ဆရာရောဘတ်၏ အော်တိုကဒ် ၂၀၀၉

2 comments - Post a comment

ဒီစင်္ကာပူမြေပေါ်မှာ သာမက တစ်ကမ္ဘာလုံးမှာ အလုပ်လုပ်နေတဲ့ သူတွေမှာ အော်တိုကဒ် နည်းပညာကို အသုံးပြုလို့ အသက်မွေးဝမ်းကျောင်း ပြုနေသူတွေ အများအပြားပါ။ အော်တိုကဒ်နဲ့ မကင်းရင် ဆရာရောဘတ်နဲ့လည်း ကင်းမယ်မထင်ပါဘူး။ ဆရာရောဘတ်ဆီမှာ သင်တန်းမတက်ဘူးတဲ့သူတောင် ဆရာ့စာအုပ်ကို ဖတ်ဖူးမှာပါ။
တပည့်တွေအပေါ်စေတနာ အပြည့်ထားတဲ့ ဆရာက အခု အော်တိုက်ကဒ် ၂၀၀၉ ကို မြန်မာလို ရှင်းလင်းချက် ရေးသားပေးခဲ့ပါတယ်။ ဆရာနဲ့တွေ့တိုင်း ဆရာ့စာအုပ်ကို တပည့်တို့ ဘယ်လောက်ပေးဝယ်ရပါတယ်ဆိုတိုင်း ဆရာ စိတ်မကောင်း ဖြစ်လေ့ရှိပါတယ်။ ဆရာ စာအုပ်တစ်အုပ်ရေးတိုင်း ချမ်းသာတာ ထုတ်ဝေသူပါ။ ဒီတော့ ဆရာက နိုင်ငံရပ်ခြားမှ တပည့်များ လွယ်ကူစွာလေ့လာနိုင်ရန် တပည့်တွေကို ပေးခဲ့ပါတယ်။ ကျမတို့ ဆရာ့တပည့်တစ်စုက ဆရာ့ရဲ့ စေတနာကို လေးစား တန်ဖိုးထားတဲ့ အနေနဲ့ ဆရာ့ကို ကန်တော့ဖို့ စိတ်ကူးမိပါတယ်။
ဒီတော့ ဆရာ့စာအုပ်ကို အွန်လိုင်းမှတဆင့် တစ်အုပ်ကို စင်္ကာပူ ၁၀ဒေါ်လာဖြင့် ရောင်းချပေးလိုပါတယ်။ ဒီငွေပမာဏဟာ ကျမတို့ လုပ်ငန်းခွင်ထဲက သူတွေအတွက် ပြောပလောက်တဲ့ ပမာဏမဟုတ်ပါဘူးရှင်။ ဒီစာအုပ်ကို ၀ယ်ယူခြင်းဟာ ဆရာ့ကို ကန်တော့ခြင်းအဖြစ် သတ်မှတ်နိုင်ပါတယ်။ စာအုပ်မှာယူလိုပါက creativespace.info@gmail.com သို့ မေးပို့မှာယူနိုင်ပါတယ်။ ဆရာ့အတွက် ရည်ရွယ်ကန်တော့တဲ့ သူတွေအားလုံးရဲ့ နာမည်ကို စာရင်းအတိအကျနဲ့ ဆရာ့ထံ ကန်တော့မှာ ဖြစ်ပါတယ်။ ဒီဘလော့မှာ စာရင်းအတိအကျကို ဖော်ပြပေးမှာပါ။

Print ပရင့်ထုတ်ရန်
 
This Post has 2 Comments Add your own!
Unknown - June 23, 2009 at 10:24 AM

Very good Way. He is my favourite Master. Because of His teaching I can survive now as a good draftsman. Welcome every body.!!

Aye Aye Thant - September 15, 2009 at 12:16 PM

I really want to order. I am his one of pupils too.
I already drop mail off to buy. Pls check mail.

Post a Comment