Autocad ကိုကျွမ်းကျင်ဘို့ သင်တန်းတက်တာ လေ့ကျင့်တာတို့ လုပ်ရင်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဲဒါဟာAutocad Software ကိုကျွမ်းကျင်စွာ သုံးတတ်သွားတာ ဘဲဖြစ်တယ်။ Engineer Line ထဲဝင်ပြီးအလုပ်လုပ်တော့မယ်ဆိုရင်တော့ အင်ဂျင်နီယာ အမြင်ရှိဘို့တော့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Designer ကကိုယ့် ကိုပုံကြမ်းသာပေးမှာပါ။ Section ဖြတ်တာတို့ Elevation ဆွဲတာတို့ဆိုတာက ကိုယ့်အမြင်နဲ့ပေါင်းစပ်ပြီးဆွဲရတာပါ။ အဲဒီတော့ အင်ဂျင်နီယာ အမြင်သာမရှိခဲ့ရင် တော်တော်အခက်အခဲတွေ့မှာပါ။လုပ်လို့မရဘူးလို့တော့ မဆိုလိုပါဘူး။ ဒါပေမယ့် တော်တော်ကြိုးစားယူရ ပါလိမ့်မယ်။ အကယ်လို့ အင်ဂျင်နီယာ မဟုတ်ပေမယ့် ဒီလိုင်းထဲမှာ လုပ်ခဲ့ဘူးတဲ့ လုပ်ငန်းအတွေ့အကြုံ ရှိတယ်ဆိုရင်တော့ ဖြစ်နှိင်ပါတယ်။ နည်းနည်းတော့ ကြိုးစားရမှာပေါ့။ လက်တွေ့ လုပ်ငန်းခွင်မှာ အသုံးချဘို့ ဆွဲသားရတဲ့ ပုံတွေကတော့ 2D သာအသုံးပြုတာများပါတယ်။ ဘာကြောင့်လဲဆိုတော့ 2D Drawing ကအတိုင်းအတာ အပြည့်အစုံနဲ့ လိုချင်တဲ့ အနေအထားမျိုးကို ဆွဲသားပေးနှိင်လို့ ပါဘဲ။ အားလုံးကို င်္ခြုငုံ ပြောရမယ်ဆိုရင်တော့ Autocad နဲ့Engineer လောကကို ၀င်မယ်ဆိုရင်တော့ အင်ဂျင်နီယာကျောင်းဆင်း မဟုတ်ရင်တောင်မှ အင်ဂျင်နီယာ အမြင်နဲ့ မစိမ်းဘို့ လိုအပ်ပါတယ်။

အခုလို အတွေ့အကြုံ၊ အသိအမြင်လေးတွေ ရေးပြပေးတာ အတော် ဗဟုသုတရပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ နောက်လည်း များများ ရေးဖို့ အားပေးပါတယ်။
ကျတော်အမြင်နဲ့ အမ အမြင်တူတယ်။ အခု ရန်ကုန်မှာ တော်တော်များများက အော်တိုကတ် အော်တိုကတ် အော်သံတွေများနေတရ်။ အော်တိုကတ်တက်ရင် အလုပ်ရဖို လွယ်တယ်.ဘာညာပြောနေကြတယ်။ ကျတော် အထင်မလွယ်ဘူး။ ပုံစံ တစ်ခုကိုမြင်ရင် သူရဲ ဗျူးအမျိုးမျိုးကို မြင်တက်တဲ့သူဖြစ်ရမယ်။ အဲဒါကို မြင်ဖို့ဆိုတာကလည်း အင်ဂျင်နီယာမျက်စိရှိမှပဲ။
ရန်ကုန်မှာ က စလုံးတွက်ဖို့ဆို အော်တိုကတ်တက်သင်တယ်၊ဘာညာဆိုတော့ ဆယ်တန်းအောင်လည်းအော်တိုကတ်တက်နေကြတယ်။ သင်တန်းတွေကတော့ ရိုက်စားပေါ။ သင်းတန်းက သင်ပေးတာက အခြေခံဆွဲတက်ရုံပဲ။ လက်တွေမှာ ဆွဲဖို့ဆိုတာ တကယ်မလွယ်ပါ။ အင်ဂျင်နီယာအမြင်မရှိရင်ပေါ။