လူတစ်ယောက် မှန်ကြည့်ရင် မှန်ထဲမှာ သဏ္ဍန်တူ အရိပ်တစ်ခု ရှိနေသလို AutoCAD မှာလည်း အရာဝထ္တုတွေကို ဆန့်ကျင်ဘက်နေရာမှာ သဏ္ဍန်တူ ပုံရိပ်တွေကို ဖန်တီးနိုင်ပါတယ်။ အဲလို ဖန်တီးနိုင်ဖို့ Mirror ဆိုတဲ့ Command ကို အသုံးပြုရအောင်။
Menu Bar >> Modify >> Mirror
ToolBar >> Modify Toolbar က Mirror ကိုရွေးချယ်ပါ။
Command >> mirror ( သို့မဟုတ် ) mi
Select Object : ပုံတူဖန်တီးမယ့် အရာဝထ္တုကို ရွေးချယ်ပါ
Specify first point of mirror line:မှန်အဖြစ်အသုံးပြုမည့် မျဥ်းကြောင်း၏ ပထမအမှတ် (P2)
Specify second point of mirror line :မှန်အဖြစ်အသုံးပြုမည့် မျဉ်းကြောင်း၏ ဒုတိယအမှတ် (P3)
Erase source objects? [ Yes/No ]: မူလအရာဝထ္တုကို အသုံးပြုလိုလျှင် No ကိုရွေးပါ။ မလိုပါက Yes ကိုရွေးချယ်ပါ။

Post a Comment