Cursor & Colour

2 comments - Post a comment


Figure: Cursor
တစ်ခြား Software တွေမှာ Mouse ရဲ့ ရွေလျားမှုဟာ မြှားတစ်ခုအသွင် ဖြစ်ပေမယ့် AutoCAD မှာတော့ ကြက်ခြေခတ် တစ်ခုအနေနဲ့ ရွေ့လျားနေပါတယ်။ ကြက်ခြေခတ်လေးကို Crosshair လို့ ခေါ်ဝေါ်ပြီး ကြက်ခြေခတ်လေး ပေါ်က လေးဒေါင့်ကွက်လေး ကိုတော့ Pickbox လို့ခေါ်ပါတယ်။ သူတို့ရဲ့ အရွယ်အစားကို ပုံဆွဲသူ စိတ်ကြိုက် ပြောင်းလဲ နိုင်ပါတယ်။ Crosshair ရဲ့ အရွယ်အစားကို ပြောင်းလဲမယ် ဆိုရင်တော့ Command Area ထဲမှာ cursorsize လို့ Keyboard မှတဆင့် ရိုက်ထည့် ရပါမယ်။ မူလ အရွယ်အစား ကတော့ (၅)ပါ။ လေးဒေါင့်ကွက်လေးရဲ့ အရွယ်အစားကို ပြောင်းလဲမယ် ဆိုရင်တော့ Command Area ထဲမှာ pickbox လို့ command ရိုက်ထည့်ပြီး ကြိုက်နှစ်သက်ရာ အရွယ်အစားကို ပြောင်းလဲ နိုင်ပါတယ်။

ဒါ့အပြင် Crosshair ရဲ့ အရောင်နှင့် Drawing Area ရဲ့ နောက်ခံ အရောင်များကို မိမိစိတ်ကြိုက် ပြောင်းလဲနိုင်ပါတယ်။ အရောင်တွေကို ပြောင်းမယ်ဆိုရင်တော့ Command Area ကနေ option လို့ရိုက်လိုက်ရင် Option Dialog Box ပေါ်လာပါလိမ့်မယ်။


Display Tab ထဲက Colour ကိုရွေးချယ်ပြီး Drawing Window Colour Box မှတဆင့် ကြိုက်နှစ်သက်ရာ Crosshairအရောင်နဲ့ Drawing Area နောက်ခံအရောင်ကို ပြောင်းလဲနိုင်ပါတယ်။


ဒါပေမယ့် နောက်ခံအရောင် အနက်ရောင်ဟာ အဆင်အပြေဆုံးမို့ ပုံဆွဲသူတွေဟာ အနက်ရောင်နောက်ခံကိုပဲ အများဆုံး အသုံးပြုကြပါတယ်။

Print ပရင့်ထုတ်ရန်
 
This Post has 2 Comments Add your own!
MyMetro - November 22, 2007 at 10:57 PM

Good lesson

KPZ - November 23, 2007 at 9:46 AM

Thanks a lot! bro MyMetro

Post a Comment