Project Engineer's Role & Responsibilities

No Comment - Post a comment

(ဒီပို့စ်ဟာ ပညာသင်ယူနေဆဲနှင့် ကျောင်းပြီးကာစ လုပ်ငန်းခွင်သို့ ၀င်ရောက်ရန် ပြင်ဆင်နေဆဲ ဖြစ်သော Engineering Field ထဲက ညီငယ် ညီမငယ်များအား ကျနော် သိသမျှကို ဝေငှတင်ပြခြင်း ဖြစ်ပါတယ်။ ကျနော်ကိုယ်တိုင်လည်း လေ့လာသင်ယူနေဆဲ ဖြစ်တာကြောင့် လိုအပ်ချက်များ ရှိပါက ဝေဖန်ထောက်ပြ ဆွေးနွေးမှုများအား ၀မ်းမြောက်စွာ ကြိုဆိုကြောင်း .... )

Engineering Project တိုင်းမှာ Project Engineer ဆိုတာဟာ မရှိမဖြစ် လိုအပ်ပါတယ်။ ဒီပို့စ်မှာ Oil & Gas Engineering နယ်ပယ်က Project Engineer တွေရဲ့ လုပ်ငန်းဆောင်တာ သဘောသဘာဝတွေကို တင်ပြ သွားမှာပါ။ Oil & Gas နယ်ပယ်မှာ Company တွေကို လုပ်ငန်း သဘာဝပေါ် အခြေခံ၍ အဓိကအားဖြင့် သုံးမျိုးခွဲခြားနိုင်ပါတယ်။

( ၁ ) End-Product Manufacturer : ဒီလုပ်ငန်းကတော့ End Product တွေဖြစ်တဲ့ ဓါတ်ဆီ၊ ဒီဇယ်ဆီ အပါအ၀င် လောင်စာအမျိုးမျိုး၊ Polymer-Based ဓါတုပစ္စည်း အမျိုးမျိုး ထုတ်လုပ်ရောင်းချတဲ့ Company တွေပါ။ ( ဥပမာ- Shell, Totel, Mitsui Chemical )

( ၂ ) Original Equipment Manufacturer (OEM): Plant တွေ၊ Piping တွေမှာ သုံးတဲ့ Instruments/ Equipments တွေကို Company ရဲ့ ကိုယ်ပိုင်နည်းလမ်း၊ ကိုယ်ပိုင် အမှတ်တံဆိပ်တွေနဲ့ ထုတ်လုပ် ရောင်းချတဲ့ Company တွေပါ။
Mechanical Background က Project Engineer တစ်ယောက်မှာ အခြေခံ သိထားသင့်တဲ့ equipment တွေရှိပါတယ်။
- Pipeline Valve : ball valves, gate valves, gate valves, globe valves, butterfly valves, etc....
- Transmitter : Pressure/ Temperature/ Flow transmitter
- Control Valves : electronically driver, hydraulic, pneumatic
- Pumps : positive-displacement, centrifugal, submersible, etc...........
- Flow Meter : orifice meter, ultrasonic meter
- Gauges : Pressure/ temperature gauges
အထက်ဖော်ပြပါ equipment/ instrument တွေအပြင် အခြားသိသင့်တဲ့ အရာတွေ အများကြီး ရှိပါသေးတယ်။ Product တစ်ခုချင်းရဲ့ အသေးစိတ်တွေကို သိဖို့အတွက် သက်ဆိုင်ရာ website တွေရဲ့ အထဲမှာ Operation Manuals တွေ၊ Datasheet တွေကို ရှာဖွေလေ့လာသင့်ပါတယ်။

( ၃ ) EPCM Contractor: Engineering, Procurement, Construction & Maintenance လုပ်ငန်းတွေကို လုပ်ကိုင်တဲ့ Company ပါ။ EPCM Company တွေက လုပ်ဆောင်လေ့ ရှိတဲ့ ပရောဂျက်တွေကို အကြမ်းဖျင်း ရှင်းပြပါမယ်။
Turn-Key Project; Project Cycle တစ်ခုလုံး end-to-end တာဝန်ယူ တည်ဆောက်ရတာမျိုးပါ။ Initial Design အဆင့်ကနေ Plant Startup လုပ်နိုင်တဲ့အထိ တာဝန်ယူပေး ရပါတယ်။ ဒီပလန့်ရဲ့ ပိုင်ရှင်က သော့ကိုကိုင်ပြီး စက်ရုံကြီးကို အဆင့်သင့် စတင်လည်ပတ် နိုင်တဲ့ အဆင့်ထိရောက်အောင် လုပ်ပေးရတာကြောင့် Turn-Key Project လို့ခေါ်တာပါ။
Green Field Project ဆိုတာဟာလည်း နာမည်နဲ့လိုက်အောင် မြက်ပင်တွေပေါက်ပြီး စိမ်းစိုနေတဲ့ မြေကွက်ပေါ်မှာ မြေစတူးတဲ့ အဆင့်ကနေ တည်ဆောက်ရတဲ့ ပရောဂျက်မျိုးပါ။
Brown Field Projectကတော့ အသင့်ရှိပြီးသား Plant Area ရဲ့ အနီးတစ်ဝိုက်က တစ်ပိုင်းတစ်စ developed လုပ်ပြီးသား မြေပေါ်မှာ တည်ဆောက်ရတဲ့ ပရောဂျက်မျိုးပါ။ အများအားဖြင့် ရှိရင်းစွဲ Plant ကို Expansion လုပ်တာ၊ Modification လုပ်တာမျိုးပါ။
Live Plant/ Area Project ကတော့ လက်ရှိလည်ပတ်နေတဲ့ Plant Area ထဲမှာ လုပ်ရမယ့် ပရောဂျက်တွေပါ။ အဓိကအားဖြင့် Plant Shutdown/ Maintenance လုပ်၇တာမျိုးပါ။
ဆက်ရန်...........

Print ပရင့်ထုတ်ရန်
 
This Post has No Comment Add your own!

Post a Comment