ကိုင်း.... ဘာဆက်လုပ်ကြမလဲ

8 comments - Post a comment

မနေ့က ကျမတို့ အီးမေးတွေမှာ ပလူပျံအောင် ရောက်နေပြီး ပေါ်ပြူလာ အဖြစ်ဆုံးကတော့ စင်္ကာပူကို မြန်မာတွေ အ၀င်မခံရဘူးဆိုတဲ့ သတင်းတွေပါပဲ။
စင်္ကာပူရောက်တဲ့အချိန်မှာစကာင်္ပူ
Immigration ကသူတို့ကိုပေးမ၀င်ဘူး........
ဘာဖြစ်လို့လည်းဆိုတဲ့ အကြောင်းပြချက်ကိုလည်း တိတိကျကျ မပေးဘူးခင်ဗျ.......
ပိုက်ဆံကိုလည်း စစ်တယ်.......စင်္ကပူရာဇ၀င်မှာ ဒါမျိုးတစ်ခါမှမဖြစ်ဖူးပါဘူး..........
စကာင်္ပူထဲကို Visit သမားတွေ အ၀င်မခံပဲထားတာဒါ ပထမဆုံးအကြိမ်ပါပဲ...... အဲဒီညနေက သွားတဲ့အဖွဲ့ထဲမှာ ၅ ယောက် ပြန်လာရပါတယ်..... ဒါက အီမေးထဲက စာသားတစ်ခုပါ။ ဒီအီးမေးတွေကြောင့် စလုံးကို လာမယ်လုပ်ထားတဲ့ သူတွေလည်း ကြောက်ရွံ့ကုန်ပါတယ်။

ကျမတို့ အတွေ့အကြုံအရဆိုရင်တော့ ဒါဟာ စင်္ကာပူမှာ ပထမဆုံးအကြိမ် မဟုတ်ဘူးဆိုတာတော့ လုံးဝသေချာပါတယ်။ Visit နဲ့လာတဲ့ သူတွေကို ပိုက်ဆံစစ်တာဟာ ထုံးစံတစ်ခုပါပဲ၊ ကံကောင်းတဲ့သူတွေ အစစ်မခံရပေမယ့် ပိုက်ဆံ ဘယ်လောက်ပါလဲ.. မင်းကတို့နိုင်ငံကို လာလည်တာဆိုတော့ ပိုက်ဆံသုံးဖို့ ဘယ်လောက်ယူလာလဲဆိုတဲ့ မေးခွန်းတွေကို မေးတတ်တာ ထုံးစံတစ်ခုလိုပါပဲ။ အထူးသဖြင့် ရစ်ချင်တဲ့ ၀န်ထမ်းတွေဆိုရင် မေးကိုမေးပါတယ်။

Visit သမားတွေ အ၀င်မခံတာ ပထမဆုံး အကြိမ်ဆိုတာလဲ မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အရင်တုန်းကလည်း စလုံးကို ၀င်ခွင့်မရလို့ ပြန်သွားရတဲ့ အပေါင်းအသင်းတွေ ရှိခဲ့ဘူးပါတယ်။ တိတိကျကျနဲ့ အနီးစပ်ဆုံး ပြောပြရရင် ကျမနဲ့ အတူတူနေတဲ့ အခန်းဖော် သူငယ်ချင်းရဲ့ အကို စင်္ကာပူကို လာတုန်းကပါ။

သူ့အကိုကို စလုံးလာဖို့ Invite လုပ်ပေးတာက ဦးလေးအရင်းပါ။ ဒါပေမယ့် သူ့ဦးလေးက ရန်ကုန်ရောက်နေတာတဲ့ အပြင် Hand Carry အိတ်ထဲကိုစစ်တော့ ဘွဲ့လက်မှတ်တွေ တွေ့တာကြောင့် လာလည်တာ မဟုတ်ဘူးဆိုပြီး ပေးမ၀င်တော့ပါဘူး။ ပိုဆိုးတာက ရန်ကုန်ကိုလည်း ချက်ချင်းပြန်မလွှတ်ပါဘူး။

ကျမသူငယ်ချင်းက သူ့အကိုကို သွားကြိုတော့ Immigration ကိုမဖြတ်ခင် ညီမလေး..ရေအကိုရောက်ပီလို့ ဖုန်းလှမ်းဆက်တော့ ကျမသူငယ်ချင်းလည်း တစ်စောင့်စောင့်နဲ့ပေါ့။ မိုးသာချုပ်သွားတယ် အပြင်ရောက်မလာပါဘူး။ စင်္ကာပူက လူတွေကလည်း စိတ်ပူ။ ရန်ကုန်က မိဘဆွေမျိုးသားချင်းတွေကလည်း စိတ်ပူနဲ့ပေါ့။ နှစ်ရက်တိတိ အဆက်အသွယ်လုံးဝမရသလို ဘယ်ရောက်လို့ ဘယ်ပျောက်နေမှန်းလဲ မသိပါဘူး ။ သုံးရက်မြောက်နေ့မှ ရန်ကုန်ကို ပြန်လွှတ်လိုက်တာပါ။

ရန်ကုန်ကိုရောက်တော့လဲ ခရီးဆောင်အိတ်ကြီး ပြန်ပါမလာပါဘူး။ Silk Air လေကြောင်းလိုင်းကို သွားပြောတော့လည်း သူတို့က ပုံမှန်အတိုင်း စင်္ကာပူကို ပို့လိုက်တယ်ပေါ့။ အဲဒီ့အိတ်ကို ပြန်လိုချင်တယ်ဆိုရင် အကျိုးဆောင်ခ စလုံး ၆၀၀ပေးရမယ်တဲ့။ ဆိုးပနော်။ သူတို့လည်း စိတ်တိုတိုနဲ့ အဲဒီ့အိတ်ကို အဆုံးခံလိုက်ပါတယ်။

ကျမသာ အဲဒီ့အကိုကြီးနေရာမှာဆို စိတ်ဓါတ်ဘယ်လောက်ကျလိုက်မလဲဆိုတာ စဉ်းစားလို့တောင် မရပါဘူး။ ကိုယ့်ရဲ့ ပထမဦးဆုံး နိုင်ငံခြား ခ၇ီးစဉ်မှာ ဒီလိုအဖြစ်တွေနဲ့ ကြုံလိုက်ရတော့ တော်တော်ကို ကြောက်ရွံ့ တုန်လှုပ်အားငယ်နေမှာပဲ။ ဒါပေမယ့် အဲဒီ့အကိုကြီးကို ကျမတော်တော် ချီးကျူးပါတယ်။ နောက်တစ်လ အကြာမှာ သူစင်္ကာပူကို ရောက်အောင်လာခဲ့ပါတယ်။ အခုဆို Spass နဲ့အလုပ်အကိုင်တွေတောင် အဆင်ပြေလို့။ တစ်နည်းအားဖြင့် စင်္ကာပူရဲ့ စိန်ခေါ်မှုကို ကြံ့ကြံ့ခံနိုင်ခဲ့တယ်ပေါ့လေ။ ဒါကြောင့် အ၀င်မခံရလို့ စိတ်ပျက်အားငယ်စရာ မရှိပါဘူး။ သူတို့ နိုင်ငံရဲ့ ဥပဒေကို ချိုးဖောက်တာလဲ မဟုတ်တာကြောင့် နောက်တစ်ကြိမ် ထပ်ကြိုးစားခွင့်တွေ ရှိပါသေးတယ်။

ဒီတော့ ဒီလိုအ၀င်မခံရတာဟာ တရားမ၀င်မှုကြောင့်ဆိုတာထက် အခန့်မသင့်မှုကြောင့်တွေကြောင့် ဖြစ်နိုင်ပါတယ်။ သူတို့က ပိုက်ဆံကို ပြခိုင်းတဲ့ အချိန်မှာ လုံလောက်တဲ့ ပိုက်ဆံမပြနိုင်တာကြောင့်လား။ အလည်လာတယ်လို့ ပြောပြီး ဘွဲ့လက်မှတ်တွေ CVတွေကိုတွေ့သွားတာကြောင့်လား။ ဒါတွေကို ကာကွယ်ချင်ရင် Show Money ကိုလုံလုံလောက်လောက် ယူလာခဲ့ပီး စာရွက်စာတမ်းတွေကို အလွယ်တကူ စစ်ဆေးကြည့်လို့ မရနိုင်တဲ့ Hand Carry ထဲမထည့်လာဖို့ပါပဲ။

နောက်အရေးအကြီးဆုံးတစ်ခုက ကိုယ့်ကို invite လုပ်လိုက်တဲ့ PR ပါပဲ။ တစ်ခါတစ်လေ ကိုယ် Immigration ဖြတ်တဲ့အချိန်မှာ invite လုပ်ထားတဲ့ ပီအာကို ဖုန်းလှမ်းဆက်ပီး မေးတတ်ပါတယ်။ ဟုတ်မဟုတ်သေချာအောင်ပေါ့။ ဒါလည်း စလုံးရဲ့ ထုံးစံတစ်ခုပါပဲ။ ဒီတော့ မလာခင်မှာ ကိုယ်ဘယ်နေ့လာမယ်ဆိုတာကို Invitation Letter ပို့ထားတဲ့ PR ကို ကြိုတင် အကြောင်းကြားထား သင့်ပါတယ်။ ဒါမှ သူ့ဆီကို ဖုန်းဆက်လှမ်းမေးတဲ့ အချိန်မှာ သေချာပြောပေးနိုင်မှာပါ။

PR တစ်ယောက်က တစ်ကြိမ်ထဲမှာ လူပေါင်းများစွာကို invite လုပ်ထားရင်လည်း သူတို့က လက်မခံချင်ပါဘူး ။ ဥပဒေထဲမှာ မဖော်ပြထားပေမဲ့ လက်မခံပါဘူး။ အခုနောက်ပိုင်း ရန်ကုန်မှာ Invitation Letter ကို ပိုက်ဆံပေးပြီး Agent တွေဆီက ၀ယ်လို့ ရတယ်လို့ ပြောကြပါတယ်။ ဒီတော့ PR တစ်ယောက်ထဲက ပေးတဲ့ invitation letter တွေ အရမ်းများနေလို့ လက်မခံတာလဲ အများကြီး ဖြစ်နိုင်ပါတယ်။ ဒီတော့ မလာခင်မှာ ကိုယ့်ကို invite လုပ်မယ့် PR ရဲ့ invitation letter ကိုလည်း သေချာအောင် စစ်ဆေးသင့်ပါတယ်။

တစ်ယောက်က work permit ရပြီးသား လူတစ်ယောက် ပါပါတယ်........ သူကို မေးမြန်းကြည့်တဲ့အခါမှာတော့ သူအလုပ်လုပ်မဲ့ Company  ကသူ့အတွက် Deposit မတင်ထားရသေးလို့လို့ပြောပါတယ်...work permit ရပြီးသား ဆိုပေမယ့်လည်း စိတ်မချ ရသေးဘူးဆိုတဲ့ သဘောပါပဲ.....
စလုံးမှာ Work Permit သမားတစ်ယောက်အတွက် Company က MOM မှာ Deposit ပိုက်ဆံ ဒေါ်လာ ၅၀၀၀ ပေးထားရပါတယ်။ သူ့ Company က Deposite မတင်ရသေးလို့ အ၀င်မခံရတာ ဖြစ်နိုင်ပါတယ်။ အေးဂျင့်နဲ့ လာတာဆိုရင်တော့ အေးဂျင့်ကို သေချာပြောပြပီး Company ကို ကြောင်းကြားသင့်ပါတယ်။ အစစ်အမှန် workpermit approval letter ဆိုရင်တော့ Company ကသေချာလိုက်လုပ်ပေးမှာပါ။ ဘာမှ စိုးရိမ်စရာ မရှိပါဘူး။

ကျမကတော့ ဒီလိုသတင်းတွေ ကြားတိုင်း ကိုယ်လည်း ဘာမှ မတတ်နိုင်တဲ့အတွက် သေသေချာချာ ကြိုတင်ပြင်ဆင်ပြီးမှ လာသင့်ပါတယ်လို့သာ အကြံပေးချင်ပါတယ်.... ဒါတွေက စင်္ကာပူလေဆိပ်မှာ ကြုံရတဲ့ ဒုက္ခလေးတွေပဲ ရှိပါသေးတယ်။ ကမ္ဘာ့ စီပွားရေး ပျက်ကပ်ရဲ့ ရိုက်ခတ်မှုကို စတင်ခံနေရပီဖြစ်တဲ့ စလုံးမှာ ဒုက္ခတွေ ရောက်နေရတဲ့ ရွှေမြန်မာတွေကလည်း တစ်ပုံတစ်ပင်ပါ။ ကျမကတော့ မြန်မာရုပ်မြင်သံကြားမှာ ခဏခဏလာနေတဲ့ ဇာတ်လမ်းထဲက ဦးညွှန့်ဝင်း ပြောသလိုပဲ ကိုင်း... ဘာဆက်လုပ်ကြမလဲ.... လို့သာမေးချင်ပါတော့တယ်။

Print ပရင့်ထုတ်ရန်
 
This Post has 8 Comments Add your own!
may - November 19, 2008 at 10:31 AM

This comment has been removed by the author.

Unknown - November 19, 2008 at 10:37 AM

စင်္ကာပူမှာ ဒါမျိုးဖြစ်တာ ပထမဆုံးအကြိမ် မဟုတ်ဘူးဆိုတာတော့ လုံးဝသေချာပါတယ်။
၂၀၀၇ခုနှစ် နောက်ပိုင်းမှာ ဒါမျိုး ခဏ ခဏဖြစ်ပါတယ်….ကျမ မိတ်ဆွေ အသိုင်းအ၀ိုင်းမှာတင် ပြန်ပို့ခံရတာ၃ဦးရှိပါပြီ…
Immigration officerနဲ့တွေ့တဲ့အခါ ကျေလည်အောင်မပြောနိုင်တာ. Show money အလုံလောက်မပါတာ
တယောက်ဆို officerက invite လုပ်တဲ့ PR နာမည် နဲ့ phone no ကိုမေးတဲ့ အခါမဖြေနိုင်ပါဘူး (ဆိုးပ)
Visit နဲ့ဆို Hand carry ထဲမှာ cv, certificate တွေထည့်မလာပါနဲ့.. Immigration က Hand carry ဆို မွေတတ်ပါတယ်
ဒါပေမဲ့ သူတို့အားလုံးခုဆို အားမလျော့ပဲ ပြန်ကြိုးစားကြလို့ စင်ကာပူမှာ spass နဲ့လုပ်နေကြပါပီ..(sembawang လို company မျိုးမှာရသွားတဲ့သူတောင်ပါသေးတယ်)
ကိုယ့်နိုင်ငံက အဆင်မပြေတော့လည်း ရေကြည်ရာ မြက်နုရာ ဖြစ်တဲ့ စင်ကာပူကို လာဖို့ လူတိုင်းရုန်းကန်နေရတာပါ..
မိုးပြိုမှာကိုတွေးကြောက်နေလို့တော့ဘယ်ဖြစ်ပါ့မလဲ..
ကိုယ့်ဘက်က သေချာအောင်အားလုံးလုပ်ကိုင်ပီးလာသင့်ပါတယ်.

Thargyi(Gyobingauk) - November 19, 2008 at 11:43 AM

ညီမရေ..
ဒီပို့စ် အတွက်ကျေးဇူးတင်ပါတယ်..
ဒီပြဿနာတွေရဲ့ပထမအရင်းခံက ဟိုကလာတဲ့ သူငယ်ချင်းတွေကလဲဘယ်ဟာကိုမှ သေခြာမမေးဘူး ဒီကရောက်နှင့်ပြီးသားသူငယ်ချင်းတွေကလဲ သေခြာရှင်းမပြကြဘူး..( လာမလား..အေးအေး..ဘယ်တော့လဲ..PR letter ပို့လိုက်မယ်..အေးအေး.. ငါ့အိမ်ကပေးလိုက်တာလေးသယ်လာပေးပါ..နည်းနည်းလေးပါ ၁၅ ကီလိုလောက်ပဲရှိတယ်.)..ဆိုတာတွေပဲ ပြောနေကြတာလေ.. ဒီရောက်လို့ Immigration ဖြတ်ရင်ဘယ်လို..ဘယ်ပုံအခက်အခဲရှိတက်တယ်ဆိုတာမပြောကြဘူး ..နောက်ပြီးစလုံးရဲ့လုပ်ပုံကလဲမဟုတ်ဘူး .. visit လာပြီးအလုပ်ရှာမရကြေးဆိုရှင်ဒီ visa နဲ့ဝင်လာတဲ့လူတွေ MOM ကဘာလို့ pass ပေးလဲ..စလုံးလောက် e-gov ဖြစ်တဲ့နိုင်ငံရှိပါအုံးမလား သူတို့လိုရင်တစ်မျိုး မလိုရင်တစ်မျိုးနဲ့..မြန်မာပြည်မှာ ဒင်းတို့အလုပ်လာရှာမှတွေ့မယ် (ဟိဟိ..ကျိန်းဝါးကြည့်တာ)

Moe Myint Tane - November 19, 2008 at 1:22 PM

အင်း အားလုံးဟာ ရေကြည်ရာမြက်နုရာမှာ တိုးတက်ချင် ကြီးပွားချင်လို့ အလုပ်လာရှာကြတာ။ ဒါပေမယ့် အလုပ်လာရှာသူ visit passport ကိုင်ဆောင်သူအများစုဟာ ကိုယ်လာအလုပ်ရှာမယ့် တိုင်းပြည်ရဲ့ အစဉ်အလာ စည်းကမ်း သတ်မှတ်ချက်တွေကို သေသေချာချာ မသိကြတဲ့လူတွေများတယ်။ နောက်တစ်ခုက ပွဲစား။ တကယ်အမှန်အကန်ပွဲစားတွေ ရှိသလို အကြံအဖန်ပွဲစားတွေလည်း ဒုနဲ့ဒေးပါ။ ဘာမှမသိသေးတော့ ပွဲစားပြောတာတွေကို အဟုတ်ထင် အယုံလွယ်ပြီး လေဆိပ်လည်းရောက်ကော ပြသနာနဲ့ ကြုံရတော့တာဘဲ။ အဲဒီတော့ စလုံးမှာ အလုပ်လာရှာတော့မယ်ဆိုရင် စလုံးက အလုပ်နဲ့ပတ်သက်တဲ့ အခြေအနေ လေဆိပ်မှာ ကြုံတွေ့ရတဲ့ အခက်အခဲ၊ ဘယ်လိုဖြတ်သန်းရမယ်ဆိုတာတွေကို အနည်းနဲ့အများသိထားသင့်ပါတယ်။ သိအောင်လည်း လုပ်ထားသင့်ပါတယ်။ ဒါမှလည်း ကိုယ်အလုပ်ရှာဘို့ လာတဲ့နေရာမှာ အဆင်ပြေလိမ့်မှာ ဖြစ်ပါတယ်။ စွန့်စားခန်းတစ်ခုဖွင့်တော့မယ်ဆိုရင် စွန့်စားရာမှာ အောင်မြင်ဘို့ အတွက် လိုအပ်တာတွေ အားလုံးပြင်ဆင်ခဲ့ဘို့ လိုအပ်ပါတယ်။


ဆန္ဒမွန်ဖြင့်
စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

ဆန်းဝင်း - November 19, 2008 at 2:45 PM

ကျနော်တို့ အဖွဲ့ လာတုန်းက အားလုံးပေါင်း ၁၈ ယောက်ရှိတယ် ။၁၈ ယောက်စာ Bank’s Insurance Guarantee ကော်ပီ list ကိုကိုင်ပြီး ၀င်ခဲ့ပါတယ် ။ အဲဒီထဲမှာ Effective date and Veiled date ပါပါတယ် ။ ဘာမှပြသနာ မရှိခဲ့ပါဘူး ။ Effective date ဖြစ်တဲ့နေ့ ကစပြီး ၀င်လို့ရပါပြီလို့ ရေးသားထားပါတယ် ။ဒါပေမယ့် Original in principal approvable letter ကို check point မှာ ပွဲစား (သို) ကုန်ပဏီ က ပေါ့ အလုပ်မသားမရောက်ခင် တစ်နာရီသို့ နာရီဝက် ကြိုပြီး တင်ပြရပါတယ် ။ ပျက်ကွက်ခဲ့ရင် အလုပ်သမားကို ၀င်ခွင့် မပေး ဘူးလို့ ရေးထားပါတယ် ။ လေဆိပ်မှာ လာမကြိုဘူးဆိုရင် တော့ မြန်မာပြည် က အေးဂျင့်ကို တိုင်လို့ ၇ပါတယ် ။ မရလဲ ခဲနဲပေါက်ပေါ့ဗျာ။Hand carry ကိုတော့ ရံဖန်ရံခါ စစ်တာထင်ပါတယ် ။ ကံဆိုးသူရှာတာပေါ့ဗျာ ။ စင်္ကပူ ရဲက ဖိန့်ကောင်းတယ် ။ ဒါပေမယ့် ကျနော်လာတုန်းက တော့ ချဉ်ပေါင်ကြော်ဆွဲ လာတာ သူတို့ မသိပါဘူး ။

HAPPY CLOUD - November 19, 2008 at 6:28 PM

ညီမရေ... ခုလိုရေးလိုက်တာ ကောင်းပါတယ်...လူဆိုတာကလည်း တစိတ်ကို တအိတ်လုပ်ချင်တဲ့သူများတယ်...သတင်းဆိုတာမျိုးဟာ... ဘက်မလိုက်ပဲရေးသင့်တာ...ကိုရေးတာကြောင့် တချို့လူတွေ... ထိတ်လန့်စေတယ်ဆိုရင်တော့ သတိထားသင့်တာပေါ့...ပိုပြီးဂရုစိုက်သင့်တယ်လို့ အကိုထင်တယ်...ညီမရေခုလိုရှင်းပြပေးတာ ကျေးဇူးတင်ပါတယ်...
(ဖိုးမောင်)

nyein - November 20, 2008 at 9:10 AM

ကောင်းတယ်သူငယ်ချင်းဆက်လုပ်ဆက်လုပ်။ နော်... ကိုယ်တွေ့လေးတွေ ပိုရေးလို့ရအောင် ငါရှိပါတယ်။ ဟဲဟဲ

nyein - November 20, 2008 at 9:10 AM

ကောင်းတယ်သူငယ်ချင်းဆက်လုပ်ဆက်လုပ်။ နော်... ကိုယ်တွေ့လေးတွေ ပိုရေးလို့ရအောင် ငါရှိပါတယ်။ ဟဲဟဲ

Post a Comment