Scripts ဖြင့် AutoCAD မှာ slide show ပြုလုပ်ပုံအဆင့်ဆင့်ကို လက်ရှိ post မှာတင်ပြသွားပါမယ်။ ဒီ ကဏ္ဍကို အပိုင်း(၃)ခုအနေ နဲ့ တင်ပြသွားပါမယ်။
(၁) AutoCAD slide (*.sld) ဖိုင်များ ပြုလုပ်ခြင်း၊
(၂) slide show အတွက် script ရေးခြင်း နှင့်
(၃)script ဖိုင်ကို run ပြီး slide show ပြုလုပ်ခြင်း အနေနဲ့ တင်ပြ သွားပါ မယ်။

 Slide show ပြုလုပ်ဖို့အတွက် ပထမဆုံး AutoCAD slide ဖိုင်တွေ ပြုလုပ်ရပါမယ်၊ အဲဒီအတွက် (command: mslide) ဖြစ်ပါတယ်။ ပထမဆုံး AutoCAD screen မှာ မိမိလိုချင်တဲ့ objects တွေနဲ့ view အနေအ ထားရအောင် zoom & pan ဖြင့် အရင်ချိန်ပါ။ နောက် command: mslide ကို ရိုက်ပါ။ Slide file ကို save ဖို့ အတွက် dialog box ပေါ်လာပါမယ်။
Note: တစ်ခါတစ်ရံမှာ dialog box ပေါ်မပေါ်က “filedia” system variable အပေါ် မူတည်ပါတယ်။ “filedia” “1” ဖြစ်မှ dialog box ပေါ်ပါမယ်။ Default အားဖြင့် တော့ “filedia” ကအမြဲ “1” ပါ။ ၄င်း dialog box မှာ slide file ကို မိမိ လိုချင်တဲ့ ဖိုင်နာမည် နဲ့ save နိုင်ပါတယ်။ File extension က “*.sld” ဖြစ်ပါမယ်။
ဤနည်းအတိုင်း မိမိ ဆွဲထားတဲ့ AutoCAD objects တွေကို မိမိ စိတ်ကြိုက် slide file တွေပြု လုပ်နိုင်ပါတယ်။ ပြုလုပ်ပြီးတဲ့ slide ဖိုင် ကိုပြန်ကြည့်ဖို့အတွက် (command: vslide)ဖြစ်ပါတယ်၊ command ပေး လိုက်တဲ့အခါမှာ show လုပ်ချင်တဲ့ slide file ကို ရွေးဖို့အတွက် dialog box ပေါ်လာပါမယ်။
အဲဒီမှာ မိမိကြည့် ချင်တဲ့ slide ဖိုင်ကို ရွေးပြီး open လုပ်ရုံနဲ့ အဲဒီ slide ဖိုင်တွေကို ပြန်ကြည့်လို့ရပါမယ်။ ပြနေတဲ့ slide show ဟာ user က regenerate မလုပ်မချင်း ဒါမှမဟုတ် zoom မလုပ်မချင်း AutoCAD graphic screen အပေါ်မှာ ရှိနေပါမယ်။ Slide show မှာ objects တွေကို edit လုပ်လို့ မရပါဘူး၊ ပြန်ကြည့်ရုံသက်သက် ပဲ ရပါမယ်။ ဥပမာ - new file တစ်ခုဖွင့် ပါ၊ line တစ်ကြောင်းဆွဲပါ၊ နောက် zoom – extent လုပ်ပါ၊ “mslide” ကို command line ကနေ ရိုက်ပါ၊ dialog box ပေါ်လာရင် file name ပေးပြီး slide file ကို save ပါ။ နောက် circle, rectangle စသည်တို့ကို ဆွဲပြီး အထက်ပါ နည်းအတိုင်း “mslide” command ဖြင့် slide file တွေ ပြုလုပ်ပြီး save လုပ်ထားပါ။

အဲဒီ slide တွေကို ပြန်ကြည့်ဖို့ အတွက် “vslide” command ဖြင့် ပြန်ကြည့်ပါ။ ဒီအဆင့်မှာ ဖော်ပြထားတာ တွေဟာ slide တစ်ခုချင်းကို တစ်ကြိမ်မှာ slide တစ်ခုကို ကြည့်တဲ့ ပုံစံမျိုးနဲ့ ဖြစ်ပါတယ်။
ဒီအဆင့်မှာတော့ ပြုလုပ်ပြီးသား slide filde တွေကို တစ်ခုချင်းမဟုတ်ဘဲ ဆက်တိုက် တစ်ခုပြီး တစ်ခု ကြည့်ပုံကို တဆင့်ချင်း တင်ပြသွားပါမယ်။ အဲဒီလို ဆက်တိုက် ကြည်ကဖို့အတွက် AutoCAD script file ကိုရေးဖို့လိုပါမယ်။
လက်ရှိ post နှင့်အတူ နမူနာ script file တစ်ခု နဲ့ slide file တစ်ချို့ ကို upload တင်ပေးထားပါတယ်။ ၄င်း script ဖိုင်ထဲမှာ ကြည့်မယ်ဆိုရင် ပထမဆုံးအကြောင်းမှာ “filedia 0” က AutoCAD ရဲ့ dialog box request ကို ခဏ supress (ထိန်ချန်) ထားဖို့အတွက် ဖြစ်ပါတယ်။ သာမာန်အားဖြင့်တော့ script file ဟာ dialog box request ကို auto supress လုပ်ပြီးသားပါ။ ဒါပေမယ့် စာဖတ်သူတွေ အနေနဲ့ အခြေခံကို သိစေချင်တဲ့သဘောနဲ့ ထည့်ရေး ထားတာဖြစ်ပါတယ်။
ဒုတိယ script line မှာ “vslide Design_Plan” လို့ရေးထားတာက “vslide” က command ဖြစ်ပါတယ်၊ “Design_Plan” က မြင်ချင်တဲ့ slide file name ဖြစ်ပါတယ်။ ဒီမှာ slide file name ကို (“”) နှစ်ခုကြားမှာ မရေးဘဲ အလွတ်ရေးထားတာ ကိုသတိပြုပါ၊ အကယ်ရွေ့  user မြင်ချင်တဲ့ slide file name က underscore “_” မပါဘဲ (Design Plan) ဖြစ်တယ်ဆိုပါဆို့၊ အဲဒီအခါ မှာ user က script ကို ရေးတဲ့အခါ slide file name ကို (“”) နှစ်ခုကြားမှာ ထည့်ရေးရပါမယ်။ ဥပမာ - (vslide “Design Plan”)။
နောက် တတိယ line မှာ “delay 700” ဆိုတာက slide တစ်ခုနှင့်တစ်ခု ကြာစေချင်တဲ့အချိန် (သို့) ပြစေချင်တဲ့ အချိန်ဖြစ်ပါတယ်၊ 700 ဆိုတာက 700 millisecond ဖြစ်ပါတယ်။ (1000 millisecond = 1 second)။ ဒီလိုနဲ့ ပြချင်တဲ့ slide file တွေကို အထက်ပါ နည်းအတိုင်း ပြသွားရင်းနဲ့ နောက်ဆုံးမှာ “rscript” ဆိုတာကိုတွေ့ပါလိမ့်မယ်။ “rscript” က လက်ရှိ run နေတဲ့ script file ကို user က “Esc” keyboard မှာ escape မနှိပ်မချင်း reapeat လုပ်ပြီး အပြန်ပြန် အလှန်လှန် run နေမှာ ဖြစ်ပါတယ်။ အဲဒီ “rscript” ရဲ့ အောက်မှာ (ENTER) တစ်ချက် ရှိနေသေးတယ်ဆိုတာကို သတိပြုပါ၊ အဲဒါကတော့ script file ရဲ့  syntax သက်သက်ဖြစ်ပါတယ်။


အခုအဆင့်မှာတော့ slide file တွေလည်းလုပ်ပြီးပြီ၊ script file ကိုလည်း ရေးပြီးပြီ ဖြစ်တဲ့အတွက် ၄င်း script file မှာနေ လုပ်ပြီးသား slide file တွေကို show လုပ်ဖို့ပဲဖြစ်ပါတယ်။ Script file ကို run ရန်အတွက်
COMMAND: script
MENU: Tools – Run script    ဖြစ်ပါမယ်။ နောက် dialog box ပေါ်လာရင် ရေးထားတဲ့ script file ကို ရွေးပြီး open လုပ်ပါ။ လက်ရှိ တင်ပြထားတဲ့ ဥပမာ ဖိုင်အရဆိုရင် user က “Esc” မနှိပ်မချင်း repeat လုပ်ပြီး run နေမှာဖြစ်ပါတယ်။ Slide ဖိုင်တွေဟာ AutoCAD Search directory အတွင်းမှာ ရှိရမယ်ဆိုတာကို သတိပြုပါ။

အထက်ပါ post နှင့်ပတ်သက်ပြီး ဥပမာ slide files များနှင့် script file DOWNLOAD အတွက်

2_Slide_Show.rar

လက်ရှိ post နဲ့ပတ်သက်ပြီး ဆွေးနွေးရန်အတွက်_

phoesan2006@gmail.com

AutoCAD စာအုပ်များ၊ Ready Made AutoCAD Blocks များ၊ Ready Made Hatch Pattern (.pat) များ၊ နှင့် AutoLisp ဖိုင်များ ကို DOWNLOAD ချရန်အတွက်_
Uploadlink: www.mediafire.com
username: phoesan2006@gmail.com
password: schoolboy
Mediafire မှာ အထက်ပါ user name နှင့် password အတိုင်း log in လုပ်ပြီး “My Files” ထဲမှာ ၀င်ကြည့်ပါ။
Posts Coming Soon:
- Slide Libaray ပြုလုပ်ခြင်း၊

Print ပရင့်ထုတ်ရန်
 
This Post has No Comment Add your own!

Post a Comment