Units & Limits

2 comments - Post a comment

AutoCAD ပုံတစ်ပုံကို စတင်မဆွဲခင် ဆွဲမဲ့ပုံရဲ့ အကန့်အသန့် ( Limit )ကို သတ်မှတ်ပြီး ယူနစ်ကို ရွေးချယ်ရအောင်။ ယူနစ်ရွေးချယ်မယ် ဆိုရင်တော့.....
Menu Bar : Format >> Unit
Command : units (သို့မဟုတ်) un
ဒါဆိုရင် Drawing Unit Dialogue Box ပေါ်လာမှာပါ။
ထို Box ထဲတွင် Length Type, Angle Type နှင့် Insertion Scale များကို မိမိနှစ်သက်သလို ပြောင်းလဲနိုင်ပါသည်။
ပုံတစ်ပုံကို Limits သတ်မှတ်ခြင်း ဆိုတာဟာ ပုံကို အနားသတ် ( Boundaries ) သတ်မှတ်ခြင်းပင် ဖြစ်ပါသည်။ ပုံတစ်ပုံကို အနားသတ် သတ်မှတ်ရာ၌ ပုံ၏ အလျားအနံထက် အနားသတ်၏ အလျားအနံကို ပို၍ သတ်မှတ်လေ့ ရှိပါသည်။ ဥပမာ- ပုံ၏အလျားသည် ၁၀ ဖြစ်လျှင် အနားသတ်၏ အလျားကို ၁၂ အဖြစ်ထားပြီး၊ ပုံ၏အနံသည် ၈ ဖြစ်နေပါက အနားသတ်အနံကို ၁၀ အဖြစ်ထားလေ့ရှိကြပါသည်။
ပုံမဆွဲခင် Drawing Boundaries တစ်ခု သတ်မှတ်မည် ဆိုပါက ..
Menu Bar : Format >> Drawing Limits
Command : limits
Lower left coner : မိမိသတ်မှတ်မည့် Boundaries ၏ ဘယ်ဘက်အောက်အမှတ်
Upper right coner: မိမိသတ်မှတ်မည့် Boundaries ၏ ညာဘက်အပေါ်အမှတ်

Print ပရင့်ထုတ်ရန်
 
This Post has 2 Comments Add your own!
MyMetro - November 25, 2007 at 8:07 PM

တို့တော့ ပုံဆွဲရင် ဘာပဲဆွဲဆွဲ ဒီအတိုင်း ဆွဲလိုက်တာပါပဲ.. limits တွေ boundary တွေ ပေးမနေပါဘူး.။ ပြီးတော့မှ ပရင့်ထုတ်ခါနီးမှ ပေပါဆိုက်ကို ရွေးပြီး ဟိုလုပ်ဒီလုပ်နဲ့ လျှောက်လုပ်တာ။ ဒီတော့ ဘယ်လိုဖြစ်လဲ ဆိုတော့ ပုံဆွဲတုန်းက စကေးအတိအကျနဲ့ ဆွဲပေမဲ့၊ ပရင့်ထွက်လာတော့ မတိကျတော့ဘူး။ အဲလို limit တွေနဲ့လည်း မဆွဲဘူးတော့. ဘယ်လို အသုံးဝင်တယ် ဆိုတာလဲ မသိဘူး။ ပြင်ရ၊ ဖျက်ရနဲ့ တော်တော် အချိန်ကုန်တာ ကလား။ ဘာပဲ ဖြစ်ဖြစ် ပရမ်းပတာ လုပ်မယ့် အစား စည်းလေး၊ ဘောင်လေးနဲ့ စနစ်တကျ လုပ်တော့ နောက်မှ လိုက်ပြင်ရတဲ့ အမှားနည်းတာပေါ့။

Myint - May 9, 2011 at 11:45 PM

ကျွန်တော် Auto Cad ကို စနစ်တကျ ကျွမ်းကျင်စွာ ဆွဲတတ်ချင်ပါတယ်။ တတ်နိုင်သမျှ ကူညီပြီး တပည့် တစ်ယောက် ကောက်ရတယ်လို့ သဘောထားပြီး သင်ပြပေးပါခင်ဗျား

Post a Comment