Menu Browser of AutoCAD2009

1 comments - Post a comment

AutoCAD 2007, 2008 စတာတွေကိုတောင် သေသေချာချာ နှံနှံစပ်စပ် သုံးလို့မပြီးသေးခင်မှာ AutoCAD 2009ဆိုတာကြီးကို သုံးစွဲသူတွေ လက်ထဲကို ထည့်ပေးလိုက်ပါတယ်။ အစပထမတော့ စိတ်မ၀င်စားပါဘူး။ ဒါပေမယ့် လူပြောသူပြောများလာတော့ ကွန်ပြူတာမှာ အင်စတောလုပ်ပြီး သုံးကြည့်လိုက်ပါတယ်။ Application Window ကြီးကို စဖွင့်လိုက်တာနဲ့ အသွင်သစ်၊ အမြင်သစ်တွေနဲ့ တစ်မူထူးခြားစွာ ဖန်တီးထားတဲ့ AutoCAD 2009 ကို လှလှပပ တွေ့လိုက်ရပါတယ်။ Default Window မှာ ပါဝင်နေကြ Status Bar, Menu Bar, Toolbar စတာတွေကို ဒီဇိုင်းပုံစံအသစ်တွေနဲ့ ဖန်တီးထားသလို Info Center စတဲ့ ToolBar အသစ်တွေကိုပါ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ Menu Bar ကိုအရင်ကလို Toolbar တွေရဲ့ အပေါ်မှာ အလွယ်တကူ မတွေ့နိုင်ပဲ ဘယ်ဘက်ထောင့်လေးမှာ Menu Browser Icon အနေနဲ့ တွေ့ရမှာ ဖြစ်ပါတယ်။
အဲဒီ့အိုင်ကွန်လေးကို နှိပ်လိုက်ရင် မီနူးဘားမှာ ပါဝင်နေကြဖြစ်တဲ့ File, Edit, View အစရှိတာတွေကို Vertical list တစ်ခုအနေနဲ့ တွေ့ရမှာဖြစ်ပြီး၊ Menu List ကိုတော့ Horizontal List အနေနဲ့ တွေ့ရမှာ ဖြစ်ပါတယ်။
မီနူးဘောက်စ်ရဲ့ အပေါ်လေးမှာ Search Menu Bar ကိုမြင်တွေ့ရမှာပါ။ Command တစ်ခုခုကို မေ့နေလျှင်၊ ဒါမှမဟုတ် Toolbar တစ်ခုခုကို အလွယ်တကူ ရှာမတွေ့လျှင်ဖြစ်စေ ထိုနေရာလေးတွင် ရှာဖွေနိုင်ပါတယ်။
Menu Brower ထဲမှာ Menu Toolbar တွေအပြင် Recent Documnets, Open Document, Recent Actions စတာတွေကိုပါ မြင်တွေ့ကြရမှာပါ။ Recent Document နဲ့ Open Document စတာတွေကို ပြန်ကြည့်တဲ့ နေရာမှာ Drawing တွေကို အကြီးအသေး နှစ်သက်သလို ပြောင်းလဲနိုင်သလို ပုံတွေကိုရက်စွဲအလိုက် အမျိုးအစားအလိုက် အစီအစဉ်တကျ စီစဉ်ထားနိုင်ပါတယ်။ ပုံ၏အပေါ်ကို မောက်စ်ဖြင့် ရွေးချယ်ထားချိန်တွင် ထိုပုံကို သိမ်းဆည်းထားသည့် နေရာ၊ နေ့ စသည်တို့ကို အလွယ်တကူ သိရှိနိုင်ပါသည်။

Print ပရင့်ထုတ်ရန်
 
This Post has 1 Comment Add your own!
MyMetro - August 27, 2008 at 1:16 AM

ဒီပို့စ်လေးက တော်တော် အကျိုးများပါတယ်။ ငါ့မှာတော့ ၂၀၀၉ ကြီးတင်ပြီး မီနူးဘားရှာမတွေ့လို့ လိုရာမရောက်ဘဲ... မသုံးချင်တော့လောက်အောင်ကို စိတ်ပျက်သွားတယ်။ အရင်ကလည်း သိပ်ဆွဲတာ မဟုတ်ဘူးလေ။ သိတယ်မလား။ မဆွဲတာ ၁ နှစ်ကျော်ပြီ။ consultant ပဲလုပ်မှာဆိုတော့ ဆွဲမယ့်သူတွေကို ခိုင်းနိုင်အောင်ပဲ လုပ်တော့မယ်။ ဟိဟိ

Post a Comment