တစ်နှစ်ပြည့် အမှတ်တရ

10 comments - Post a comment

MyHotComments.comဘာလိုလိုနဲ့ ဒီဘလော့လေးကို ကျမ အသက်သွင်းခဲ့ တစ်နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။ တစ်နှစ်ဆိုတဲ့ ကာလအတွင်းမှာ ဒီဘလော့လေးကနေ အသိပညာတွေ အများကြီး ရခဲ့ရပါတယ်။ ကျမနဲ့ ဘ၀တူ လုပ်ငန်းတူ သူငယ်ချင်းပေါင်း များစွာနဲ့ ရင်းနှီးခဲ့ ရသလို အသိပညာတွေ ဖလှယ်နိုင်ခဲ့ပါတယ်။ ဒီဘလော့လေးကို ဖန်တီးထားရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကျမကိုယ်တိုင်မသိသေးတဲ့ အရာတွေကို ရှာဖွေလေ့လာရင်း မှတ်တမ်းလေးအဖြစ် သိမ်းဆည်းထားရင်း အချင်းချင်း ကိုယ်လေ့လာ သိရှိထားသမျှကို နှီးနှောဖလှယ်တိုင်ပင် နိုင်စေဖို့ပါ။
ဘယ်နေရာမှာမှ တစ်ဦးတစ်ယောက်ထဲ ဆောင်ရွက်လို့ မရသလို ဒီဘလော့လေးဟာ ကျမတစ်ယောက်ထဲရဲ့ ကိုယ်စွမ်း ဥာဏ်စွမ်းနဲ့ ဖန်တီးထားတာတော့ မဟုတ်ပါဘူး။ ကျမကို စေတနာ အပြည့်နဲ့ ၀ိုင်းဝန်း ကူညီခဲ့သူတွေ ရှိလို့ပါ။ ကျေးဇူးတင်ထိုက်တဲ့ သူတွေ အားလုံးကို ကျမဘလော့လေး တစ်နှစ်ပြည့်မှာ ကျေးဇူး တင်ကြောင်း ပြောပါရစေ။

ဒီလိုအချိန်မှာ ကျမသတိရ ကျေးဇူးတင်မိတာက လက်နဲ့ ပုံဆွဲတတ်အောင် ( Hand Drawing )စိတ်ရှည်လက်ရှည် သင်ကြားပေးခဲ့တဲ့ ၀ိုင်တီယူက ဆရာကြီး ဦးသိန်းထွန်းအောင်၊ အော်တိုကဒ်ကို သင်ကြားပေးခဲ့တဲ့ ဆရာဦးကျော်စိန်၊ QuickCAD ကဆရာ ဆရာမများ၊ SunTech ကဆရာ ဆရာမများနှင့်အတူ သင်ဆရာ မြင်ဆရာ ကြားဆရာတွေ အားလုံးပါ။

ဘလော့နဲ့ ပတ်သတ်ပြီး ပထမဦးဆုံး ကျေးဇူးတင်ရမှာက ကျမစိတ်ကူးတွေကို လက်တွေ့ ဖြစ်လာအောင် စတင်အကောင်အထည် ဖော်ပေးခဲ့တဲ့ ကိုZYHပါ။ ကျမက စိတ်ကူးသာရှိပြီး လက်တွေ့ ဖြစ်လာအောင် မလုပ်နိုင်တာကို လုပ်ပေးခဲ့သလို ဘလော့နည်းပညာတွေကို သင်ကြားပေးခဲ့တဲ့သူပါ။

နောက်တစ်ယောက်ကတော့ ပထမဦးဆုံး ကော်မန့်လာရေး ဆုံးမပေးတဲ့ ကိုမီထရို ပါ။
“ တကယ်ကောင်းတဲ့ အိုင်ဒီယာပါပဲ.....။ ဒါပေမဲ့ သိပ်အရမ်းကြီး မချီးကျူးသေးဘူး...။ စောင့်ကြည့်အုံးမယ်။
ရေတက်ဦး ငါးဇင်ရိုင်းလို၊ ကောက်ရိုးမီးလို ခဏလေး ပေါ်ပင်လုပ်ရုံနဲ့၊ ပေါ်ပြူလာ ဖြစ်ချင်ရုံ သက်သက်နဲ့တော့ မရဘူး...။တကယ် တတ်လိုတဲ့ သူတွေကို တကယ် ဖြန့်ဝေပေးနိုင်ဖို့
ကြိုးစားဖို့ လိုတယ်။ ဒါမှ လုပ်ရကျိုးလည်း နပ်မှာ ဖြစ်သလို AutoCAD နဲ့ ပတ်သက်လာရင် အများက အားထားရတဲ့ ဘလော့ဂ် တစ်ခုဖြစ်လာမှာ ဖြစ်တယ်....”
သူပေးခဲ့တဲ့ ကော်မန့်ကြောင့် ဒီဘလော့ကို ကျမ ပေါ့ပေါ့ တန်တန် မလုပ်ရဲတော့တာပါ။ ခုချိန်ထိလည်း ဘလော့ ရေးချင်စိတ်တွေ ပျောက်ပျောက်သွားတိုင်း အဲဒီ့ ကော်မန့်ကို ပြန်ပြန်ဖတ်ပီး အားယူရတုန်းပါ။

နောက်တစ်ယောက်ကတော့ စကားတင်းတွေ ဘယ်လောက်ဆိုဆို ရည်ရွယ်မှန်တဲ့ လမ်းကြောင်းကို ဘယ်တော့မှ မပျောက်စေနဲ့နော် ညီမလေးလို့ ဆုံးမပြီး ဘလော့မှန်မှန်ရေးဖို့ အမြဲတစေ ဆုံးမတဲ့အပြင် ကျမရဲ့ ပို့တွေကို သူ့ဘလော့မှာပါ ဖော်ပြပေးခဲ့တဲ့ ကိုဘလူးဖီးနစ်။ ကျမဒီဘလော့ကို မြန်မာပြည်က လူတွေပါ ဖတ်လို့ရအောင် ဒိုမိန်းဝယ်ချင်ပါတယ်ဆိုတော့လည်း မအားတဲ့ကြားကနေ အစအဆုံး လိုက်လုပ်ပေးခဲ့ပါတယ်။

ကျမဘလော့ စရေးကတည်းက လိုအပ်တဲ့ အချက်အလက်တွေကို အမြဲကူညီ ပံ့ပိုးပေးခဲ့သလို အခုအချိန်အထိ ကျမမသိတဲ့ အရာအတော်တော် များများကို သင်ကြားပေးနေတဲ့ ကိုဆန်းလင်းထွန်း။
ကျမဘလော့ရဲ့ Contributor တစ်ဦးဖြစ်တဲ့အပြင် စာမရေးရင် ရေးချင်စိတ် ဖြစ်လာအောင် တိုက်တွန်းတတ်သော စိတ်ရဲ့ စေရာကို နာခံတတ်တဲ့ ကိုမိုးမြင့်တိမ်၊ ကျမမသိတာတွေ လျှောက်မေးရင် စိတ်ရှည်လက်ရှည် ဖြေပေးတဲ့အပြင် စာမရေးရင် ဂျီရိပ်မှာ လာလာဆူတတ်တဲ့ ကိုဖိုးမောင်( Happycloud ) နဲ့အတူ ကျမဘလော့ကို ပို့စ်အသစ် ရှိရှိ မရှိရှိ လာလည်ပေးကြတဲ့ သူငယ်ချင်း ညီအကို မောင်နှမတွေ အားလုံးကို ကျေးဇူးတင် ပါကြောင်းနဲ့ ဒီဘလော့လေး ဒီ့ထက်ပိုမို တိုးတက်စေဖို့ ၀ိုင်းဝန်းကူညီကြပါလို့ တောင်းဆို ပါရစေနော်။

Print ပရင့်ထုတ်ရန်
 
This Post has 10 Comments Add your own!
Thargyi(Gyobingauk) - November 13, 2008 at 1:07 PM

ညီမရေ...
သံသရာဆိုတဲ့အ၀န်းအ၀ိုင်းကြီးမှာ လူ့ပြည်ကတစ်နှစ်ဆိုတာဘာမှမပြောပလောက်ပါဘူး..
ဒါပေမယ့် လူ့ပြည်ပျမ်းမျှသက်တမ်း ၇၅ နှစ်မှာတော့ တစ်နှစ်ဆိုတာ...လက်ရှိဘ၀ကိုပြောင်းလဲသွားနိုင်တာပေါ့..
အဲ...ပြောင်းလဲမှုဟာနေရောင်ပမာလင်းလက်တောက်ပနိုင်သလို..လရောင်လိုအေးချမ်းသွားနိုင်တယ်...မုန်တိုင်းတစ်ခုလိုလဲဖျက်ဆီးသွားနိုင်တယ်..
ငါ့ညီမကတော့အဲဒီပြောင်းလဲမှုတစ်နှစ်တာမှာနေရောင်ပမာပြောင်းလဲဖြတ်သန်းခဲ့မှုလို့အစ်ကိုယုံကြည်တယ်..နေရောင်ဟာကိုယ်ကိုတိုင်ကိုယ်ပိုင်အလင်းရှိသလိုလကလေးကနေလဲတဆင့်အလင်းတွေကိုပြန်ဖြန့်ကျက်ပေးနေတယ်လေ..ညီမဟာလဲ...ကိုယ်တိုင်တတ်တာတွေကိုလလေးနဲ့တူတဲ့ဒီဘလောက်ကလေးကနေတဆင့်အသိပညာတွေဖြန့်ဝေပေးနေတာဆိုတော့ညီမသာနေတဆင်းဖြစ်ခဲ့ရင်ညီမဘလောက်ကလေးဟာညီမအသိတွေကိုတဆင့်ဖြန့်ဝေပေးနေတဲ့လလေးတဆင်းပေါ့..
ငါ့ညီမ...ဒီတစ်နှစ်ပြည့်မှသည်နောင်သံသရာဆုံးတိုင်တတ်သည့်ပညာများဖြန့်ဝေပေးနိုင်သည့်လူချွန်လူမွန်တစ်ယောက်ဖြစ်ပါစေလို့..

GreenGirl - November 13, 2008 at 2:08 PM

မမရေ...တစ်နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင် အသိပညာတွေ အများကြီး ဖြန့်ဝေပေးနိုင်တဲ့ Auto CAD ဘလော့ခ်လေးတစ်ခုအဖြစ် ဆက်လက်ရပ်တည်နိုင်ပါစေ

Sonata Cantata - November 13, 2008 at 2:30 PM

Happy Anniversary ကို ပူဖောင်းတွေ မချိတ်ခင်ကတည်းက ရောက်ခဲ့ပြီးသား...
ပညာဉာဏ် အလင်းဆိုတာ ဖျတ်ကနဲ လင်းလက်သွားတာမျိုးရှိသလို၊ ဖြေးဖြေးချင်း လေ့လာဆည်းပူးရတာမျိုးလည်းရှိတယ်။ အမှတ်တရ လက်ဆောင်ပေးလိုက်မယ်။
ဇွဲ တဲ့ ညီမရေ...
တစ်နှစ်ပြည့်မှသည်
မဆုတ်မနစ်သော ဇွဲ ဖြင့်...

zeyarmoe - November 13, 2008 at 3:17 PM

Happy Anniversary Nyi ma lay. I'll encourage you forever. I hope your lovely blog will be lasting till the end of life.Thanks you so much for sharing knowledge.

HAPPY CLOUD - November 13, 2008 at 3:33 PM

ညီမလေးရေ...(၁)နှစ်ပြည့်လာတာ... ဘာမှလည်းမကြွေးဘူး...
ဖိုးမောင်

ဘလူးဖီးနစ် - November 13, 2008 at 5:06 PM

တစ်နှစ်ဆိုတဲ့ ခြေလှမ်းမှသည် နောက်ထပ် ခြေလှမ်းပေါင်းများစွာကို အောင်အောင်မြင်မြင်နဲ့ လှမ်းလျောက်ပြီး လေ့လာနေတဲ့ လူငယ်တွေကို ထိရောက်အောင် ကူညီပေးနိုင်ပါစေ ညီမလေးရေ။

Moe Myint Tane - November 13, 2008 at 8:05 PM

ညီမရေ နေ့လည်က အချိန်မရတာနဲ့ ကမန်းကတန်းဖတ်ပြီး ပြန်ထွက်သွားရလို့ ကောမက်စ်မရေးခဲ့ရဘူး။ အခုမှနောက်တစ်ခေါက်လာပြန်ရေးတာ။ ညီမရဲ့ တစ်နှစ်ပြည့် ခရီးမှသည် နောင်နှစ်ပေါင်းများစွာအထိ ပညာရပ်များကို ဆက်လက်ဖြန့်ဖြူးရင်း ညီမကိုယ်တိုင်လည်း ဒီ့ထက်မက ပညာတွေတိုးတက်ပါစေလို့ ဆုမွန်ကောင်းကို လှိုက်လှဲစွာ တောင်းဆုခြွေလိုက်ပါတယ်ညီမရေ။


စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

Eaindra - November 13, 2008 at 11:09 PM

ညီမလေး....

အတတ်ပညာတွေချင်းညီအမဖြစ်ရုံကမပဲ..Blog လောကသားချင်းလဲဖြစ်သွားတော့..
နှစ်ထပ်ကွမ်းညီအမပေါ့နော
ရည်ရွယ်ချက်တွေ..စေတနာတွေကတော့..
ကွာတာပေါ့ညီမရယ်.
အမတို့က.တကယ့်တကယ်..ကိုယ့် ၀ါသနာအရကိုရှေ့တမ်းတင်ထားတာ...။ ကိုယ်လုပ်ချင်တာကို..လုပ်နေတာ..။ ဘယ်သူမှ..ဘာမှရချင်မှလဲရကြမှာ..။ ကိုယ့်ညီမလေးရဲ့Blogကမှ..တကယ်ကို..၀ါသနာအရင်းခံထားတဲ..စေတနာရယ်.၊
တကယ်ကို..အပင်ပမ်းခံမှန်းသိသာနေတဲ့ကြိုးစားအားထုတ်မှုတွေရယ်.နဲ့..သိပ်သိပ်သည်းသည်းကို..လှပနေတဲ့..Blog လေးတစ်ခုပါ..ညီမလေး..။
လေးစားပါတယ်။ဂုဏ်လဲယူတယ်..။
တစ်နှစ်ပြည့်ကနေ...နောင်နှစ်ပေါင်းမြောက်များစွာ..
အလင်းလက်ဆုံး..ရွန်းပနိုင်ပါစေ..ညီမလေးရယ်.။

Alvin S. C. Lee - November 15, 2008 at 9:50 PM

Oh, your blog anniversary? Congratulations!... and keep the wonderful knowledge-sharing going :)

Green Star - November 19, 2008 at 10:20 AM

ကျွန်တော်သူငယ်ချင်းတစယောက်15.11.2008 ကစင်္ကပူကို visit နဲ့သွားပြီးအလုပ်ရှာဖို့ သွားတဲ့အတွေ့အကြုံကိုပြောပြချင်ပါတယ်....ဒီမေးလ်ကိုလည်းတတ်နိုင်သမျှ
forward လုပ်ပေးစေချင်ပါတယ်........ဘာဖြစ်လို့လည်းဆိုတော့ကျွန်တော်သူငယ်ချင်းလိုမျိုးထပ်မဆုံးရှုံးစေချင်လို့ပါ.................

သူက ( ကျွန်တော်သူငယ်ချင်း) က 15.11.2008 ညနေ က MI517 နဲ့စင်္ကပူကို သွားခဲ့ပါတယ်.......စင်္ကာပူရောက်တဲ့အချိန်မှာစကာင်္ပူ
Immigration ကသူတို့ကိုပေးမ၀င်ဘူး........
ဘာဖြစ်လို့လည်းဆိုတဲ့အကြောင်းပြချက်ကိုလည်းတိတိကျကျမပေးဘူးခင်ဗျ.......ပိုက်ဆံကိုလည်းစစ်တယ်.......စင်္ကပူရာဇ၀င်မှာဒါမျိုးတစ်ခါမှမဖြစ်ဖူးပါဘူး..........
စင်္ကပူထဲကို Visit သမားတွေအ၀င်မခံပဲထားတာဒါ ပထမဆုံးအကြိမ်ပါပဲ......အဲဒီညနေကသွားတဲ့အဖွဲ့ထဲမှာ ၅ ရောက်ပြန်လာရပါတယ်.....တစ်ယောက်က work permit
ရပြီးသားလူတစ်ယောက်ပါပါတယ်........သူကိုမေးမြန်းကြည့်တဲ့အခါမှာတော့ သူအလုပ်လုပ်မဲ့ Company ကသူ့အတွက် Deposit မတင်ထားရသေးလို့လို့ပြောပါတယ်...
work permit ရပြီးသားဆိုပေမယ့်လည်းစိတ်မချရသေးဘူးဆိုတဲ့သဘောပါပဲ.....ကျွန်တော်ဒါကိုပြောပြရခြင်းက လက်တလော စင်္ကပူသွားမဲ့ / သွားချင်နေတဲ့လူတွေ...
သေချာစုံစမ်းလေ့လာပြီးမှသွားသင့်တယ်ဆိုတာကိုပြောပြချင်လို့ပါ.....သူတို့သွားတဲ့ညနေခင်းမှာ ပြန်လွှတ်တာက မြန်မာတွေတင်မဟုတ်ပဲ......
တစ်ခြားနိုင်ငံကလူတွေပါပါတယ်ဆို တာပါပဲ...( Phlipine, Thailand , China , ......) ...သူအပြောအရဆိုရင်အဲဒီတစ်နေ့ထဲမှာတင် တစ်ခြားနိုင်ငံကလူတွေအပါ......ကို
အယောက် 5၀ နဲ့100 ကြားမှာရှိတယ်လို့ခန့်မှန်းရပါတယ်........သူတို့အားလုံးကို စင်္ကပူလေဆိပ်မှာတစ်ညအိပ် ခိုင်းပါတယ်.......အပြင်ကိုဖုန်းဆက်ခွင့်လည်းမပေးပါဘူး....
ပါလာတဲ့ အိတ်တွေ..ဖုန်းတွေ... passport အားလုံးကိုလည်းသူတို့ယူသိမ်းလိုက်ပါတယ်....... Passport ကိုရန်ကုန်လေဆိပ်ရောက်မှပြန်ပေးတယ်.......
အပြင်ကလာကြိုတဲ့လူတွေဖုန်းဆက်တော့လည်းပြောခွင့်မပေးဘူးလို့သိရပါတယ်............... သူတို့အားလုံး 16.11.2008 မနက် MI 512 နဲ့ပြန်လာခဲ့ကြပါတယ်...........
ကျွန်တော်သူငယ်ချင်းကိုစင်္ကပူက Refuse လုပ်လိုက်တဲ့ Letter ကို attach လုပ်ပေးလိုက်ပါတယ်............အရေးကြီးတဲ့သတင်းတစ်ခုဖြစ်လို့မြန်မြန်လေး forward လုပ်ပေးကြပါခင်ဗျာ..........

ရန်ကုန်လေဆိပ်ကတော့အားလုံးကိုနွေးနွေးထွေးဃွေးကြိုဆိုကြပါတယ်.......ဒီကတာဝန်ရှိသူတွေကိုတိုင်လည်းအဲဒီလုပ်ရပ်ကို စိတ်ဆိုးနေကြပါတယ်.........

ပြန်လာရတဲ့လူရဲ့အကြောင်းကိုတိတိကျကျထပ်သိချင်ရင်.................

myominoo1982@gmail.com


ကိုမေးလ်ပို့ပြီးတော့ထပ်မံမေးကြည့်နိုင်ပါတယ်..........ကျွန်တော့်ကိုထပ်မေးချင်ရင်လည်း

striker112@gmail.com ကိုမေးနိုင်ပါတယ်........လက်လှမ်းမီသမျှပြောပြပါမယ်........
(i just got this mail on this morning, i don't know how to show the attach file, u can email to me if u want zinthuphyo025@gmail.com )

Post a Comment