်နှင့်သာ လုပ်နေရပါတယ်။ ဒါကြောင့် AutoCAD ရဲ့စွမ်းရည် ကလည်း အလုပ်ဝင်ရာမှာ အထူးလိုအပ်ပြီး အရေးပါတယ်ဆိုတာသိသာလောက်ပါတယ်။

ဒါကြောင့် မြန်မာပြည်မှာရှိတဲ့ ညီငယ်၊ ညီမငယ်များ AutoCAD နှင့် အင်ဂျင်နီယာ ပညာရပ်များကို မြန်မာပြည်မှာပဲ ဈေးသက်သက်သာသာနှင့် လေ့လာပြီး တတ်ကျွမ်းပြီဆိုမှ လာစေချင်ပါတယ်။ ဒူဘိုင်းမှာ Basic AutoCAD သင်တန်း တတ်မယ်ဆိုရင် DHS 1500 လောက်ရှိပါတယ်။ မြန်မာငွေ (၅) သိန်းနီးပါးလောက် ကုန်ကျနိုင်ပါတယ်။(စင်ကာပူမှာဆို တစ်နာရီကို စလုံး ၁၅ကျပ်ကနေ ၂၀ကြားရှိတတ်ပါတယ်)။  အဲဒီတော့ ဒီရောက်မှသင်မယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုး နှင့် ကိုယ့်နိုင်ငံ ကထွက်လာရပြီးရော စိတ်မျိုး မထားစေချင်ပါဘူး။

နောက်လုပ်ငန်းခွင် အနေနှင့်လည်း Construction တွေမှာဆိုရင် site တွင်း shop Drawing တွေလောက်သာ ဆွဲရဖို့များပါတယ်။ အထူးသဖြင့် 2D လောက်သာ ဆွဲရတတ်ပါတယ်။ အဲဒါဆို သိပ်ပြဿနာမရှိပါဘူး။ အဲ… Interia Decoration နှင့် Furniture Company တွေမှာလုပ်ရပြီဆိုရင်တော့ Presentation အတွက် 3DSMAX ၊ Photoshop ၊ MS Powerpoint စတဲ့ Softwares တွေ ကျွမ်းကျင်ဖို့လိုအပ်ပါတယ်။ အဲလိုကျွမ်းကျင်ပြီ ဆိုရင်တော့ လစာ အတော်လေးကောင်းပါပြီ။ DHS 8000 နှင့် 15000 ကြားမှာရနိုင်ပါတယ်။ (စလုံးမှာဆိုရင် အနည်းဆုံး ၂၅၀၀ ကစရတတ်ပါတယ်) အလုပ်ကလည်း အမှန်တကယ်လုပ်ရ ပါလိမ့် မယ်။

ကျွန်တော်နှင့် အတူလုပ်နေတဲ့ ဖိလစ်ပိုင်တစ်ယောက် အလုပ်ပြောင်းသွားတော့ ၀င်ဝင်ခြင်း DHS 12000ပေးပါ တယ်။ ညီငယ်လေးတစ်ယောက် ပြောင်းဖို့အင်တာဗျူးသွား တာ DHS 8000 အခြေခံ ပေးမယ်ပြော ပါတယ်။ သူတို့တွေကတော့ ဒူဘိုင်းမှာကို အတွေ့အကြုံ (၁) နှစ်ကျော်ရှိသွားတဲ့သူတွေပါ။ အားကျစရာကောင်းအောင်၊ ကြိုးစားချင်အောင် ကျွန်တော်သိသမျှပြောပြခြင်းပါ။

အဲဒါတွေကတော့ ကျွန်တော့ အသိ AutoCAD သမားတွေထဲက အဆင်ပြေတဲ့ သူတွေနှင့် မပြေတဲ့ သူတွေ အကြောင်းကို သိရအောင်ပြောရခြင်းပါခင်ဗျား။ ဒီလောက်ဆို AutoCAD အလုပ်နှင့် ပတ်သတ်ပြီး ဘာတွေ ကြိုတင်လေ့လာထားသင့်တယ်ဆိုတာ စဉ်းစာ စီစဉ်နိုင်လိမ့်မယ်လို့ မျှော်လင့် မိပါတယ်။

ဆက်ရန်_
ဖိုးမောင်(happycloud1000)

 

ကျွန်မဘလော့ကို နေ့တိုင်းပို့စ်မတင်နိုင်ပေမယ့် ဘလော့အတော်များများကို နေ့တိုင်းဖတ်ဖြစ်ပါတယ်။ ကျွန်မဘလော့က AutoCAD နဲ့ပတ်သတ်တဲ့ နည်းပညာတစ်ချို့ကို ဖလှယ်ထားတဲ့ဘလော့ပါ။ အခုပို့စ်ကတော့ ကျွန်မကိုယ်တိုင်ရေးထားတဲ့ပို့စ် မဟုတ်ပါဘူး။ ကျွန်မသွားဖတ်ခဲ့တဲ့ ဘလော့က ပို့စ်တစ်ခုကို AutoCAD နဲ့ ပတ်သတ်ပြီး အလုပ်ရှာတဲ့လူတွေ သိသင့်တယ်ထင်လို့ ဘလော့ပိုင်ရှင်ရဲ့ ခွင့်ပြုချက်နဲ့ တစ်စုတစ်တည်းဖြစ်အောင် တင်ပြလိုက်တာပါ။ မူရင်းပို့ကို ဖတ်ချင်တယ်ဆိုရင်တော့ ဒီမှာ သွားဖတ်ပါနော်။ ခွင့်ပြုချက်ပေးတဲ့ ကိုစိုင်းထွန်းကိုလည်း ကျေးဇူးတင်ပါတယ်လို့ ထပ်လောင်းပြောပါရစေ။

စင်ကာပူ မှာ အလုပ်ရှာရသော အခက်အခဲများ
အင်း ၂၀၀၅ ခုနှစ်လောက် ကပေါ. မြန်မာပြည် မှာနေရင်း စင်ကာပူမှာ သွားအလုပ်လုပ်ချင်တော. စင်ကာပူ က အလည်ပြန်လာတဲ.ကိုကို၊မမ တွေရဲ. စကားတွေ နားစွင်.ရတာပေါ.။ သူတို.တွေရဲ. အပြောအရ စင်ကာပူမှာလောလောဆယ် Draft man (Auto CAD)အလုပ်ဟာ ရှာရလွယ်တယ် ပေါ.နော်.။ ဒါကြောင်. ကိုယ်လဲ မြန်မာပြည် မှာ Auto CAD ကိုဇောက်ချ လေ.ကျင်.လိုက်ပါတော.တယ်။ သင်တန်း တွေ တက်တယ်ပေါ.နော်။ ဒါနဲ. လာမယ် လာမယ် နဲ. လုပ် တာ စိတ်က ပါပေမယ်. ငွေက မလိုက်နိုင်တော. ငွေစုရင်း ၂၀၀၈ ခုနှစ် နှစ်လယ်ထိရောက်သွား တာပေါ.။

စလုံး ကို လာဖို.လဲ အားလုံးသေသေချာချာ ပြင်ဆင်ရတယ်နော်။ မြန်မာပြည် ကတည်း က သူငယ်ချင်း ကို နေစရာ တနေရာ ရဖို. ၁ လလောက်ကြိုပြောရတယ်။ အဲ.လိုမှ မဟုတ်ရင် ရောက်လာလို. နေရာစရာ မရ လို. တည်းခိုခန်း တွေ ၊ သူများ အိမ်ဧည်.ခန်းတွေ ကပ်ပြီး အိပ်ရတာ တွေ ဖြစ်မယ် လို. သူငယ်ချင်းကပြောပြထားတယ်လေ။

စလုံးကိုလေယာဉ်ဆိုက်တဲ. အချိန် က သူငယ်ချင်း ရဲ. အလုပ်ချိန်ဖြစ်နေလို. လိပ်စာ ကို Taxi ဆရာ ပြပြီး နေရမဲ. အိမ်ကို ကိုယ်ထူကိုယ်ထ ချီတက်လာရတယ်လေ။ စလုံးက တရုတ်တွေ က တော်တော် ကိုသဘောကောင်းတယ် ခင်ဗျ ရွဲ.ပြောတာ၊ Taxi ဆရာ ကလဲ တိုက်ခန်း (Block)အောက်မှာ ထိုးရပ်ပေးတယ်လေ။ ဒီတော. ပိုက်ဆံရှင်းပြီး ကိုယ်.အထုပ်အပိုးတွေ ကို ကားနောက်ဖုံးကနေ ဆွဲချရတယ်ပေါ.။ ဒါကို ကူညီမယ် မရှိပဲ အဲ.နေ.က မိုးရွာ နေတော. သူကားနောက်ဖုံး ရေစိုမှာ ဆိုးလို. "အမြန်လုပ် ကားနောက်ဖုံး ရေစိုကုန်တော.မယ်" လို.တောင် မာန်လိုက်ပါသေးတယ်။ ဒါကတခု။ နောက်တခု က အခန်း က အပေါ်ထပ်မှာ ဆိုတော. တက်ရတာပေါ. ဓါတ်လှေကားနဲ.။ တိုက် က ဓါတ်လှေကား ၂ စင်း ရှိတော. မဟုတ်တဲ. ဘက်ကို မှားတက်သွားမိတော. လုံးဝ ကိုလမ်းပျောက်တော.တာပေါ.။ တိုက်နံပါတ်ကလဲ တူနေတယ် ဘာလို.ရှာမတွေတာတုန်းဆိုတော. တိုက်ခန်း တခုက ထွက်လာတဲ. တရုတ်မ ကြီးကို မေးတယ် တိုက်ခန်း နံပါတ် xx-xx က ဘယ်မှာ တုန်း ဆိုတော. "Don't Know" ဆိုပြီး အခန်းတံခါး ကိုဆောင်.ပိတ်ပြီး သူ.အိမ်ထဲ သူဝင်သွားတယ်လေ။ ကောင်းကောင်းမွန်မွန် မသိဘူးလို.ပြောရင် သေမယ်ထင်မယ်နော်။ ပုံစံ က သူအိမ်ရှေ.ထွက် လေညင်းခံ နေတာ ကို နှောက်ယှက်ခံရတဲ. မျက်နှာပေါက်နဲ.။ သြော် နောက်ဆုံးမှ အောက်ဆင်း ပြီး နောက် ဓါတ်လှေခါးနဲ. တက်မှ စလုံးက ကိုယ်.ရဲ. Home Sweet Home လေးကိုရောက်ပါတော.တယ်။ သူငယ်ချင်း က အိမ်သော.ကို အိမ်ရှေ.က ရူးဖိနပ် ထဲ ထည်.ထားတယ် နိုက်လိုက်လို.မှာထားလို. နိုက်ပြီး အိမ်ထဲ ရောက်ပါတော.တယ်။ ဟူး မောလိုက်တာ။
ကဲ လုပ်ငန်း စပြီဗျိုး ညှားပြီ www.jobstreet.com , www.jobsdb.com တို. Strait Time သတင်းစာ တို.နဲ.။ အလုပ် ကတော. လျှောက်တယ် ၁ နေ.ကို ၅ ခုနှင်.အထက်။ အဲ.ဒါတောင် ၁ ပတ်လုံးမှ အင်တာဗျူးက ၂ ခုလောက်ရရင်ကံကောင်း။ တခါ ကြုံဖူးလိုက်တယ် ဖုန်း ၀င်လာတယ်လေ ကိုယ်ပြောတဲ. အင်္ဂလိပ် လေသံကို နားထောင် ပြီး "Where are you from?" လို.မေးတယ်လေ။ ဒါနဲ. ဖြေတာပေါ. "MYANMAR" လို.။ ပြန်ပြောတယ် စလုံးမ က "Sorry, BURMA CANNOT" ဆိုပြီး ဖုန်းချသွားပါလေရဲ.။ အင်း မလွယ်ပါလားနော်။
ခေတ်ဆိုတာလဲ အမြဲတမ်းပြောင်းလဲနေပါတယ်။ ၂၀၀၅ ခုနှစ် က ခေတ်စားတဲ. အလုပ်ဈေးကွက် နဲ. ၂၀၀၈ ခုနှစ် အလုပ်ဈေးကွက်နဲ. မတူဘူးလို.ပဲ ကျွန်တော်ယူဆ လိုက်ပါတယ်။ ဘာလို.လဲ ဆိုတော. မြန်မာပြည် ကနေ Draft man အလုပ်နဲ. လာရှာတဲ. သူ ပေါများ လာတော. အလုပ် ရှာရတာ ခက်ပြီး လစာကလည်း အင်မတန်ကို လျှော.နည်း သွားလို.လေ။ စင်ကာပူရဲ. အလုပ်သမား ၀န်ကြီးငှာန ရဲ. rule အရ Special Pass (SP)တစ်ယောက် ရဲ. လစာ က ဒေါ်လာ ၁၈၀၀ အနည်းဆုံးရတဲ.သူဖြစ်ရမယ်ဆိုတော. ဒုက္ခရောက်တော.တာပေါ.။ ဒါပေမယ်. အချို.သော ကုမ္ပဏီ တွေလဲ နားလည်မူနဲ. လစာ ၁၈၀၀ အောက် ရပေမယ်. S Pass ကို ၁၈၀၀ နဲ. လျှောက်ပေးပြီး နောက်မှ အချင်းချင်း သဘောသူညီမူ ယူစားပြီး လစာ ထဲ က ပြန်ဖြတ်တာတွေလဲ ရှိပါတယ်။
Draft Man အလုပ်တိုင်း ၁၈၀၀ အောက် ရတယ် လို.တော. မဆိုလိုဘူးပေါ.လေ။ တချို. လုပ်သက်ရှိ တဲ. ကျွမ်းကျင်တဲ.သူတွေ ဆိုလဲ ဒီထက်မကရကျပါတယ်။ ကျွန်တော် ကတော. အလုပ်အတွေ.အကြုံမရှိတော. အစခက်တာပေါ. လေ။
Draft man အလုပ်ဆို ရင် ၀က်ဆိုဒ် ကနေ ရှာ တာ ထက် သတင်းစာကို ပိုအားကိုးရတယ်။

သတင်းစာမှာ Walk in အင်တာဗျုးဆို ပြေးပေတော. ပေးထားတဲ. လိပ်စာ ကို။ ဒါမျိုးဆို သေချာပေါက် မြန်မာ တွေ တန်းစီ နေမယ်ဆိုတာ။ ဒီတော. မြန်မာ တွေ က ကိုယ် အလုပ် မရ မှာ ပြန်ရမှာ ကြောက်တာနဲ. လစာ ကို အပြိုင်အဆိုင်လျှော.ကျရင်းနဲ. စလုံး ချစ်တီးတရုတ် အကြိုက် $1000 အောက်ထိကို ကျသွားတက်ပါတယ်။
ဒီလိုနဲ. အင်တာဗျူးလေး ၇ ခု ၈ ခုလောက် ဖြတ်သန်းပြီး ၁ လ ကျော် လို. Social visit pass ကို online ကနေ ၁ ခါ တိုးပြီးမှ အလုပ် တခု နဲ.သွားငြိ တယ်လေ။ အင်တာဗျူးလဲ အဆင်ကိုချောလို.ပေါ.။ ကဲ မင်းကို ရွေးလိုက်ပြီ ဆိုတာနဲ. ကုမ္ပဏီ က HR ကို ကိုယ်ရဲ. အချက်အလက်တွေ ပြောပြပေးလိုက်ပြီး အိမ်ကို စိတ်ချမ်းသာ စွာနဲ. လက်ခါးမောင်းခတ်ပြီး ပြန်လာတာပေါ.။ ”ငါ အလုပ်ရပြီကွ!!!!” ကုမ္ပဏီ က S Pass ကို online ကနေ တင်ပေးမယ် ဆိုတော. ၃ ရက် ကြာရင် အဖြေသိရပြီလေ။ တချို. သော ကုမ္ပဏီတွေ ကတော. စာတိုက်ကနေတင်တယ် ဒါဆိုရင်တော. ၃ ပတ်ကြီးတောင်စောင်.ရမှာပေါ.။
သုံးရက်ပြည်. တာနဲ. www.mom.gov.sg မှာ ကိုယ်ရဲ. S Pass status ကို ၀င်ကြည်.တော. Reject ပါတဲ.။ ဒီတော. MOM ကို သွားပြီး officer နဲ. သွားတွေ.တာပေါ. ဘာလို. Reject ဖြစ်ရသလဲ ဆိုတာ သိရအောင်။ Officer ကရှင်းပြလိုက်တော. ကုမ္ပဏီ က မင်းရဲ. S Pass ကိုတင်တဲ. လစာ ဒေါ်လာ ၁၈၀၀ ထက်နည်းနေလို. Reject ဖြစ်ရတာပါတဲ.။
ဟိုက် ကျွန်တော်ထင်တာ စလုံးက ကုမ္ပဏီ တွေ ဒါမျိုး ကိစ္စတွေ ကို Understood ဖြစ်နေပြီ လို.အောက်မေ. လိုက်တာ အခု တော. ငါးပါးမှောက်တာပေါ.။ ဒါကြောင်. အားလုံးမှတ်ထားကျပါ ကိုယ်.လစာ က ၁၈၀၀ ထက်နည်းရင် HR လူကို S Pass မတင်ခင် ၁၈၀၀ နဲ. တင်ပေးဖို. ပေးထားကျပေါ.။ အလုပ်ရလို. ကျွန်တော.လို. ၀မ်းသာ မစောနဲ.ဦးနော်။ တကယ်လို. လစာ ၁၈၀၀ နဲ.တင်လိုက်လို. Reject ဖြစ်သွားရင် အသနား တင်ပြန် ပြန်ကျဖို. က ၃ ပတ်ကြီးများတောင် စောင်.ရတယ်လေ။ ဒါဆို အလုပ်ရှာသူအနေနဲ. မြန်မာပြည် ပြန်ရဖို. ရာခိုင်နူန်း က များသွားပြီလေ။
ဒါနဲ. ကုမ္ပဏီ ကို ပြေးရပြန်ပါတယ်။

ကျွန်တော် - Why did you apply my S Pass with salary of less than $1800.
စလုံး မ - I just applied with your actual salary.
ကျွန်တော် - No. As one of MOM Criteria, the salary must be at least $1800 for a S Pass Holder.
စလုံး မ - Sorry. I cannot do such kind of illegal thing.
သြော် ဒီ စလုံးမ တယ်လက်ပေါက်ကပ် ပါလား။
ကျွန်တော် - OK. Let do it this way. Just apply for me with $1800. Every After pay day, you can deduct from my salary Ok?.
စလုံး မ - Sorry. I think my boss won’t agree with that. You go home and wait lah. Let me discuss with my boss.

သိတာပေါ. ဒီလိုပြောပြီး ပထုတ် လိုက်တာ။ ကျွန်တော်. စိတ်ထင် သူတို. က စင်ကာပူ လူမျိုးတွေ ပဲ အလုပ်ခန်.ဖူးတဲ.ကုမ္ပဏီ ဖြစ်မယ် ထင်တယ်။ MOM ရဲ. စည်း ကမ်း ချက်တွေ ကို နားမလည် တော. ကြောက်တာနေမှာပေါ.။ အစကတော. ဖုန်းမျှော်သေးတာပေါ.။ နောက်တော. အဲ.ကုမ္ပဏီ က ကျွန်တော်လျှောက်ထားနဲ. ရာထူးနဲ. သတင်းစာထဲမှာ ပြန်ပြီးကြော်ငြာ ထပ်ဝင်တယ်လေ “Singaporean and PR only need to apply” တဲ.။ ဒါဆိုသဘောပေါက်။
ဒါနဲ. Stay က ၁ ပတ်ပဲ ကျန်တော.တယ်လေ။ ငါဘာလုပ်ရမလဲ? မြန်မာပြည် ကို ပြန်ပြီး ပြန်လာမလား။ မလေး ကို ၁ ပတ်လောက် သွားရှောင်မလား? မလေးရှောင် လို. ပြန်ဝင် လာရင် တချို.လဲ Stay ၅ ရက် ၁ ပတ် လောက်ရပြီး မြန်မာပြည် ပြန်၇တာတွေ ရှိတယ် လို. လူတွေ ကတော. ပြောကျတာပေါ.။ ကိုယ်.အလှည်.ကျ ဘယ်လို လာမလဲတော. ဘယ်သူ အတပ်ပြောနိုင်မလဲ။
အခုတော. မရတော.ဘူးလေ။ ပုံစံ က ခေါင်းပန်းလှန် ရမယ်။ ခေါင်း က မြန်မာ ၊ ပန်း က မလေး ပေါ.။ ဒီတော. ငါ မလေးရှားရင် ပြန်ဝင်လာလို. Stay မရသည်ထားဦး မလေးရှား ကို ပါ အဆစ် ရောက်ဖူးမယ်။ ဟိုက ကျောင်းတက်နေတဲ. သူငယ်ချင်းကလဲ "စိတ်မပူနဲ. လာခဲ. စလုံးရောက်တုန်း မလေး လာလည်ပေါ. ကွ ကံကောင်းရင် စလုံး ပြန်ဝင်လို. ရရင်ရမှာ၊ မရတော.တော. မလေး ရောက်တာ အမြတ်ပေါ. " လို.တော. မလေး ကို စိတ်ယိုင်သွားပြန်ရော။
ကြားရပြန်ပါတယ် နောက်တယောက်ဆီ က။ "ဘာလို.မလေးရှားသွားမှာလဲ။ စလုံးကို ပြန်ဝင်လာလို.မရရင် ဘယ်လိုလုပ်မလဲ မင်း ၂ ခါ ကုန်ဖြစ် မှာပေါ.။ မြန်မာပြည် ကို ပဲ ၁ ပတ်လောက် ပြန်ပြီး ဒုတိယအကြိမ်ပြန်လာရင် Visa သက်တမ်း က ၆ လ ထိ တောင် ရတယ်" လို. ဆိုပြန်ပါတယ်။
ကဲ ကျွန်တော် ဘယ်သူ.စကားယုံရမှာလဲ ??????? နောက်ဆုံးကျွန်တော် ဘယ်သွားတယ်ထင်လဲ???

ငါမြန်မာပြည် ပြန် ရင် လူတွေ က မေးကျမယ် “ဘာလို.လဲ၊ ဘာလဲ၊ ဘာလို.တုန်း “ ။ အဲ.ဒါတွေ ကို မျက်နှာ ချင်းမဆိုင်ချင် တာနဲ. စိတ်ကိုဒုန်းဒုန်းချပြီး ပင်နီဆူလာ ပလာဇာ မှာ မလေးဗီဇာ တင်လိုက်ပါတယ်။ ဒေါ်လာ ၃၀ ကျပါတယ်။ မလေး ဗီဇာ ကို တင်ရင် ၄ ရက်ကြိုတင်ရတယ်နော်။ မှတ်ထားဦး။

မလေး ကို ၂ မျိုးသွားလို.ရတယ်။ Express ကားနဲ. လက်မှတ် ၀ယ်ပြီး သွား လို. ရသလို Bus ကားနဲ. ၃၊၄ ဆင်.စီး သွားရင်လဲ ကွာလာလမ်ပူမြို.ကိုရောက်နိုင် ပါတယ်။ ကျွန်တော် က တော. ဈေးသက်သာတဲ. Bus နဲ.ပဲ အဆင်.အဆင်. သွားတာပေါ.။
မလေး ကို Bus နဲ. သွားနည်း လေး ပြောပြချင်တယ်နော်။ Singapore က Woodland bus interchange ကနေ Bus နံပါတ် ၉၀၃ ကို စီးပြီး စလုံးနဲ. မလေး နယ်စပ် တံတား ပေါ်ရှိ စလုံး Check point ကို အရင်ဖြတ်ရတယ်။ စလုံး Officer က မြန်မာ Passport ဆိုတော. သိတဲ. အတိုင်း “ မင်းဘယ်နေ. ပြန် ၀င်မှာတုန်း၊ မြန်မာ ပြည် အပြန်လေယာဉ်လတ်မှတ်ပြ၊” ဆိုပြီး စစ်တာပေါ.။ ဒီလောက်ပါပဲ။
စလုံး Check point ကို ကျော်ပြီး နောက် တခါ ဟိုဘက်ခြမ်း က မလေး Check point ထို ဖြတ်ပြီး မလေး နယ်စပ် Johor Baru ကိုရောက်သွားတယ်။ အဲ.ဒီ ကမှ တဆင်. Bus ကားနဲ. Lankin station လို.ခေါ်တဲ. အဝေးပြေး ကားဂိတ် ကို သွားရတယ်။ Lankin station ကိုလဲ ရောက်ရော KL KL လို.အော် ခေါ်နေတဲ. စပယ်ရာ တွေရဲ. အော်သံတွေ ကြားရမှာပါ။ ဒါနဲ. ကားလက်မှတ် ရင်းဂစ် ၃၀ ပေးပြီး ကားလူပြည်.တာ ထိုင်စောင်.နေလိုက်ပါတယ်။ စလုံး ဒေါ်လာ ၁၅၀ ဆိုရင် မလေး ရင်းဂစ် ၃၀၀ ကျော်ရတယ်လေ။
Lankin Station ကနေ နေ.လည် ၁၂ ကနေ စထွက်တာ လမ်းမှာ ထမင်းစား တခါ နားပါတယ်။ မြန်မာပြည် ကရှမ်းပြည် ကိုခရီးသွားတဲ. အတိုင်းပဲ တောတောင် တွေ အရမ်းလှပါတယ်။ ညနေ ၆ နာရီလောက်မှာ တော. ကွာလာလမ်ပူထဲ ကိုဝင်လာပါပြီ။ လာကြိုတဲ. သူငယ်ချင်း ရှိတော. အဆင်ပြောတာပေါ.လေ။ သူက INTI ကောလိပ်မှာ ကျောင်းတက် တယ်လေ။ ဒီတော. သူကောလိပ် နဲ.နီးတဲ. သူ.အိမ်မှာပဲ ကျွန်တော် တည်းပါတယ်။ သူတို.ကျောင်းကို အလည်တောင်လိုက်သွားသေးတယ် အာဖရိက နီဂရိုးတွေ အများကြီးပဲ။
မလေး မှာ ၅ရက်အနေပြပြီးမှ စလုံးဗီဇာ တင်လို.ရမယ်ဆိုလို. ကြားထဲမှာ KLCC Tower တို. Genting တို.တောင် အလည်သွားလိုက်ပါသေးတယ်။ မလေးမှာ တော. မြန်မာ တွေ ရှယ်ပေါတာနော်။ ကျွန်တော် စားခဲ.တဲ. စားသောက်ဆိုင် တိုင်းလိုလိုမှာ မြန်မာ အလုပ်သမား (သို.) မြန်မာဆိုင်ရှင် တွေများတယ်။
၆ ရက်ပြည်.တဲ. နေ.မှာတော. စလုံး သံရုံးမှာ ဗီဇာ သွားတင်ပါတော.တယ်။ တင်ရင်းနဲ. ဘေးကမြန်မာတွေ ရဲ. တဆင်.စကားအရ ဒီရက်ပိုင်း စလုံးဗီဇာ တင်ရင် ၉၉% လောက်က Reject ဖြစ်ကျတယ်။ မြန်မာပြည် လေယာဉ်လတ်မှတ် တွဲပြီး ဗီဇာ တင်တယ်လေ။ ဗီဇာကြေး ရင်းဂစ် ၇၀ ပေးရပါတယ်။ နောက်ရက် ပြန်ချိန်းတယ် ဗီဇာ လာထုတ်ဖို.။ အဲ.ဒါနဲ. ၂၄ ပစ္စည်း၊ သံဗုဒ္ဓေ ကို တရဆက်ကို ရွတ်တော.တာပါပဲ။
နောက်ရက် ညနေပိုင်း လောက် ရင်တမမ နဲ. ဗီဇာသွားထုတ်တယ်။ လာပြန်ပြီ Reject တဲ.။ ဘာလို.လဲလို.မေးတော.လဲ မဖြေဘူး။ ဟူး။ ဒီနဲ. အသည်း အသန် စလုံး က သူငယ်ချင်း ကို ပန်နီဆူလာပြေးပြီး စလုံး Re-entry Visa တင်ခိုင်းရတယ်။ စလုံး ဒေါ်လာ ၈၀ ကျပါတယ်။ အဖြေသိဖို. ၂ ရက်စောင်.ရမယ်တဲ.။ ဒီတော. မလေး ကနေ နောက်တခါ ရင်တမမ နဲ.ဆက်စောင်.နေရပါတယ်။ နောက်ဆုံးမရခဲ.လျှင် မြန်မာပြည် ပြန်မည် လို.တောင်တွက်ထားပါတယ်။
ကလင် ကလင်။ သူငယ်ချင်း မင်း ဗီဇာ ရပြီ စလုံးဝင်လာ လို.ရပြီ။ ဟားဟား အလုံးကြီးတလုံးကျသွားပြီ။ နောက် တလုံးက က Check point မှာ အဆင်ပြေဖို. လိုသေးတယ်လေ။ Officer သဘောကောင်းတာလေးနဲ.တွေ.ပါစေ ဗျာ။ ဒါနဲ.ချက်ချင်းပဲ စလုံး ကို ပြန်လာတယ်။ မလေး-စလုံး နယ်စပ် Johor Baru ကို မနက် မိုးသောက် ၄ နာရီရောက်တယ်လေ။ သူငယ်ချင်းကို မနက် ရ နာရီ ချိန်းထားတော. စောင်.နေရတာပေါ.။
သူငယ်ချင်းက စလုံး citizen လေ။ ဒါကြောင်. သူက စလုံး ကနေ မလေးကို တံခါးမရှိ ဓါးမရှိလာလို.ရတယ်လေ။ ဒါကြောင်.လဲ သူက စလုံး check point နဲ. မလေး check point ကိုဖြတ်ပြီး ကျွန်တော. ကို ဗီဇာလာပေးလို.ရတာပေါ.။ Citizen မဟုတ်ရင်တော. ဒါမျိုးလုပ်လို.မရဘူးလေ အနည်းဆုံး မလေး ဗီဇာ ရှိမှ ဒီ Johor Baru ကိုလာလို.ရမယ်။
ကဲ ရောက်ပါပြီ စလုံး check point ရောက်ပါပြီ။ Officer က မြန်မာ ပတ်စပို.စ် ဆိုတော. အခန်းထဲ ကြွခဲ.ပါတဲ.။ စလုံး မှ Stay ရဖို. သူ.အပေါ်မှာမူတည်တယ်လေ။ အကျိုးအကြောင်းဆီလျှော်အောင် ပြောနိုင်ရင် ၁လ၊ မပြောနိုင်ရင် ၄ရက် ၁ပတ်ပေါ.။ Visa မှာ stay ကိုကျွန်တော် ၁ လဖြည်.ထားတဲ.အတွက်

Officer - ဘာလို. စင်ကာပူမှာ ၁ လ ထပ် နေချင်ရတာလဲ။
ကျွန်တော် - ကျွန်တော်. S Pass က လစာမှာ 1800 ထက်နည်းလို. Reject ထိတယ်။ အဲဒါကြောင်.မလေးကို ခဏ Stay ရှောင်လိုက်တယ်။ အခု ကျောင်းတက် မယ်လို.ဆုံးဖြတ်ထားတဲ.အတွက် စလုံး က ကျောင်းတွေ ကို အေးအေးဆေးဆေး စုံးစမ်း လို.ရအောင် ၁ လ လောက် တော. လိုချင်ပါတယ်။

အဲဒါနဲ. သူက ကျေကျေနပ်နပ် ပဲ ၁လ ဆိုပြီး တံဆိပ်တုံးထုပေးလိုက်ပါတယ်။ Stay တစ်လ ရမှလဲ နောက်ထပ် Stay တစ် လ ထပ်တိုး လို.ရမှာလေ။ ၄ ရက် ၁ ပတ်ဆို ထပ် တိုးလို.မရတော.ဘူးလေ။ အခုလို ကျောင်းတက်မယ် လို. ပြော ဒါမှ အဆင်ပြေမယ် လို. အသိမိတ်ဆွေတွေ ကသင်ပေးလိုက်တာကိုး။
စလုံးမှာ ပြန်နေရတဲ. Draft Man အလုပ် ကရှားတော. ၁ လအတွင်း အင်တာဗျူးက ၂ ခုလောက်ပဲရတယ်လေ။ ၂ခုလုံး အဆင်မပြောပါဘူး။ ဒါနဲ. Online ကနေ ထပ်တိုးရပြန်ပါပြီ သက်တမ်းမကုန်ခင်လေး။ အဲ.ဒီ ၁ လ ပြီးရင် ဂိတ်ကုန်ပြီလေ။ အမိနိုင်ငံကို ၀မ်းနည်းစွာနဲ. ပြန်ရမှာပေါ.။
ကလင် ကလင် "မင်းကို ငါ.တို Boss က အင်တာဗျူး မယ်တဲ. လာခဲ.ပါဦး" ဆိုပြီး ရင်းနှီးသူ အစ်ကိုတစ်ယောက်ဆီမှ ဖုန်းဝင်လာတယ်။ သူနဲ. က အရင်ကတည်း ကိုယ်.အခက်အခဲတွေ ကို ပြောပြထားတာကိုး။ အဲဒီ အင်တာဗျူး တခုလုံး အဆင်ချောပါတယ်။ လူခံ ကလဲ ရှိနေတော. အားရှိတာပေါ.။ ခန်.မခန်. ကို နောက်နေ.ဖုန်း ဆက်မယ် ဆိုပြီး သူဌေး ပြောလိုက်ပါတယ်။
ကလင် ကလင် အဲ.ဒီ ဖုန်းသံကို အကြောက်ဆုံး။ ဒီတခါ တော. ဖုန်းကလေး က ချစ်ဖို.ကောင်းပါတယ်။
"ကုမ္ပဏီ ကို လာခဲ.ပါ။ S Pass တင်ရအောင်" တဲ.။ ဒီကုမ္ပဏီ ကျတော. S Pass ကို ၁၈၀၀ နဲ. လိမ်လိမ်မာမာ တင်ပေးတယ်။ သူတို. က နပ် ပြီးသားလေ မြန်မာတွေ ကို ဈေးနှိမ်ပြီး ခန်.နေကျလေ။

ကဲ ဒီလောက် အလုပ်လုပ်ချင်နေ တဲ. အကောင် ရူန်းပေတော.။

နောက်အလုပ် လာရှာမည်. မြန်မာ Draft Man များ ကံကောင်းပါစေသား . . . . .