ကျွန်မရဲ့ ဘလော့လေးကို အချိန်ပေးပြီး လာလည်ပေး၊ Comment တွေလာရေးပေးတဲ့ သူတွေအားလုံးကို အရမ်းကို ကျေးဇူးတင်ပါတယ်။ ပို့စ်အသစ်မတင်နိုင် မေးသမျှကို ပြန်မဖြေနိုင်တဲ့ အတွက်လည်း တောင်းပန်ပါတယ်။ လွန်ခဲ့တဲ့တစ်လက ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုကြောင့် အမေ့အိမ်ကို ခဏပြန်သွားတာရယ်၊ ပြန်လာတော့လည်း အလုပ်အကြွးတွေဖြတ်ရတာရယ်၊ တစ်ခြားတစ်ခြားသော အကြော င်း အရာလေးတွေနဲ့ ရှုပ်နေတာကြောင့် ဘလော့လေးကို ပစ်ထားမိတယ်။ စီဘောက်ထဲမှာ စင်္ကာပူမှာ အလုပ်လုပ်ချင်ရင် ဘယ်လောက်ထိ Autocad ကိုတတ်မြောက်ရမလဲလို့ မေးထားတာတွေ့တော့ ပြန်ဖြေရင်း အကြွေးတစ်ခုကို ဆပ်လိုက်ပါတယ်။အခုဖြေဟာ ကျွန်မရဲ့ အတွေ့အကြုံ တစ်ခုထဲနဲ့ ဖြေတာကြောင့် လိုအပ်ချက်တွေ ရှိနိုင်ပါတယ်။ ကျွန်မအလုပ်စပြီးလာလုပ်တော့ ကျွန်မမှာ လုပ်ငန်းတွေ့ငန်းတွေ့အကြုံ လုံးဝမရှိပါဘူး။ Interview ၀င်တဲ့အချိန်မှာ အဲဒါကိုရိုးသားစွာ ၀န်ခံခဲ့ပါတယ်။ ကျွန်မကြိုးစားပပါမယ်လို့တော့ ကတိပေးရတာပေါ့။ ပိုဆိုးတာက ကျွန်မဆွဲခဲ့ဘူးတာက Mechnical Drawing၊ အလုပ်က Steel Structure ။ စစ အလုပ် လုပ်စက ကိုယ်တစ်ခါမှ မဆွဲဘူး မသိဘူးတဲ့ အရာတွေကို ဘယ်ကစဆွဲရမှန်းမသိဘူး။ Line ကိုမြင်ရင် line ဆွဲ၊ Circle မြင်ရင် Circle ဆွဲနဲ့ပေါ့။ ဒီလိုနဲ့ဘဲ အလုပ်က တစ်ဖြည်းဖြည်း သင်ပေးခဲ့ပါတယ်။ ဒီတော့ အရေးအကြီးဆုံးက AutoCAD Command တွေကို ကျွမ်းကျွမ်းကျင်ကျင် လျင်လျင်မြန်မြန် အသုံးချတတ်ဖို့ အရေးအကြီးဆုံးပါ။ ကျွန်မသူဌေး အမြဲပြောတဲ့ စကားတစ်ခွန်းက လူဆိုတာ မွေးကတည်းက ဘယ်သူမှတတ်လာတာ မဟုတ်ဘူးတဲ့။ သင်ယူနာခံတတ်ရမယ်တဲ့။ နောက်တစ်ခုက အလုပ်ကရတဲ့ Stress ကို ဒဏ်ခံနိုင်ရမယ်။ ကျွန်မတော့ ခုထိအဲဒီဒဏ်ကို ခံနိုင်ရည်ရှိဖို့ ကြိုးစားနေရတုန်းပါ။ မိဘလက်အောက်မှာ သက်တောင့် သက်သာနေလာတဲ့ ကျွန်မအတွက်ကတော့ တော်တော်ကို စိတ်ပင်ပန်းပါတယ်။ အလုပ်ထဲမှာကတော့ အဆင်ပြေတဲ့သူ ရှိသလို၊ အဆင်မပြေတဲ့ သူတွေလည်း အများကြီးပါ။ ဒါကတော့ ကံတရားပေါ့။ AutoCAD Command တွေကို ကျွန်မလည်း အားလုံးမသိပါဘူး။ ခုထိလေ့လာနေရတုန်းပါပဲ။ ဒီဘလော့လေးကို ဖန်တီးထားတာကလည်း ကျွန်မကိုယ်ကျွန်မ စာဖတ်ဖြစ်အောင် ဖန်တီးထားတာပါ။ ကျွန်မတာဝန်ယူနေရတဲ့ Project မပြီးသေးလို့ သေချာမရေးနိုင်သေးတာကို ခွင့်လွှတ်ပါ။ ကျွန်မကို ဆက်သွယ်ချင်တယ်ဆိုရင် khinephyuzaw@gmail.com ကိုဆက်သွယ်ပါနော်။ ကျွန်မတတ်နိုင်တာဆို အားလုံးကို ကူညီပမယ်။ မေးပြန်တာနောက်ကျရင်တော့ ခွင့်လွှတ်ပါနော် ။ ။ ။
Ranked Gaming Client Portable
11 years ago


အရာရာအဆင်ပြေပါစေ။
စိတ်ရှည်လက်ရှည် ရေးပြတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။
အောင်မြင်ပါစေ။
အဆင်ပြေပါစေဗျာ ☺️