AutoCAD ELETRICAL 2009

No Comment - Post a comment

ပြီးခဲ့တဲ့ သောကြာနေ့က AutoCAD Electrical 2009မိတ်ဆက်Seminarတစ်ခုသွားတက်ရပါတယ်။ AutoCad Electrical 2009 တရားဝင် ဖြန့်ချီခွင့်ယူထားတဲ့ INNOCOM TECHNOLOGIES PTE LTD ကနေပေးတဲ့ Product Introduction Seminar လေးပါ။ AutoCAD သုံးနေတဲ့ ကုမ္ပဏီတွေအတွက် သူတို့က ဖိတ်ခေါ်ပြီး တက်ရောက်ခိုင်းတဲ့ အခမဲ့ Seminar ပါ။ AutoCAD 2009 နဲ့ AutoCAD Electrical 2009 ဘာကွာလဲ ဆိုတော့ Electrical အတွက် အထူးပြုထားတဲ့ Features တွေ တော်တော်များများ ထည့်ထားတာ တွေ့ရပါတယ်။

(၁) ပိုမို ရှင်းလင်း လွယ်ကူတဲ့ Symbol Libraries ပါရှိခြင်း။
အယင် AutoCAD မှာပါတဲ့ Design Center အပြင် Electrical အတွက် အထူးပြုထားတဲ့ Components တွေပါ ထည့်သွင်းထားတဲ့ ပိုမို ပြည့်စုံရှင်းလင်း လွယ်ကူတဲ့ Symbol Libraries ပါရှိပါတယ်။ Electrical Eomponents တွေကို အယင် AutoCAD မှာ ဆွဲတဲ့ခါ ဆွဲထားတဲ့ Wire အနေနဲ့ သုံးထားတဲ့ Line ကို AutoCAD ရိုးရိုးက Wire လို့နားမလည်တဲ့ အတွက် အကယ်၍များ Component ကို နေရာ ရွှေ့ချင်တယ်ဆိုရင် Component ရဲ့ မူလနေရာ Line ပေါ်မှာ ကျန်ခဲ့တဲ့ Gap ကို ပြန် Join ပေးဖို့ လိုအပ်ပါတယ်။ ပြီးတော့ နောက် နေရာသစ်မှာလည်း သက်ဆိုင်ရာ Component ရဲ့ နေရာမှာ မလိုတဲ့ Component နေရာက Line ကို Trim တစ်ခါ ထပ်လုပ်ပေးရဦးမှာ ဖြစ်ပါတယ်။
အခု AutoCAD Electrical 2009 ကတော့ အဲဒီ ထပ်ဖန်တလဲလဲ လုပ်ရမဲ့ အလုပ်တွေကို လုပ်ဆောင်စရာ မလိုတော့ပါဘူး။ မိမိ ဆွဲတဲ့ Line ကို Wire အနေနဲ့ သတ်မှတ်ပေးထားလိုက်ပြီးရင် သူက Component လာ နေရာချတာနဲ့ တပြိုင်နက် မလိုတဲ့ Wire နေရာတွေကို အလိုလျောက် Trim လုပ်ပေးပြီးသား ဖြစ်သွားပါတယ်။ အကယ်၍ နေရာရွှေ့ခဲ့ရင်လည်း ကိုယ်ထားချင်တဲ့ နေရာကို ထားချင်တဲ့ Component ကို Drag လုပ်သွားလိုက်တာနဲ့ Gap ပါ တပါတည်း လိုက်ရွေ့ပြီးသား ဖြစ်သွားပါတယ်။ ဆွဲသွားတဲ့ Wires တွေ အချင်းချင်း ဖြတ်သွားကျော်သွားတာ ရှိမယ်ဆိုခဲ့ရင် အလိုလျောက် Jumper လေး ထည့်ပေးပြီး အဆုံးသတ် termination တွေအတွက်လည်း Solder End ပုံစံလေး အလိုလျောက် ထည့်ပေးပါတယ်။

(၂). အလိုလျောက် Wire နံပတ်စဉ်တပ်ခြင်း၊ Component အမည်တပ်ခြင်း လုပ်ဆောင်နိုင်ခြင်း။
ရေးဆွဲထားတဲ့ Electrical Circuit တွေမှာ Wire ဘယ်နှစ်ချောင်းပါတယ်။ ဘယ် Wire က ဘယ် Component ဆီသွားပြီး ဘယ် Wire က ဘယ် Junction Box မှာ ဆုံးတယ်ဆိုတာက အစ နံပတ်စဉ် အလိုလျောက် တပ်ပေးပါတယ်။ Component အမည်တပ်တဲ့ နေရာမှာလည်း ထုတ်လုပ်တဲ့ Company၊ Model၊ Ampere Rating အဆုံး သူ့အလိုလျောက် တပ်ခိုင်းနိုင်သလို စာရင်းထဲမပါတဲ့ အမည်နာမများ အတွက်လည်း အလွယ်တကူ မိမိဘာသာ ပြင်ဆင် တပ်ပေးနိုင်ပါတယ်။

(၃). အလိုလျောက် Project Report ထုတ်ပေးနိုင်ခြင်း။
အလိုလျောက် Project Report အလိုလျောက်ထုတ်ပေးနိုင်တယ်ဆိုတဲ့ Feature က အလွန်အကျိုးရှိတဲ့ Feature တစ်ခုပါ။ Project Tendering Stage မှာ အလွန်အလုပ်ရှုပ်တဲ့ Point Counting လုပ်ရတဲ့ Quantity Surveyor (Q.S)များ အတွက် အလွန် အသုံးဝင်သလို Project Running Stage မှာလည်း အလွန်အသုံးဝင်ပါတယ်။ ကြီးမားလှတဲ့ Drawingထဲ ဘယ်အမျိုးအစား ပစ္စည်း ဘယ်နှစ်ခု ရှိနေသလဲဆိုတာ Count ရတာ အတော်လေး လက်ဝင်တဲ့ ကိစ္စပါ။ အဲဒီအတွက် အလိုလျောက် Project Report ထုတ်ပေးနိုင်တဲ့ Function ကတော့ အလွန်တရာမှ လျင်မြန်ပါတယ်။ ရလာတဲ့ ရလာဒ်ကို Spreadsheet  အနေနဲ့ ဖိုင် သတ်သတ် Save နိုင်သလို၊ Drawing ပေါ်မှာလည်း Paste လုပ်နိုင်ပါတယ်။
(၄). အချိန်နဲ့ တပြေးတည်း Error Checking လုပ်ပေးနိုင်ခြင်း။
အထူးသဖြင့် PLC သမားတွေအတွက် ပိုပြီး အသုံးတည့်မယ် ထင်ပါတယ်။ System ကြီးတစ်ခုလုံးအတွက် ဘယ်နေရာမှာ Wire Connection ပြတ်ကျန်နေခဲ့တယ်၊ မဆက်မိဘဲ ကျန်နေတယ်ဆိုတာကို အချိန်နဲ့ တပြေးတည်း Error Checking လုပ်ပေးနိုင်ပါတယ်။

(၅). အချိန်နဲ့ တပြေးတည်း ကွိုင်နှင့် Contact Cross-Referencing လုပ်ပေးနိုင်ခြင်း။
အမှတ်စဉ် (၄) နဲ့ ပိုဆင်ပါတယ်။ Electrical Switching Board တွေအတွက် Contact Referencing အချိန်နဲ့ တပြေးညီ လုပ်ပေးနိုင်ပါတယ်။
(၆). တိကျသေသပ်တဲ့ Panel Layout Drawing များ ရေးဆွဲနိုင်ခြင်း။
Switching Board Installation များအတွက် Panel Layout Drawing များ ပိုမိုလှပ သေသပ်စွာ ရေးဆွဲနိုင်ပါတယ်။

(၇). Electrical Specialized Features များ ပါရှိခြင်း။
AutoCAD Electrical 2009 ဖြစ်တဲ့အတွက် Electrical Specilized Features တွေ ပါဝင်တာ ကတော့ ပြောစရာ မလိုအောင်ပါပဲ။

(၈). Spreadsheet တွေထဲပါတဲ့ Data တွေကို အသုံးချပြီး PLC I/O Drawing များ        အလိုလျောက်ထုတ်ပေးနိုင်ခြင်း။
ဒါသည်လည်းပဲ အယင် AutoCAD တွေမှာ မပါတဲ့ Feature တစ်ခုပါပဲ။ PLC အဓိက လုပ်ရတဲ့ ကုမ္ပဏီတွေမှာ အလုပ်လုပ်နေကြတဲ့ AutoCAD သမားတွေ အတွက်တော့ မရှိမဖြစ်ပေါ့။

(၉). Customers များ၊ Supplier များနဲ့ Drawing တွေကို Share လုပ်သုံးနိုင်ပြီး၊ သူတို့ရဲ့ ပြောင်းလဲမှုကို အစဉ် စောင့်ကြည့်နိုင်ခြင်း။
ခဏခဏ ပြောင်းတတ်တဲ့ Customer Requirement တွေအတွက် မိမိမှာသာ AutoCAD Electrical 2009 ကို လက်ဝယ်ထားရှိမယ်ဆိုရင် သူတို့ ပြောင်းသမျှကို မိမိက အချိန်ကုန် သက်သာစွာ အလွယ်တကူ စောင့်ကြည့်နိုင်မှာ ဖြစ်ပါတယ်။

(၁၀). ယခင် ရှိပြီးသား Drawing တွေကို ပြန်အသုံးချနိုင်ခြင်း။
Electrical2009 ဆိုတော့ ယခင်Versionတွေနဲ့ဆွဲထားတဲ့ Drawing တွေ သုံးမရတော့မှာ စိုးရိမ်ကြသူများအတွက် ယခင်Version တွေနဲ့ ဆွဲထားတဲ့ Drawing တွေကိုလည်း Electrical၀ိဥာဉ်သွင်းပြီး ပြုပြင် ပြောင်းလဲမှုများ လုပ်ဆောင် နိုင်ပါတယ်။ဒါတွေက မောင်လူအေး သွားတက်တဲ့ Seminar က Presenter ရှင်းပြတာတွေနဲ့ ဒီ Booklet လေးထဲ ပါတဲ့ AutoCAD ကနေပြီး AutoCAD Electrical 2009 ကို ပြောင်းသင့်တဲ့ အကြောင်းရင်း ၁၀ ချက်ကို ဆီလျော်အောင် ဘာသာပြန်ထားခြင်းပဲ ဖြစ်ပါတယ်။ အဓိကက AutoCAD Electrical 2009 ဆိုတဲ့ အတိုင်း Electrical Specialized – M&E Works တွေ လုပ်တဲ့ ကုမ္ပဏီတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ Drafter များအတွက် အလွန်တရာမှ သင့်လျော်တယ်လို့ ဆိုချင်ပါတယ်။ အကယ်၍များ စိတ်ဝင်စားတယ် ဆိုရင် INNOCOM TECHNOLOGIES PTE LTD တည်ရှိရာ
18 Kaki Bukit Road 3
#02-04 Entrepreneur Business Centre
Singapore 415978
Tel: 67495022 Fax: 67495531
URL: http://www.innocom.com.sg/atc

ကို ဆက်သွယ်ပြီး အခမဲ့ Seminar သွားရောက်တက်ရောက်နိုင်ပါတယ်။ သူတို့က Drafter တွေနဲ့ Engineer တွေကို မိတ်ဆက် ရှင်းပြပြီးတော့ Companyရဲ့ တာဝန်ရှိသူတွေကို ၀ယ်ယူသင့်တယ် မသင့်ဘူး ပြန် တင်ပြပေးရုံပါပဲ။ မောင်လူအေး ဘာကြော်ငြာခမှ ရလို့ မဟုတ်ပါဘူးဗျာ။ မိမိ ကုမ္ပဏီက ၀ယ်သည်ဖြစ်စေ၊ မ၀ယ်သည်ဖြစ်စေ ကိုယ်ကတော့ AutoCAD Electrical 2009 ရဲ့ Feature တွေကို တွေ့မြင် ထိသိနိုင်တဲ့အတွက် အခမဲ့ ကြော်ငြာပေးလိုက်ရခြင်း ဖြစ်ပါတယ်ဗျာ။
( အော်တိုကဒ်နှင့် ပတ်သတ်သော သတင်းအချက် အလက်များကို တစ်စုတစ်စည်းတည်း ဖြစ်စေရန် အလို့ငှာ ဒီနေရာမှ ကူးယူဖော်ပြပါသည်။ ဖော်ပြခွင့်ပေးသော ကိုလူအေးအား အထူးပင် ကျေးဇူးတင်ရှိပါတယ်။ ) 

Print ပရင့်ထုတ်ရန်
 
This Post has No Comment Add your own!

Post a Comment