Canopy @ Paragon Shopping Center

3 comments - Post a comment

ဒီနေ့ ဆိုက်ထဲသွားတော့ ကျမအပင်ပန်းခံပီး Cutting List ထုတ်ပီး အစအဆုံး ကြီးကြပ်ထားရတဲ့ Canopy ကြီး ပီးသွားတာ တွေ့ရတော့ တော်တော်စိတ်ချမ်းသာ ရပါတယ်။ အဲဒီ့ Canopy ပေါ်မှာ Paragon Shopping Center ပိုင်ရှင်က ၆မီတာ အမြင့်လောက် ရှိမဲ့ ဆိုင်းဘုတ်တင်ပီး မျက်နှာချင်းဆိုင်က Ngeeann City ကို စိန်ခေါ်မှာ ဖြစ်တဲ့ အတွက် အမှားအယွင်း လုံးဝမခံပါဘူး။ ဒီဆိုက်က structure တွေအားလုံးကို ကျမတို့ Company ကတာဝန်ယူ တည်ဆောက်မယ်လို့ စာချုပ်ချုပ်ထားပေမယ့် အချိန်မှီ ပြီးစီးဖို့ အလုပ်သမား မလုံလောက်တော့တာကြောင့် မိန်းကွန်းကပဲ တာဝန်ယူ တည်ဆောက်ဖို့ ဖြစ်လာပါတယ်။ ဒါပေမယ့် သူတို့ဆီမှာ Structure Cutting List ထုတ်ဖို့ Draftman မရှိတာကြောင့် ဒီ Canopy ကြီးရဲ့ Shop Drawing , Cutting List တွေအားလုံးကို ကျမတို့ Company ကပဲ တာဝန်ယူရပါတယ်။ အဲဒီ့မှာ ကျမအတွက် ပြဿနာ စတက်တော့တာပါပဲ။ ကျမ Company က Supervisor တွေ၊ အလုပ်သမားတွေ အားလုံးက ကျမထုတ်လိုက်တဲ့ ကပ်တင်းလစ်ပုံတွေ ကို ရင်းနှီးပီးသားမလို့ အထွေအထူး ရှင်းပြစရာ မလိုပေမယ့်၊ တစ်ခြားဆီက အလုပ်သမားတွေက မရင်းနှီးတော့ အစအဆုံး အာပေါက်အောင် ရှင်းပြရပါတယ်။ ဒါ့အပြင် ကျမတို့ Company က Cutting List Drawing ကို Autocad နဲ့ မဆွဲပဲ Strucad နဲ့ဆွဲတာကြောင့် သူတို့လည်း တော်တော် စိတ်ညစ်သလို ကျမလည်း တော်တော်ပင်ပန်းခဲ့ရတယ်။ ဘယ်လောက်ပဲ ပင်ပန်းခဲ့ပါစေ ပြီးစီးသွားတဲ့ Canopy ကြီးကို မြင်လိုက်ရတော့လည်း စိတ်ထဲတော်တော် ပျော်သွားရပါတယ်။ ဒီ Canopy ကြီးက ကျမကို လုပ်ငန်း အတွေ့အကြုံတွေ အများကြီး ပေးခဲ့ပါတယ်။
ဒါကတော့ အော်တိုကဒ်နဲ့ ဆွဲထားတဲ့ Shop Drawing ပါ

ဒါကတော့ Cutting List အတွက် StruCAD Software ကိုအသုံးပြုပြီး ဆွဲထားတာပါ
ဒါကတော့ StruCAD ကို အသုံးပြုပြီး ဆွဲထားတဲ့ Cutting List နမူနာတစ်ချို့ပါ။

Print ပရင့်ထုတ်ရန်
 
This Post has 3 Comments Add your own!
Thargyi(Gyobingauk) - October 30, 2008 at 9:31 AM

Draftsman ရဲ့တာဝန်ကို တကယ့်လုပ်ငန်းခွင် အတွေ့ အကြုံနဲ့ တင်ပြနိုင်တဲ့ငါ့ညီမကို ဂုဏ်လဲယူတယ် လေးလဲလေးစားပါတယ်...

MGLUAYE - November 3, 2008 at 5:21 PM

ကွန်ဂရက် ကျူးလေးရှင်းပါ မိုင်ဆစ်

thanyawzin - December 4, 2010 at 11:58 AM

pls write something for about STRUCAD Software.
I want to know it.

Thanks

Post a Comment