DWG TrueConvert

1 comments - Post a comment

အော်တိုကဒ်ဆွဲနေတဲ့သူတွေ တစ်ခြားသော လုပ်ငန်းနေရာတွေနဲ့ ဆက်သွယ်တဲ့ အခါမှာ ဗားရှင်းအနိမ့် အမြင့် ပြဿနာတွေနဲ့ မလွဲမသွေ ကြုံရမှာပါ။ မိမိဆွဲနေသော ပုံကို ဘယ်လိုဗားရှင်းမှာ မဆို အလွယ်တကူ ဖွင့်လို့ ရစေဖို့ ဗားရှင်းအနိမ့်ဖြင့် သိမ်းဆည်းပုံကို ဒီမှာ ရေးသားခဲ့ပြီးပါပြီ။ အခုတစ်ခါမှာတော့ မိမိလက်ခံ ရရှိတဲ့ အော်တိုကဒ်ပုံက မိမိမှာသုံးနေတဲ့ version ထက် မြင့်တဲ့ version နဲ့ ဆွဲထားတဲ့ပုံတွေ ဖြစ်နေလို့ ဖွင့်လို့ မရတာတွေ ဖြစ်လာရင် ဖြေရှင်းနိုင်တဲ့ နည်းလမ်းလေးတစ်ခုပါ။ ဒါပေမယ့် ဒီဆော့ဝဲလ်ဟာ AutoCAD R14, AutoCAD2000, 2004 နှင့် 2007 စတဲ့ဗားရှင်းတွေမှာသာ အလုပ်လုပ်ပါတယ်။ 2008 နှင့် 2009 တွေမှာ အလုပ်မလုပ်နိုင်သေးပါဘူး။ ဒါ့အပြင် Convert လုပ်လိုက်တာနှင့် တစ်ပြိုင်နက် မူရင်းဖိုင်ကို ဖုံးအုပ် ( Overwrite ) သွားမှာ ဖြစ်တာကြောင့် မဖြစ်စေလိုလျှင် ကော်ပီ လုပ်ထားနိုင်ပါတယ်။ အသုံးပြုပုံလေးက လွယ်ကူပါတယ်။

၁) ဒီ Software  လေးကို  ဒေါင်းလုပ်ချပြီး အင်စတော လုပ်ပါ.
၂) ကိုယ် ပြောင်းချင်တဲ့ AutoCAD file ကို add ပါ.
၃) ကိုယ် ပြောင်းချင်တဲ့ version ကို အောက်မှာ ရွေးပါ...
၎) ပြီးရင် convert ကို click လိုက်ရုံပါပဲ..

Print ပရင့်ထုတ်ရန်
 
This Post has 1 Comment Add your own!
puluque - March 6, 2009 at 9:32 AM

မရေ.. ဆိုဒ်လေးခုထဲက တစ်ခုမှဒေါင်းမရတော့ဘူး။ ကျတော် အရင်ကတော့ ဒေါင်းထားတယ်။ ရုံးက စက်မှာလား အိမ်ကလက်တော့မှား site ထဲက လက်တော့မှာလား မမှတ်မိတော့ဘူးဗျ။ ဖြစ်နိုင်ရင်ပြန်တင်ပေးပါလား။

Post a Comment