၂၀၀၉ သင်္ကြန်

6 comments - Post a comment

ကေပီဇက် စင်္ကာပူရောက်ကတည်းက သင်္ကြန်ပွဲကို သွားတယ်ဆိုတာ တော်တော်ရှားပါတယ်။ ဒီနှစ်တော့ သူငယ်ချင်းတွေနဲ့ အတူတူ စင်္ကာပူနိုင်ငံရဲ့ အကြီးမားဆုံးသော သင်္ကြန်ကြီးကို သွားရောက်ဆင်နွှဲ ဖြစ်ခဲ့တယ်။ ဟုတ်ပရှင် .. အင်မတန်ကို ကြီးကျယ်ခမ်းနားသော သင်္ကြန်ကြီးပါပဲ။
မိုးပျံနေတဲ့ တိုက်တွေကြားမှာ ကျမတို့ရဲ့ ဖျော်ဖြေရေး စင်လေးက သေးသေးကွေးကွေး ချစ်စရာလေးပါ။
စင်ရဲ့ အမြင့်ကလည်း ကျမတို့ ရန်ကုန်က ရပ်ကွက်စင်ထက်တောင် နိမ့်ပါသေးတယ်



စင်ရဲ့ အကွက်အကွင်းကောင်းကောင်းရှေ့မှာ VIP တွေအတွက်တဲ့ သေချာ ပြင်ဆင်သတ်မှတ်ထားလို့ ...
သူတို့သတ်မှတ်ထားတဲ့ VIP တွေကလွဲရင် ကျန်တဲ့ သူတွေက ချွေးတစ်လုံးလုံးနဲ့ ရှေ့ကို တိုးဝှေ့ကြည့်ရပါတယ်။ VIP ဆိုတဲ့ လူတန်းစားကို ဘယ်ပေတံနဲ့များ တိုင်းတာပါလိမ့်နော်။ သိချင်စမ်းပါဘိ။ ကျမတွေ့တာတော့ မြန်မာ သံရုံးက လူတွေပဲတွေ့ပါတယ်။ ကောင်းလေစွ ကောင်းလေစွ။ ကျမတို့ မြန်မာတွေ ဒုက္ခရောက်ရင် မတရားဖိနှိပ်ခံရရင် မကူညီနိုင်တဲ့..အခွန်ငွေကောက်ဖို့သာ စဉ်းစားတဲ့ လူတွေက VIP တဲ့လေ။ လေးစားဖွယ် ကောင်းလေစွ။ ။

အလုပ်တွေပင်ပန်းလို့ စိတ်ပင်ပန်း လူပင်ပန်းဖြစ်နေတဲ့ ကြားကနေ ကိုယ့်ရိုးရာ အတာသင်္ကြန်ကို လာဆင်နွှဲတာတောင် ကန့်သတ် ခွဲခြားမှုတွေနဲ့ ပါလား။ မမြင်ရလို့ တိုးဝှေ့ကြည့်တော့လည်း စည်းကမ်းရှိပါတဲ့ ။ အင်း တစ်ခုခုတော့ လွဲနေပီ။
ရွံ့တွေ ဗွက်တွေကြားကနေ ပွဲပီးတဲ့ အထိ မမြင်ရတာတောင် အားကြိုးမာန်တက် အားပေးတဲ့ မြန်မာတွေရဲ့ စိတ်ဓါတ်ကတော့ ချီးကျူးစရာ ကောင်းလှပါတယ်။ ဘယ်လိုတွေပဲ ဖြစ်ဖြစ် မြန်မာတစ်မျိုးသားလုံး မြန်မာ နှစ်သစ်ကူး အခါသမယမှာ ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ကေပီဇက် မှ ဆုတောင်းပေးလိုက်ပါတယ်နော်.......

 
အ၀းက ကြည့်လည်း မမြင်ရပါ။
  
အနီးက ကြည့်လည်း မမြင်ရပါ။။
 
ထိုထိုသော လူများကို VIP ဟု ခေါ်ပါသည်။

ထိုကဲ့သို့ သက်တောင့် သက်သာ အလကားကြည့်ရှုနိုင်ပါသည်။
 
 

Print ပရင့်ထုတ်ရန်
 
This Post has 6 Comments Add your own!
Anonymous - April 14, 2009 at 12:00 PM

မှန်လိုက်တာဗျာ။ ပိုက်ဆံပေးကြည့်တဲ့သူတွေကပင်ပင်ပန်းပန်းခက်ခက်ခဲခဲ
ကြည့်ရပြီး။VIPခေါ်ထိုပုဂ္ဂိုလ်များမှာတော့
သက်တောင့်သက်သာအလကားရသောမုန့်များကို
သွားဖြဲနားဖြဲစားပြီးဇိမ်ယူနေလိုက်တာ။ဒီလိုမှန်းသိလို့ကတော့
မသွားရေးချမသွားပါပဲခင်ဗျား။လူလူချင်းတန်းတူမဆက်ဆံနိုင်တာ
တော်တော်ကိုစိတ်ပျက်စရာပါပဲ။ကျနော်ဒီကိစ္စကိုအစာမကြေဖြစ်နေတာ။
အခု မKPZ ကရေးလိုက်တော့ကျေးဇူးပဲဗျာ။

puluque - April 14, 2009 at 4:44 PM

တော်ပီ နောက်နှစ်ဆို တာ့တာပဲ။အလကားပါလို့ပြောတာတောင် မသွားတော့ဘူး။ ကိုယ့်ဟာကို တိုးပိုင်းရိုးဘုန်းကြီးကျောင်းမှာ ပဲပျော်တာကောင်းတယ်။ စတုဒီသာလဲ အလကားစားရသေးတယ် ပျော်စရာလဲ အ၇မ်းကောင်းတယ်..

Rita - April 14, 2009 at 9:27 PM

ကျမတို့ မြန်မာတွေ ဒုက္ခရောက်ရင် မတရားဖိနှိပ်ခံရရင် မကူညီနိုင်တဲ့..အခွန်ငွေကောက်ဖို့သာ စဉ်းစားတဲ့ လူတွေက VIP တဲ့လေ။ လေးစားဖွယ် ကောင်းလေစွ။

Direct Hit!!!

HAPPY CLOUD - April 20, 2009 at 1:05 AM

ကေပီဇက်တို့ကတော့ လုပ်တယ်နော်... လုပ်တယ်...
VIP ဆိုတာ VIP မို့လို့ပေါ့ကွယ်.. သာမီးရယ်.... စိတ်ထဲမကျေမနပ်ဖြစ် မနေပါနဲ့။ နောက်နှစ်ကျရင် အဲလူတွေကို ဗွက်ထဲဆွဲနှစ်တမ်းကစားရင် သာမီးဗလနဲ့ဆို အိုကေပဲ။ ဦးလည်း ၀ိုင်းနှစ်ပေးမယ် ဟား..ဟား။

အာပျော်ပါ..
မိုးမောင်(Myanmar Idol)

Anonymous - April 21, 2009 at 6:12 PM

မှန်လိုက်တာဗျာ။ဒီလိုမှန်းသိလို့ topayoh ဘုန်းကြီးကျောင်းမှာ ပဲပျော်ခဲ့တယ်။ စတုဒီသာလဲ စားရသေးတယ် ပျော်စရာလဲ အ၇မ်းကောင်းတယ်..


AK.

Unknown - April 24, 2009 at 10:10 AM

ဟုတ်ပဗျာ..

VIP ဆိုလို့  သွားကြည့်ပါတယ်..
အမယ်.. အခန့် သား..
15 ကျပ်တောင် ပေးစရာမလိုဘူး..
တို့ ကတော့.. 15 ကျပ်ပဲလေ..
တန်ပါတယ်ဆိုပြီး...

အမှတ်တရ.. ရေလေးဘာလေးလောင်း ဓါတ်ပုံလေးဘာလေး ရိုက်မယ်ဆိုတဲ့ Idea နဲ့ ..သွားတာပါ.. ကင်မရာကို.. မိုးပေါ်ထောင်.လက်မြောက်ပြီး..ပါချင်ရာပါ ရိုက်ခဲ့ရတယ်.မ KPZ တို့ ကတော့
စောစောစီးစီးရောက်တော့..ဒီလောက်ပုံလေးတွေ..
ရိုက်လိုက်ရတာပေါ့...မူးနေတဲ့လူကလည်း... အများသား..
ကွင်းထောင့်မှာ.. တစ်ယောက်က..လူလယ်ခေါင်.ဒီအတိုင်း.
အခင်းလေး.သွားနေတယ်တဲ့..ဒါကို.Police က ဓါတ်ပုံရိုက်လို့ ..
မိုက်ကိုင်ထားတဲ့.. ကိုမိုက်ခဲ က.. လှမ်းသတိပေးရသေးတယ်..
ယမကာလုလင်တစ်ယောက်က.. ကောင်မလေးတွေကို.. အပြေးအလွှာရေလာလောင်းတာ..
ရေချိန်ကိုက်နေတော့ ချော်လဲတယ်..သူငယ်ချင်းကောင်မလေးကို.. ဖက်မိမလိုဖြစ်လို့  ၀င်တားလိုက်ပါတယ်.. ကျနော့် ကို... ဖက်မိတယ်ဗျာ..တကိုယ်လုံးလည်း.. ရွံတွေ..ဗွက်တွေနဲ့ 
ဒုက္ခ.. ဒုက္ခ..

Post a Comment