တစ်ခါတစ်ရံ ပုံဆွဲသူတစ်ယောက်ဟာ မိမိဆွဲသားထားသောပုံကိုဖြစ်စေ၊ တစ်ခြားသူတစ်ယောက် ဆွဲသားထားသော ပုံကိုဖြစ်စေ၊ ပြန်လည်ပြုပြင် ဆွဲသားခြင်းများ ပြုလုပ်လေ့ရှိပါတယ်။ ထိုအခါမျိုးတွင် အရာဝထ္တုတစ်ခုကို မျက်မှန်းဖြင့် ကြည့်ရုံဖြင့် မည်သို့သော အမျိုးအစားဖြစ်သည်ကို သေချာမသိနိုင်ပါ။ ထိုအခါမျိုးတွင် List Command ကို အသုံးပြုကာ အရာဝထ္တုတစ်ခု၏ Entity Type, Properties, Coordinates, Measurments စတာတွေကို အသေးစိတ် သိရှိနိုင်ပါတယ်။ ဥပမာ. မျဉ်းကြောင်းတစ်ကြောင်းကို ဆွဲပြီး list လုပ်ကြည့်ပါက ထိုမျဉ်းကြောင်း၏ အချက်အလက်တွေကို တိတိကျကျသိရှိနိုင်ပါတယ်။


Post a Comment