ပုံတစ်ပုံကို ဆွဲတဲ့အခါ ( ဥပမာ- မျဉ်းတစ်ကြောင်း၏ အလယ်မှတ်ကို ဗဟိုပြု၍ စက်ဝိုင်းတစ်ခု ရေးဆွဲခြင်းမျိုး၊ ဒါမှမဟုတ် စက်ဝိုင်းတစ်ခု၏ ဗဟိုမှ စတင်၍ မျဉ်းတစ်ကြောင်းပေါ်သို့ ထောင့်မှန်ကျသော မျဉ်းတစ်ကြောင်း ရေးဆွဲခြင်းမျိုး၊ ) အရာဝထ္တုများ၏ အလယ်မှတ်၊ ဗဟိုမှတ်၊ အစွန်းမှတ်၊ စသည့်အရာများကို တိကျမှန်ကန်စွာ ရွေးချယ်ရန်အတွက် Object Snap Mode ( OSNAP ) ကို အသုံးပြုရပါမယ်။ Snap Toolbar ကို အသုံးပြု၍လည်း Snap ကို အသုံးပြုနိုင်ပါတယ်။
Object Snap လေးတွေကို ဘယ်လိုအသုံးပြုတယ် ဆိုတာကို အောက်ပါပုံမှာ ကြည့်နိုင်ပါတယ်။
Object Snap တွေကို လိုတာရွေး၊ မလိုချင်တာဖြုတ် စတာတွေ လုပ်ချင်တယ် ဆိုရင်တော့ Status bar က Snap Button ပေါ်မှာ Right click လုပ်ပြီး Setting ကိုရွေးပါ။ Drafting Setting Dialogue Box ပေါ်လာပါမယ်။ အဲဒီ့က Object Snap မှာလိုအပ်သလို ပြင်နိုင်ပါတယ်။ Object Snap ၏ On / Off ကို F3 အသုံးပြု၍လည်း ပြောင်းလဲနိုင်ပါတယ်။ End Point, Mid Point နှင့် Center တွေက အသုံးများတဲ့ Snap တွေ ဖြစ်ပါတယ်။

Post a Comment