Polyline

No Comment - Post a comment

Poly Line Command ဟာ Line Command နဲ့ခပ်ဆင်ဆင်တူပေမယ့် ကွဲပြားတာတွေ ရှိပါတယ်။ Line Command ကို အသုံးပြုတဲ့ အခါမှာ မျဉ်းကြောင်းတစ်ခု ဆွဲပြီး နောက်တစ်ခုဆွဲတဲ့ မျဉ်းကြောင်းဟာ ပထမမျဉ်းကြောင်းနဲ့ တစ်ဆက်တည်း ဖြစ်မနေပါဘူး။ Polyline Command နဲ့ ဆွဲထားတဲ့ မျဉ်းကြောင်းတွေ အရာဝထ္တုတွေကတော့ Object တစ်ခုတည်း အနေဖြင့် တစ်ဆက်ထဲ ရှိနေပါတယ်။ ဒါကြောင့် သူ့ကို Single Object တစ်ခုအဖြစ် လွယ်ကူစွာ ကိုင်တွယ်နိုင်ပါတယ်။ 3D Drawing ကိုဆွဲသားရာမှာလည်း အလွယ်တကူ Extrude လုပ်နိုင်ပါတယ်။
Menu Bar >> Draw >> Polyline
ToolbarBar >> Polyline Command Button ကို ရွေးချယ်ပါ။

Command >> polyline (သို့မဟုတ်) pl
Specify start point: စတင်လိုသောနေရာ
Specify next point or [ Arc/Halfwidth/Length/Undo/Width]: ဆက်ဆွဲရန် ရောက်ရှိလိုသော နေရာ။ Enter မခေါက်ပဲ ဆက်ကာဆက်ကာ အလိုရှိသလောက် ဆက်ဆွဲနိုင်သည်။ ထိုမျဉ်းများအားလုံးသည် တစ်ဆက်တည်း ဖြစ်နေပါလိမ့်မည်။

Print ပရင့်ထုတ်ရန်
 
This Post has No Comment Add your own!

Post a Comment