TABLE

No Comment - Post a comment

Drawing ပုံတစ်ပုံကို ဆွဲသားရာတွင် ပါဝင်သော အရာဝတ္တုများ (Member) များကို ဖြစ်စေ၊ အခြားအကြောင်းအရာ တစ်ခုခုကို ဖြစ်စေ၊ Table တစ်ခု အဖြစ် ထည့်သွင်းရန် လိုအပ်လေ့ ရှိပါတယ်။ အစပထမ AutoCAD Software များမှာ Table Command မပါဝင်ပါဘူး။ Line drawing tool တွေကို အသုံးပြုပြီး Table ကိုဖန်တီး ရပါတယ်။ AutoCAD 2006 ကစပြီး Table Command ပါဝင်လာတာကြောင့် ဖန်တီးဖို့ ပထမဦးဆုံး အတိုင် (Column) နဲ့ အတန်း(Row) တွေကို သတ်မှတ်ရပါမယ်။ မိမိဖန်တီးထားတဲ့ Column နဲ့ Row တွေ မလုံလောက်လျှင်လည်း ထပ်မံ မွန်းမံနိုင်ပါတယ်။ ဥပမာအားဖြင့် 12 rows ၊ 9 cloumns ရှိတဲ့ Table တစ်ခုကို ဖန်တီးကြည့်ကြပါစို့။


Menu Bar >> Draw >> Table
Draw toolbar >> table button
Command >> table
Insert Table dialog box တစ်ခု ပေါ်လာပါလိမ့်မယ်။


Column & Row Setting ထဲမှာ Column ကို 9 နဲ့ Row ကို 12 လို့ ရိုက်ထည့်ပြီး OK ကိုနှိပ်လိုက်ပါက Table တစ်ခု ပေါ်လာ ပါလိမ့်မယ်။


မိမိထည့်သွင်းလိုသော စာကို ထည့်သွင်း လိုသော အကွက်တွင် Double-click နှိပ်ပြီး ထည့်သွင်း နိုင်ပါတယ်။ တစ်ခါတရံ Table တစ်ခုမှာ Row High နဲ့ Column Width တွေ မတူညီမှုတွေ ရှိတတ်ပါတယ်။ Row High နဲ့ Column Width တွေကိုလည်း မိမိလိုအပ်သလို ချဲ့နိုင်ပါတယ်။ Cell တစ်ခုကို click လုပ်လိုက်ရင် သူနဲ့သက်ဆိုင်တဲ့ grip point လေး လေးခုရှိပါတယ်။ အဲဒီ့ grip point လေးတွေကို mouse နဲ့ ဆွဲယူပြီး High နဲ့ Width တွေကို ချိန်ညှို နိုင်ပါတယ်။ Cell လေးတွေထဲမှာ စာရိုက်ထည့်တဲ့ အခါမှာလည်း Horizontal အတိုင်းမရေးဘဲ Vertical အတိုင်းလည်း ရေးနိုင်ပါတယ်။
ခေါင်းစဉ် အကြီး တစ်ခုအောက်မှာ ခေါင်းစဉ်ငယ်လေးတွေ ပြုလုပ်တဲ့ Table ပုံစံမျိုးကိုလည်း ဖန်တီးနိုင်ပါတယ်။ Cell လေးခုကို တစ်ခုတည်း ပေါင်းပြီး Column Heading လေးတစ်ခု အဖြစ် ဖန်တီး ကြရအောင်။


ပေါင်းစပ်လိုသော Cell လေးခုကို Select လုပ်ပါ။ အဲဒီ့ Cell တွေပေါ်မှာ right click နှပ်ရင် Pull up Menu တစ်ခု ပေါ်လာပါမယ်။ အဲဒီ့menu ထဲက Merge cells ထဲကနေ All ကို ရွေးချယ်လိုက်ရင် cell လေးခု တစ်ခုတည်း ဖြစ်ပြီး Column Heading က အလယ်မှာ ပေါ်နေပါလိမ့်မယ်။


Column Heading အောက်က Sub Heading လေးတွေကို ပြုပြင် ဖန်တီး ကြည့်ကြပါစို့။
ပထမဦးစွာ Sub Heading အဖြစ် မိမိ လိုအပ်သော စာသားကို ရေးသွင်းပါ။


ထို Sub Heading Cell လေးခုကို select လုပ်ပါ။ right click နှိပ်ပြီး properties bar ကိုခေါ်ပါ။ properties bar Content မှText rotation ကို 90۫۫ အဖြစ် ပြောင်းလဲလိုက်ပါ။

ဒါဆိုရင် Text လေးတွေက အလျားလိုက် ကနေ ဒေါင်လိုက် အဖြစ် ပြောင်းလဲ သွားပါလိမ့်မယ်။ အဲဒီ့အခါ Column Width ကို လိုအပ်သလို အကျဉ်းအကျယ် ပြုလုပ်ပေးလိုက်ပါက သေသပ်လှပတဲ့ Sub Heading လေးတွေကို ရရှိမှာ ဖြစ်ပါတယ်။

ဒါ့အပြင် Excel file တွေမှာ Formula တွေ ထည့်သွင်း အသုံးပြု သလိုပဲ AutoCAD Table တွေမှာလည်း Formula တွေ ထည့်သွင်းပြီး လိုအပ်တဲ့ တွက်ချက်မှုတွေကို ပြုလုပ်နိုင်ပါတယ်။ Select လုပ်ထားတဲ့ Cell တွေကို right click လုပ်ပြီး pull up menu က Insert Formula ကိုရွေးချယ်ပြီး မိမိ လိုအပ်သော Table တစ်ခုကို ပြုလုပ်နိုင်ပါတယ်။

Print ပရင့်ထုတ်ရန်
 
This Post has No Comment Add your own!

Post a Comment