Copy Command လိုအရာဝထ္တုတွေကို ပုံတူပွားယူနိုင်တဲ့ Command နောက်တစ်ခုကတော့ Array Command ပါ။ Array Command မှာအရာဝထ္တုတွေကို ပုံတူပွားယူနိုင်တဲ့ နည်းလမ်းနှစ်သွယ်ရှိပါတယ်။ ပထမနည်းလမ်းကတော့ x,y ၀င်ရိုးအတိုင်း ပုံတူပွားယူတာဖြစ်ပြီး၊ ဒုတိယနည်းကတော့ ဗဟိုမှတ်တစ်ခုကို ပတ်ပြီး ပုံတူပွားယူတာ ဖြစ်ပါတယ်။
Menu Bar >> Modify >> Array
Toolbar >> Array Icon လေးကိုရွေးချယ်ပါ
Command >> array ( သို့မဟုတ် ) AR
ဒါဆိုရင် Array Dialog Box ပေါ်လာပါလိမ့်မယ်။ Rectangle Arrary ကိုပထမဆုံး လေ့လာရအောင်။
( ၁ ) x,y ၀င်ရိုးအတိုင်း ပုံတူကူးယူဖို့ Rectangular Array ကိုရွေးချယ်ပါ။
( ၂ ) ပုံတူကူးမည့် မူလအရာဝထ္တုကို Select လုပ်ရန် Select Object Button ကိုနှိပ်ပါ။
( ၃ ) လိုအပ်သော Row အရေအတွက်နဲ့ Column အရေအတွက်ကို ရေးပါ။
( ၄ ) x ၀င်ရိုးတွင်ရှိသော အရာဝထ္တုများ တစ်ခုနှင့် တစ်ခု အကွာအဝေးကို ရေးပါ။
( ၅ ) Y ၀င်ရိုးတွင်ရှိသော အရာဝထ္တုများ တစ်ခုနှင့် တစ်ခု အကွာအဝေးကို ရေးပါ။
( ၆ ) Preview ကိုရွေးချယ်၍ မိမိ၏ပုံကို မှန်မမှန် စစ်ဆေးပြီး အဆင်ပြေပြီဆိုပါက OK နှိပ်လိုက်ပါ။
Polar Array ကိုဆက်လက်လေ့လာကြပါစို့
( ၁ ) အမှတ်တစ်ခုကို ဗဟိုပြု၍ ပုံတူကူးယူဖို့ Polar Array ကိုရွေးချယ်ပါ။
( ၂ ) ပုံတူကူးမည့် မူလအရာဝထ္တုကို Select လုပ်ရန် Select Object Button ကိုနှိပ်ပါ။
( ၃ ) Center point ကိုရွေးချယ်၍ ဗဟိုပြုမည့် အမှတ်ကို ရွေးချယ်ပါ။
( ၄ ) Polar Array ပြုလုပ်မည့် နည်းလမ်းကို ရွေးချယ်ပါ။
( ၅ ) Total number of items နေရာတွင် မူလအရာဝထ္တု အပါအ၀င် ပွားယူလာသော အရေအတွက်
စုစုပေါင်းကို ရေးပါ။ Array လုပ်လိုသော Angle ကိုမိမိ လိုအပ်သလို ပြုပြင် ဖန်တီးနိုင်ပါတယ်။
( ၆ ) Preview ကိုရွေးချယ်၍ မိမိ၏ပုံကို မှန်မမှန် စစ်ဆေးပြီး အဆင်ပြေပြီဆိုပါက OK နှိပ်လိုက်ပါ။

အခုလို လူအများအားလုံး၏ ပညာရေးအတွက်၊ အားတက်သရောရှိစွာ တကူးတက မြန်မာပြည်မှပင် စာအုပ်မှာယူပြီး အပင်ပန်းခံ၊ အချိန်ကုန်ခံကာ စကင်နာဖတ်၊ ပီဒီအက်ဖ်ဖိုင်ပြောင်း၍ အားလုံးအတွက် စေတနာ ဗရဗွဖြင့် ပို့ပေးသော မခိုင်ဖြူဇော် အား ကျေးဇူးအထူးပင် တင်ရှိပါကြောင်း ပြောကြားရင်း၊ အခုလို့ ပြုရသော အကျိုးအတွက် နိဗ္ဗာန်မရောက်မီ စပ်ကြား ဘဝများစွာ၌ ပညာဥာဏ်ကြီးမားသူ အဖြစ်ကို ရပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်။