Paper Size

3 comments - Post a comment

ကျမတို့ Draftman တွေရဲ့ ဘ၀မှာ နေ့စဉ်ထိတွေ့ နေရတာ အော်တိုကဒ် ဆော့ဝဲလ် ရှိတဲ့ ကွန်ပြူတာရယ်၊ နောက်တစ်ခုက တော့ Print ထုတ်ထားတဲ့ စာရွက်တွေရယ်ပေါ့။ ဒီတော့ ကျမတို့ သုံးနေတဲ့ စာရွက်တွေရဲ့ အရွယ်အစားတွေကို သိထားသင့်ပါတယ်။ ကျမတို့ အများဆုံး အသုံးပြုကြတာကတော့ A Series စာရွက်တွေပေါ့လေ။ A Series စာရွက်တွေရဲ့ တစ်ခုနှင့်တစ်ခု ဆက်စပ်ပုံက လွယ်ကူ ရိုးရှင်းပါတယ်။ (ဥပမာ- A4 စာရွက် နှစ်ခုကို ပေါင်းလိုက်ရင် A3 ရပါတယ် ) A Series စာရွက် ဆက်စပ်ပုံလေးကို ဒီဓါတ်ပုံလေးကို ကြည့်လိုက်တာနဲ့ ရှင်းလင်းသွားမှာပါ။

ဒါကတော့ A Series စာရွက် အရွယ်အစား အတိအကျ စာရင်းပါ။

နောက် A Series အပြင် B Series တွေလည်း ရှိပါသေးတယ်။
နောက် ISO ကသတ်မှတ်ထားပေးတဲ့ တစ်ခြားစာရွက် အရွယ်အစားတွေကိုလည်း ဗဟုသုတ အနေနဲ့ မှတ်သားထားရ အောင်နော်။
အခုအသုံးပြုနေတဲ့ စာရွက်အရွယ်အစားတွေအားလုံးဟာ ဂျာမနီနိုင်ငံမှာ DIN 476 Standard အဖြစ် ၁၉၂၂ ထဲက စတင်အသုံးပြုခဲတာတွေကို ISO 216 Standard အဖြစ် ၁၉၇၅ ခုနှစ်မှာ စတင် သတ်မှတ်ခဲ့ကြပါတယ်။ ဒီ ISO 216 Standard ကို ဥရောပနိုင်ငံမှာတော့ EN 20216 လို့ ခေါ်ဆိုကြပါတယ်။

အရွယ်အစားသေးတဲ့ စာရွက်တွေကို ထိမ်းသိမ်းတာ၊ လွှဲပြောင်းပေးတာတွေကို လုပ်တဲ့ နေရာမှာ ကိစ္စမရှိပေမယ့် အရွက်အစားကြီးတဲ့ A1 တို့ A0 တို့လည်းကျရော ဒုက္ခရောက်ပါလေရော။ ဒီတော့ စာရွက်တွေကို စနစ်တကျ ခေါက်ဖို့လည်း လိုအပ်ပါတယ်။ ကျမလည်း အလုပ်ထဲရောက်မှ သူများခေါက်တာကြည့်ပြီး တတ်တာပါ။ အခုတော့ မသိသေးတဲ့ သူတွေ သိရအောင် ကိုလူအေး ဆီကနေ စာရွက်ခေါက်နည်းလေး သွားမလာခဲ့တယ်။ ( ကျေးဇူး ကိုလူအေး )

Print ပရင့်ထုတ်ရန်
 
This Post has 3 Comments Add your own!
ဆန်းဝင်း - December 12, 2008 at 7:08 PM

ကျေးဇူးတင်ပါတယ်ဗျာ..
DWG တွေကို ဖြစ်သလိုပဲခေါက်ဖြစ်တယ်
စာရွက် အမျိုးအစားတွေလည်း
ခုမှပဲ စုံစုံလင်လင် သိတော့တယ်

HAPPY CLOUD - December 15, 2008 at 12:44 PM

ညီမရေ..ဒီပိုံစ့်လေးလည်းကောင်းတယ်ဟေ့...
ဖိုးမောင်

MGLUAYE - December 15, 2008 at 1:40 PM

A3 2 ရွက်ပေါင်းတော့ A2
A2 2 ရွက်ပေါင်းတော့ A1 .... ဆိုတော့...
A0 (A Zero) 2 ရွက်ပေါင်းတော့ A -1 (A Minus One) ဖြစ်မယ်ထင်တယ်နော်....

:D

ဝင်ရှုပ်သွားတယ်....

Post a Comment