Fillet & Chamfer

1 comments - Post a comment

ထောင့်မှန်စတုဂံ ဆွဲတုန်းက Chamfer နဲ့ Fillet ကို အနည်းငယ် လေ့လာပြီးပါပြီ။ အဲဒီတုန်းက ထောင့်မှန်စတုဂံရဲ့ ထောင့်တွေအားလုံးကို ပြုပြင်ဖန်တီးတာပါ။ အခု ထောင့်မှန်စတုဂံရဲ့ ထောင့်တစ်ခုချင်းကို ဖြစ်စေ အခြားအရာဝထ္တုများကို အနားလုံးခြင်း ထောင့်ချိုးခြင်းများကို လေ့လာကြရအောင်။

Menu Bar >> Modify >> Fillet
Toolbar >> Modify Toolbar က Fillet Button လေးကို ရွေးချယ်ပါ။ Command : F (သို့မဟုတ်) fillet
Select first object or [ undo/Polyline/Radius/Trim/Multiple ] : အနားလုံးမယ့် ပထမ အရာဝထ္တုကို ရွေးချယ်ခိုင်းတာပါ။ ဒါပေမယ့် ပုံဆွဲသူက အနားလုံးမဲ့ Radius ကို အရင်ဆုံး ရွေးချယ်ရပါမယ်။ ဒါကြောင့် Radius ( R ) ကို အရင်ဆုံး ရွေးချယ်ရပါမယ်Specify fillet redius <> : မိမိအနားလုံးလိုသော Radius ကိုပေးပါ
Select first object or [ undo/Polyline/Radius/Trim/Multiple ]; အနားလုံးမယ့် ပထမ အရာဝထ္တုကို ရွေးချယ်ပါ။
Select second object of shift-select to apply corner: အနားလုံးမယ့် ဒုတိယ အရာဝထ္တုကို ရွေးချယ်ပါ။
ထောင့်ချိုးခြင်းကို ဆက်လက်လေ့လာရအောင်။
Menu Bar >> Modify >> Chamfer
Toolbar >> Modify Toolbar က Chamfer လေးကို ရွေးချယ်ရအောင် ။
Command Line : chamfer ( သို့မဟုတ် ) cha
Select first line or [Undo/Polyline/Distance/Angle/Trim/mEthod/Multiple]:ထောင့်ချိုးခြင်း ပြုလုပ်ရန် Distance ကိုရွေးချယ်ပါက
ှSpecify first chamfer distance <>: ထောင့်ချိုးမည့် ပထမ အတိုင်းအတာ
Specify second chamfer distance <>: ထောင့်ချိုးမည့် ဒုတိယအတိုင်းအတာ
Select first line : ထောင့်ချိုးမည့် ပထမမျဉ်းကြောင်း
Select second line or shift-select to apply corner: ထောင့်ချိုးမည့် ဒုတိယ မျဉ်းကြောင်း

Print ပရင့်ထုတ်ရန်
 
This Post has 1 Comment Add your own!
MyMetro - December 2, 2007 at 9:29 PM

Chamfer နဲ့ ထောင့်ချိုးတာကို သိပ်နားမလည်ပါ။

Post a Comment