AutoCAD 2010 ၏ ထူးခြားချက်တစ်ချို့

No Comment - Post a comment

AutoCAD 2010 ၏ ထူးခြားချက်တစ်ချို့
2009 နှစ်တစ်နှစ် ကုန်ဆုံးလို့ 2010ဆိုတဲ့ နှစ်သစ်ကို ရောက်လာနှင့်အညီ AutoCAD User တွေကလည်း AutoCAD 2010 ကို အသုံးပြုဖို့ ကြိုးစားလာကြပါတယ်။
AutoCAD 2010 ဟာ အခြား version တွေနဲ့ ဘာတွေများကွာခြားတယ် ထူးခြားလာတယ် ဘာတွေထပ်ပေါင်းလာတယ် ဆိုတာတွေကို မိမိ အသုံးမပြုခင် လေ့လာသုံးသပ်ကြည့်ရအောင်။
အခြားသော Version များထက် နောက်ဆုံးဖြစ်နေခဲ့သော 2009 နှင့်ပင် ကွာခြားမှုများကို တွေ့မြင်နိုင်ပေသည်။
တစ်ဖြည်းဖြည်းနှင့် AutoCAD ၏ စွမ်းပကားများ တိုးတက်လာပုံမှာ ကြောက်ခမန်းလိလိပင် ဖြစ်ပေသည်။
Initial Setup
ပထမဦးဆုံး AutoCAD2010 ဆိုတဲ့ Icon လေးကို ဖွင့်လိုက်တာနဲ့ AutoCAD Window မပေါ်ခင်မှာ Initial Setup ကိုအရင်ဆုံး မြင်တွေ့ရမှာပါ။ ထို window တွင် မိမိနှင့်အဓိက သက်ဆိုင်သော Field, Workspace နဲ့ Drawing Template Preferences တို့ကို မိမိ စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။ ရွေးချယ်ပီးလို့ AutoCAD Working Space Area ကိုရောက်မှ ကိုယ်ရွေးချယ် အသုံးပြုထားတဲ့ Workspace နဲ့ Drawing Template Preferences တို့ကို ပြောင်းလဲ အသုံး ပြုလိုတယ် ဆိုရင်တော့ Options ကို လှမ်းခေါ်လိုက်ပါ။
User Preferences Tab ရဲ့အောက်မှာ Initial Setup ဆိုတာကို တွေ့ရမှာပါ။ အဲဒါကို ရွေးချယ်လိုက်တာနဲ့ စစချင်းမှာ ပေါ်လာတဲ့ Initial Setup Setting Dialogue Box တွေကို ပြန်လည်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ မိမိလိုအပ်သလို ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။
Workspaces
Working Space Switching Icon မှာလည်း 2D drafting and Modeling, 3D Modeling , AutoCAD Classic စတာတွေအပြင် Initial Setup Workspace ပါ ပါဝင်လာတာတွေ့ရပါတယ်။ 
Application Menu
Menu Bar မှာဆိုရင်လည်း User တွေ ပိုမိုရှင်းလင်းလွယ်ကူအောင် ဆန်းသစ် တီထွင် ထားတာကိုလည်း မြင်တွေ့နိုင်ပါတယ်။

Ribbon
Ribbon Panel များကိုတော့ AutoCAD User များအနေနဲ့ အော်တိုကဒ် ၂၀၀၉ ကပင် ရင်းနှီးကျွမ်းဝင်ခဲ့ပီးသား ဖြစ်ပါသည်။ သို့သော ၂၀၀၉တွင် ထည့်သွင်းထားခဲ့ခြင်း မရှိသော Panel များ ၂၀၁၀တွင် ပါဝင်လာသည်ကို သတိထားမိလိုက်ပါတယ်။
    Parametric Drawing

မြင်ယုံနှင့်ပင် အလွန်စွမ်းအားပြည့် အသုံးဝင်သော Command များပါဝင်ကြောင်း သိရှိနိုင်ပါတယ်။ Geometric နဲ့ Dimension များအတွက် ဖြည့်စွက် Command များကို မြင်ရမှာပါ။ 2D Drafting and Annotation Workspace ကို အသုံးပြုသူများအတွက် အလိုအလျောက် Dimension တပ်ပေးနိုင်မယ့် Command များ ပါဝင်နေတာကို တွေ့ရပါတယ်။

Geometry Object များရဲ့ တစ်ခုခုနဲ့ တစ်ခု ပတ်သတ်ဆက်နွယ်မှုတွေကို ထိမ်းချုပ်လုပ်ဆောင်ပေးမယ့် AutoConstrain Command တွေဟာလည်း စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ( Auto Constrain Command များအကြောင်းကို ပို့နောက်တစ်မှာ အသေးစိတ် ထပ်မံ ရှင်းလင်းပါမယ် )

Annotate

Annotate အောက်က text panelမှာလည်း အရင်က Drop Down List နဲ့ကြည့်မှသာ မြင်တွေ့နိုင်သော Find and Replace Command ကိုလည်း

Dimension မှာလည်း အသစ်များ ထပ်မံထည့်သွင်းထားပါတယ်။ Modify Dimension Style Dialogue ကိုဖွင့်လိုက်ပီး Primary Unit Tab အောက်ကို ကြည့်လိုက်ပါက

Mesh Modeling
ဒီ Ribbon ကို ကြည့်ချင်းအားဖြင့် AutoCAD ဟာ 3D Max နဲ့ ပိုမိုဆင်တူလာသလို ပိုပီး စွမ်းအားပြည့်လာသလို ခံစားရပါတယ်။

ထို့အတူ Output Ribbon တစ်ခုကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ကျမတို့ အတွက် အလွန်အသုံးဝင်တဲ့ Dwg ကနေ PDF ကိုအလွယ်တကူ ကူးပြောင်းနိုင်တဲ့ Converter တစ်ခုကို ထည့်သွင်းထားပါတယ်။

ဒီလောက် အကြမ်းဖျင်း ကြည့်လိုက်ယုံနဲ့တင် အစွမ်းပြည့်လှတဲ့ ၂၀၁၀ ကို ကျမတို့ စတင်အသုံးပြုကြရအောင်။






Print ပရင့်ထုတ်ရန်
 
This Post has No Comment Add your own!

Post a Comment