Circle

1 comments - Post a comment

AutoCAD တွင် စက်ဝိုင်းဆွဲသားနည်း ( ၆ ) မျိုးရှိပါသည်။
Menu Bar : Draw >> Circle
Draw Toolbar: Draw Toolbar မှ Circle
Command: circle ( or ) C
ဒါဆိုရင် Command Prompt မှာ ..........
Specify point for circle or [ 3P / 2P / Ttr ( tan tan redius ) ]: လို့ပေါ်လာမှာပါ။ ဒါဆိုရင် စက်ဝိုင်းတစ်ခုကို ဘယ်လိုနည်းလမ်းနဲ့ ဆွဲမယ်ဆိုတာ ရွေးချယ်ရအောင်။

( ၁ ) Radius တစ်ခုဖြင့် အမှတ်တစ်ခုကို ဗဟိုပြု ဆွဲသားခြင်း၊
Specify point for circle or [ 3P / 2P / Ttr ( tan tan redius ) ]: ဗဟိုပြုမည့်နေရာကို Click လုပ်ပါ။ သို့မဟုတ် ( x,y ) တန်ဖိုးကို ပေးပါ။
Specify radius of circle or [ Diameter ] : ဆွဲသားမည့် စက်ဝိုင်း၏ Radiusတန်ဖိုးပေးပါ

( ၂ ) Diameter တစ်ခုဖြင့် အမှတ်တစ်ခုကို ဗဟိုပြု ဆွဲသားခြင်း၊
Specify point for circle or [ 3P / 2P / Ttr ( tan tan redius ) ]: ဗဟိုပြုမည့်နေရာကို Click လုပ်ပါ။ သို့မဟုတ် ( x,y ) တန်ဖိုးကို ပေးပါ။
Specify radius of circle or [ Diameter ] : Radiusနှင့် မဆွဲပဲ Diameter ဖြင့်ဆွဲမည် ဖြစ်သောကြောင့် D ဟုရိုက်ထည့်ပါ။
Specify diameter of circle : ဆွဲမည့် စက်ဝိုင်း၏ Diameter တန်ဖိုးကို ပေးပါ။

( ၃ ) အမှတ်နှစ်မှတ်ဖြင့် ဆွဲသားခြင်း
Specify point for circle or [ 3P / 2P / Ttr ( tan tan redius ) ]: ဗဟိုမှတ်ဖြင့် မဆွဲပဲ အမှတ်နှစ်မှတ်ဖြင့် ဆွဲသားမည် ဖြစ်သောကြောင့် 2P ကိုရွေးချယ်ပါ
Specify first end point of circle's diameter : စက်ဝိုင်းထိလိုသော နေရာကို ရွေးပါ ( Object A at point a )
Specify second end point of circle's diameter : စက်ဝိုင်းထိလိုသော နောက်နေရာ ကိုရွေးပါ ( Object B at point b )
( ၄ ) အမှတ်သုံးမှတ်ဖြင့် ဆွဲသားခြင်း
Specify point for circle or [ 3P / 2P / Ttr ( tan tan redius ) ]: ဗဟိုမှတ်ဖြင့် မဆွဲပဲ အမှတ်သုံးမှတ်ဖြင့် ဆွဲသားမည် ဖြစ်သောကြောင့် 3P ကိုရွေးချယ်ပါ
Specify first point on circle: စက်ဝိုင်းထိလိုသော နေရာကို ရွေးပါ ( a )
Specify second point on circle: စက်ဝိုင်းထိလိုသော နောက်နေရာ ကိုရွေးပါ ( b )
Specify third point on circle: စက်ဝိုင်းထိလိုသော နောက်နေရာ ကိုရွေးပါ ( c )
( ၅ ) အမှတ်နှစ်မှတ်ကို ထိစပ်၍ Radius တစ်ခုဖြင့် ဆွဲသားခြင်း ( tan-tan-radius )
Specify point for circle or [ 3P / 2P / Ttr ( tan tan redius ) ]: ttr ကိုရွေးချယ်ပါ။
Specify point on object for first tangent of circle : စက်ဝိုင်းထိစပ်နေမည့် ပထမ အရာဝထ္တုကို ရွေးချယ်ပါ ( Object A )
Specify point on object for first tangent of circle : စက်ဝိုင်းထိစပ်နေမည့် ဒုတိယ အရာဝထ္တုကို ရွေးချယ်ပါ ( Object B )
Specify radius of circle : စက်ဝိုင်း၏ Radius တန်ဖိုးကို ပေးပါ

( ၆ ) အမှတ်သုံးမှတ်ဖြင့် ဆွဲသားခြင်း
Menu Bar >> Draw >> Circle >> tan tan tan
Specify first point on circle -tan to : စက်ဝိုင်းထိစပ်လိုသော ပထမ အရာဝထ္တု
Specify second point on circle -tan to : စက်ဝိုင်းထိစပ်လိုသော ဒုတိယ အရာဝထ္တု
Specify third point on circle -tan to : စက်ဝိုင်းထိစပ်လိုသော တတိယ အရာဝထ္တု

Print ပရင့်ထုတ်ရန်
 
This Post has 1 Comment Add your own!
MyMetro - November 27, 2007 at 2:16 PM

အခုလို အားထည့်ပြီး ပုံလေးတွေနဲ့ တကွ ရှင်းပြထားတာ တော်တော် ကျေးဇူးကြီးပါတယ်။ ဒါနဲ့ 3P နဲ့ tan, tan, tan အတူတူပဲလား..။

Post a Comment