Happy blogging ညီမလေး KPZ!

No Comment - Post a comment

ညီမလေးရေ ကိုယ်တတ်ထားတဲ့ အသက်မွေးဝမ်းကျောင်းပညာတစ်ခုကို အခုလို တစိုက်မတ်မတ် ဖြန့်ဝေပေးနေတာကို လေ့လာသူတွေကိုယ်စား အကိုကပဲ ကျေးဇူးတင်တဲ့ အကြောင်း ပြောပြချင်ပါတယ်။ အကို ကိုယ်တိုင်က အော်တိုကဒ် နဲ့ ပက်သက်ပြီး လေ့လာမှု အားနည်းလို့ ညီမလေး ဘလောက်ကနေတစ်ဆင့် လေ့လာနေရတာပါ။ နောက်ပြီး ညီမလေး ဘလောက်မှာ စာတွေ့သာမက လက်တွေ့ အတွေ့အကြုံလေးတွေ အခက်အခဲတွေ စင်္ကာပူအလုပ်ခွင်က အခြေအနေ စတာတွေကို သိခွင့်ရလို့ အင်မတန် အကျိုးရှိပါတယ်။ တကယ်တော့ ပညာရပ်တစ်ခုဆိုတာ လေ့လာလို့ ဆုံးခန်းတိုင်တဲ့ အရာမျိုး မဟုတ်ပါဘူး။ ကိုယ်တိုင်က အမြဲလေ့လာရင်း လေ့ကျင့်ရင်း သူများကိုပါ ဖြန့်ဝေပေးနေတာကို အကိုလေးစား ဂုဏ်ယူမိပါတယ်။
ညီမလေးရေ.. တကယ်တော့ ဘယ်အလုပ်မဆို ထိထိရောက်ရောက် ဆောင်ရွက်ချင်ရင် စိတ်တူ ကိုယ်တူ သူငယ်ချင်းတွေ စုပေါင်းပြီး ဆောင်ရွက်ဖို့လိုပါတယ်။ ဒီတော့ အတတ်နိုင်ဆုံး ညီမလေး နဲ့ ခံယူချက်တူတဲ့ သူငယ်ချင်းညီအကို မောင်နှမတစ်တွေ စုစည်းပြီး ပျော်ပျော်ပါးပါးနဲ့ နှစ်ပေါင်းများစွာ ဆက်လက် ရေးသားနိုင်ပါစေလို့ အကိုဆုတောင်းပေးလိုက်ပါတယ်ဗျာ။
ဘလူးဖီးနစ်

Print ပရင့်ထုတ်ရန်
 
This Post has No Comment Add your own!

Post a Comment