ရည်ရွယ်ချက်

1 comments - Post a comment

AutoCAD ဆွဲတာဟာ ကျွန်မအတွက်တော့ အနုပညာတစ်ရပ်ပါပဲ။ အမေတစ်ယောက်က သားသမီးတစ်ယောက်ကို ပုံသွင်းသလို၊ ဥယျာဉ်မှုးတစ်ယောက်က ပန်းပွင့်တစ်ပွင့်ကို ဖန်တီးသလို၊ AutoCAD Drawingတစ်ခုကို ကိုယ်လိုရာ ပုံသွင်းနိုင်ပါတယ်။ သားသမီးမကောင်း မိဘခေါင်းဆိုသလိုပါပဲ Drawingတစ်ခုရဲ့ အကောင်းအဆိုးဟာ ဆွဲတဲ့သူအပေါ်မှာ အများကြီး မူတည်နေပါတယ်။ Designerတစ်ယောက်ရဲ့ အရည်အချင်းကို Drawing ကိုကြည့်ပြီး ဆုံးဖြတ်လေ့ ရှိပါတယ်။ AutoCAD ဟာ သင်တန်းတစ်ခုမှာ တက်ရောက် ပြီးမြောက်ပြီး Certificate လက်မှတ်ရရုံနဲ့ မလုံလောက်ပါဘူး။ အမြဲတစေ ထိတွေလေ့ကျင့်နေဖို့ လိုအပ်ပါတယ်။ ငါတော့ဆွဲတတ်ပြီဆိုပြီး လေ့လာမှုကို ရပ်တန့်လိုက်လို့လဲ မရပါဘူး။ AutoCAD Software ဟာ Version အသစ်တွေ အမြဲတစေ ပေါ်ထွက်နေတတ်ပါတယ်။ Version တစ်ခုနဲ့တစ်ခု ပြောင်းလဲမှုဟာ တစ်ခါတစ်လေ မသိသာပေမယ့်၊ တစ်ခါတစ်လေ သိသိသာသာ ပြောင်းလဲတတ်ပါတယ်။ ဥပမာ. AutoCAD 2000 နဲ့ AutoCAD 2002 ရဲ့ပြောင်းလဲမှုဟာ သိပ်မသိသာပေမယ့်၊ AutoCAD 2005 နဲ့ AutoCAD 2006 ရဲ့ပြောင်းလဲမှုဟာ အရမ်းသိသာပါတယ်။ ဒါကြောင့် Designer တစ်ယောက်ဟာ Version အသစ်တွေကို အမြဲတစေ လေ့လာနေဖို့ လိုအပ်တယ်လို့ ထင်မြင်မိပါတယ်။ ဒီဘလော့ကို ဖန်တီးရခြင်းရဲ့ အဓိက ရည်ရွယ်ချက် ကတော့ AutoCAD ကို လေ့လာနေသူများ အားလုံး တစ်ယောက်နဲ့တစ်ယောက် အသိပညာဖလှယ်ရင်း ဆွေးနွေးတိုင်ပင်ခြင်းဖြင့် အသိပညာပိုမို တိုးတက်လာစေရန် ရွယ်ရည်ပါသည်။ ။ ။ ။ ။ ။

Print ပရင့်ထုတ်ရန်
 
This Post has 1 Comment Add your own!
MyMetro - November 15, 2007 at 11:50 PM

“ တကယ်ကောင်းတဲ့ အိုင်ဒီယာပါပဲ.....။ ဒါပေမဲ့ သိပ်အရမ်းကြီး မချီးကျူးသေးဘူး...။ စောင့်ကြည့်အုံးမယ်။
ရေတက်ဦး ငါးဇင်ရိုင်းလို၊ ကောက်ရိုးမီးလို ခဏလေး ပေါ်ပင်လုပ်ရုံနဲ့၊ ပေါ်ပြူလာ ဖြစ်ချင်ရုံ သက်သက်နဲ့တော့ မရဘူး...။
တကယ် တတ်လိုတဲ့ သူတွေကို တကယ် ဖြန့်ဝေပေးနိုင်ဖို့
ကြိုးစားဖို့ လိုတယ်။ ဒါမှ လုပ်ရကျိုးလည်း နပ်မှာ ဖြစ်သလို AutoCAD နဲ့ ပတ်သက်လာရင် အများက အားထားရတဲ့ ဘလော့ဂ် တစ်ခုဖြစ်လာမှာ ဖြစ်တယ်....”

Post a Comment