DIMENSION

3 comments - Post a comment

အထက်ပါပုံကိုကြည့်၍ ပုံများကို အညွှန်း ( Dimension ) တပ်နည်းကို လေ့လာကြည့်ရအောင်။ ပုံဆွဲသူတစ်ယောက်ဟာ မိမိဆွဲထားသော ပုံကို မိမိတစ်ယောက်ထဲ နားလည်ရုံ ကြည့်တတ်ယုံ ဆွဲ၍မရပါ။ တခြားသူတစ်ယောက်မှ Drawing ကိုလာကြည့်လျှင် နားလည်နိုင်အောင် ဆွဲသားရန်လိုအပ်ပါသည်။ ထို့ကြောင့် မိမိဆွဲထားသောပုံကို လွယ်ကူရှင်းလင်းအောင် အညွှန်းတပ်ပေးရန်လိုအပ်သည်။ ပုံကို အချိုးကျ သေသပ်အောင် Dimension တပ်နိုင်ဖို့ Dimension Style တွေကို မိမိစိတ်ကြိုက် ပြုပြင် ဖန်တီးနိုင်ပါတယ်။

Menu Bar : Dimension >> Dimension Style
Tool Bar : Command : dimstyle
ဒါဆိုရင် Dimension Style Manager Dialogue Box ပေါ်လာမှာပါ။
အဲဒီ့ Box ထဲက Modify မှာ မိမိစိတ်ကြိုက် ပြုပြင် ဖန်တီးကြရအောင်။
ပထမဆုံး Line Sub-Tab အောက်မှာရှိတဲ့ Dimension Line နဲ့ Extension Line တွေကိုပြုပြင်ကြည့်ရအောင်။ Dimension Line နဲ့ Extension Line တွေကို မိမိလိုအပ်ရာ အရောင်၊ အမျိုးအစား၊ အထူအပါး၊ အရာဝထ္တုမှ အကွာအဝေး စတာတွေကို ပြုပြင်ပြောင်းလဲနိုင်ပါတယ်။ှSymbol and Arrow ဆိုတာရဲ့ အောက်မှာတော့ အညွှန်းတပ်မယ့် မြှားလေးရဲ့ထိပ် အမျိုးအစားကို ရွေးချယ်နိုင်သလို စက်ဝိုင်းရဲ့ ဗဟိုမှာ ထားမယ့် သင်္ကေတလေးရဲ့ အရွယ်အစားကိုလည်း ရွေးချယ်နိုင်ပါတယ်။

Text Apprence ထဲမှာ အညွှန်းထဲမှာရေးမယ့် စာလုံးလေးတွေရဲ့ ပုံစံ၊ အရောင်၊ အရွယ်အစား စတာတွေကို ရွေးချယ်နိုင်သလို Text Placement ထဲမှာ စာလုံးကို ဘယ်နေရာမှာ ထားမယ်ဆိုတာကို ရွေးချယ်နိုင်ပါတယ်။ Offset from dim line ဆိုတာကတော့ စာလုံးကို မြှားနဲ့ ဘယ်လောက်အကွာမှာ ထားမယ်ဆိုတဲ့ အကွာဝေးကို သတ်မှတ်ပေးရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စာလုံးကို အတည့်အတိုင်းပဲ ထားမှာလား မြှားစောင်းတဲ့အတိုင်း ထားမှာလား ဆိုတာကိုလည်း Text Aligment မှာရွေးချယ်နိုင်ပါတယ်။
အညွှန်းတပ်မည့် အကွာဝေးသည် အလွန်ကျဉ်းမြောင်းနေပါက မြှားများ၊ အညွှန်းစာသားများကို လိုင်းအတွင်း ရေးသားရန် အဆင်မပြေ ဖြစ်တတ်ပါတယ်။ ထိုအခါမျိုးတွင် အညွှန်းစာသားများကို မည်သို့ မည်ပုံထားမည်၊ မြှားများကို မည်သို့မည်ပုံ ထားမည်ဆိုတာတွေကို မိမိဆွဲသားသော Drawing ပေါ်အခြေခံ၍ Fix ထဲတွင် အမျိုးမျိုးပြောင်းလဲနိုင်ပါတယ်။
Primary Unit ထဲမှာတော့ Linear Dimension နဲ့ Angular Dimension တွေကို မိမိ Drawing ရဲ့လိုအပ်ချက်အတိုင်း ပြုပြင်ဖန်တီးနိုင်ပါတယ်။
Mechanical Drawing တွေကို ဆွဲသားရာမှာ Tolerances များလိုအပ်ပါက မိမိလိုအပ်သလို ပြုပြင်ဖန်တီး အသုံးပြုနိုင်ပါတယ်။
Drawing တစ်ခုကို အညွှန်းတပ်ရာ၍ English နှင့် Metric စနစ်နှစ်မျိုးဖြင့် တစ်ပြိုင်နက်တည်း ဖော်ပြလိုသောအခါ Alternate Unit ထဲတွင် ဖန်တီးနိုင်ပါတယ်။
Dimension Style Manager တွင်မိမိ လိုအပ်သလို ဖန်တီးပြီးပြီဆိုရင်တော့ Drawing မှာအညွှန်းတွေတပ်နိုင်ပါပြီ။
Linear Dimension
MenuBar >> Dimension >> Linear
Dimension Toolbar မှ Liner Button ကိုရွေးချယ်ပါ။
Command : dimlinear ( Horizontal, Vertical အတိုင်း၇ှိသော အရာဝထ္တုများ၏ တန်ဖိုးကို ဖော်ပြရာတွင် အသုံးပြုသည်။ )Align Dimension
MenuBar >> Dimension >> Align Dimension
Toolbar မှ Align Button ကိုရွေးချယ်ပါ။
Command : dimalign ( စောင်းနေသော အရာဝထ္တုများ၏ တန်ဖိုးကို ဖော်ပြရာ၍ အသုံးပြုသည်။ )
Arclength Dimension
MenuBar >> Dimension >> Arclength Dimension
Toolbar မှ Align Button ကိုရွေးချယ်ပါ။ Command : dimarclength ( Arc ၏ Angle တန်ဖိုးကို ဖော်ပြရာတွင် အသုံးပြုသည်။ )
Radial Dimension
MenuBar >> Dimension >> Radius or Diameter
Dimension Toolbar မှ Radius ( သို့မဟုတ် ) Diameter Button ကိုရွေးချယ်ပါ။ Command : dimdiameter (သို့မဟုတ်) dimradius ( စက်ဝိုင်းတစ်ခု၏ အချင်းတန်ဖိုး၊ အချင်းဝက်တန်ဖိုးများကို ဖော်ပြရာတွင် အသုံးပြုသည်။ ) Angular Dimension
MenuBar >> Dimension >> Angular
Dimension Toolbar မှ Angular Button ကိုရွေးချယ်ပါ။ Command : dimangular


Jogged Dimension
MenuBar >> Dimension >> Jogged
Dimension Toolbar မှ Jogged Button ကိုရွေးချယ်ပါ။ Command : jogged



Baseline Dimension
MenuBar >> Dimension >> baseline
Dimension Toolbar မှ baseline Button ကိုရွေးချယ်ပါ။
Command : dimbaseline ( အမှတ်တစ်နေရာတည်းကို ဗဟိုပြု၍ တန်ဖိုးများ ဖော်ပြရာတွင် အသုံးပြုသည်။)



Continue Dimension
MenuBar >> Dimension >> Continue
Dimension Toolbar မှ Continue Button ကိုရွေးချယ်ပါ။



Command : dimcontinue ( အဆက်မပြတ် ဆက်ကာ ဆက်ကာ တန်ဖိုးများကို ဖော်ပြရာတွင် အသုံးပြုသည်)Leader Dimension
MenuBar >> Dimension >> Leader
Dimension Toolbar မှ Leader Button ကိုရွေးချယ်ပါ။ Command : qleader ( အရာဝထ္တုတစ်ခုကို ညွန်းဆိုလိုသောအခါ Leader ဖြင့် ညွှန်ပြလေ့ရှိသည်။ )


Quick Dimension
MenuBar >> Dimension >> Quick Dimension

Dimension Toolbar မှ Quick Dimension Button ကိုရွေးချယ်ပါ။ Command : qdim
အရာဝထ္တုများ၏ တန်ဖိုးများကို Select လုပ်၍ တစ်ပြိုင်နက်တည်း ဖန်တီးနိုင်ပါတယ်။


Print ပရင့်ထုတ်ရန်
 
This Post has 3 Comments Add your own!
tuzzaung - January 25, 2008 at 3:08 PM

တစ်ခုချင်းရှင်းပြပေးတာကျေးဇူးပါညီမလေး။ ပုံတွေကိုအဖြစ်လောက်ပဲဆွဲဖူးတာ။ dimension တပ်ပြီးအသေအချာမဆွဲဖူးဘူး။ စာရွက်ပေါ်မှာအဆင်ပြေ၊ကြည့်ကောင်းတဲ့ dimension ရအောင် scale ဘယ်လိုညှိရလဲဆိုတာလေး ပြောပြပေးပါဦး။

KPZ - January 28, 2008 at 1:43 PM

ီDrawing တွေက တစ်ခုနဲ့တစ်ခု Scale တွေကမတူကြဘူးလေ။ ပထမဆုံး ကိုယ်ဆွဲထားတဲ့ Drawing ရဲ့ Size ကိုအရင်ကြည့်ပါတယ်။ ပြီးရင် သူ့ Size နဲ့အဆင်ပြေမယ့် Dimension Scale ကိုညှိပြီး အညွှန်းတပ်ပါတယ်. KPZ ကတော့ အဲလိုပဲ လုပ်ပါတယ်။ ဒီ့ထက်ပိုကောင်းတဲ့ နည်းလမ်းလေးတွေ ရှိရင်လည်းပြောကြပါအုံးနော် ။။။။။

ကိုနန်း - April 8, 2008 at 2:51 PM

Hi Brother !

I like all of your AutoCAD drawing. It is very interesting. I got AutoCAD knowleage from your blog. I am draftman using AutoCAD. I want link AutoCAD 2009. So can you link that on your blog ?

Post a Comment