Copy & Offset

No Comment - Post a comment

ပုံဆွဲသားရင်း အရာဝထ္တုများကို မိတ္တူကူးခြင်းများကို ပြုလုပ်လေ့ ရှိကြပါတယ်။ပုံစံတူ အရွယ်အစားတူ အရာဝထ္တုတစ်ခုကို မိတ္တူကူးကြည့် ရအောင်နော်။
Menu Bar >> Modify >> Copy
Tool Bar >> Modify Toolbar က Copy Button လေးကို ရွေးချယ်ပါ။
Command >> Copy ( သို့မဟုတ် ) co
Select Object: မိတ္တူကူးလိုသော အရာဝထ္တုကို ရွေးချယ်ပါ
Specify base point of [ Displacement ]: မိတ္တူကူးမည့် အရာဝထ္တုကို ကိုင်တွယ်မည့်နေရာ
Specify second point of displacement <>: ကူးယူလိုသော အရာဝထ္တု ထားလိုသောနေရာ။ AutoCAD 2007 Version မှာတော့ Enter မရိုက်မချင်း မိတ္တူကို ထပ်ကာ ထပ်ကာ ကူးနေမှာ ဖြစ်ပါတယ်။ AutoCAD 2000 Version မှာတော့ တစ်ခုထက်ပိုတဲ့ အရာဝထ္တုတွေကို ကူးလိုတယ် ဆိုရင်တော့ Base Point ကို မရွေးချယ်ခင်မှာ multiple ဆိုတာကို ရွေးချယ်ရပါမယ်။

အရာဝထ္တုတစ်ခုကို မိမိလိုအပ်သော အကွာအဝေး တစ်ခုတွင် အရွယ်အစားသာ တူညီ၍ ပုံသဏ္ဍန် မတူညီသော အရာဝထ္တု တစ်ခုကို ကူးယူလိုပါက Offset ကိုအသုံးပြုပါသည်။
Menu Bar >> Modify >> Offset
Toolbar >> Modify Toolbar က Offset Button ကို ရွေးချယ်ပါ။
Command >> offset ( သို့မဟုတ် ) O
Specify offset distance or [Through/Erase/Layer]: ကူးယူလိုသော အကွာအဝေး
[ Through ကိုရွေးချယ်ပါက အကွာအဝေးတန်ဖိုး ပေးစရာမလိုပဲ Mouse Click သောနေရာတွင် ကူးယူမည်ဖြစ်သည်။ အရာဝထ္တုကို ကူးယူပြီးပါက မူလအရာဝထ္တုကို ဖျက်ပြစ်လိုပါက Erase ကိုရွေးချယ်ရပါမည်။ ]
Select object to offset or [ Exit/Undo ]: ကူးယူလိုသော အရာဝထ္တု
Specify point on side to offset : ကူးယူလိုသော နေရာ

Print ပရင့်ထုတ်ရန်
 
This Post has No Comment Add your own!

Post a Comment