File Size ချုံ့ခြင်း

1 comments - Post a comment

Autocad နှင့် ပတ်သက်၍

ကျွန်တော်အင်ဂျင်နီယာ ကျောင်းဆင်းလို့ အလုပ်ဝင်တဲ့အခါ အလုပ်ထဲမှာ သိခဲ့ရတာက Autocad ဆိုတဲ့ Engineering Drawing တွေကို ရေးဆွဲရာမှာ အသုံးပြုတဲ့ အလွန်အသုံးဝင်တဲ့ Software လေးတစ်ခုပါ။ ကိုယ်ယူထားတဲ့ လိုင်းနဲ့ ပတ်သက်နေတာရယ် ကိုယ်ကိုတိုင်ကလည်း ကျောင်းတက်စဉ် ကတဲကပုံဆွဲတာကို ၀ါသနာပါတော့ လေ့လာမိတယ်။ ဒီလိုနဲ့ ဆရာဦးရောဘတ်တင်အေး ရဲ့ သင်တန်းဖြစ်တဲ့ Quickcad မှာတတ်ဖြစ်တယ်။ သင်တန်းပြီးလို့ လုပ်ငန်းခွင်ထဲ ရောက်တော့ အလုပ်မှာ လည်းတော်တော်အဆင်ပြေပါတယ်။ ဆရာ့ သင်တန်းကျေးဇူးပေါ့။ ကျွန်တော် အဓိကပြောချင်တာကတော့ ကျွန်တော် ဟာAutocad နဲ့ ပတ်သက်လို့ လေ့လာသင်ယူဆဲပါ။ Professional တစ်ယောက်မဟုတ်ပါဘူး။ ကျွန်တော့်ထက် အများကြီးတော် အများကြီးတတ်တဲ့ သူတွေရှိပါတယ်။ ဥပမာ ဆရာ့ လို Autocad နဲ့ ပတ်သက်လို့ ထုံးလိုချေ ရေလိုနှောက်နိုင်အောင် ပါရမီရှိတဲ့ သူတွေပေါ့။ ကျွန်တော် အခုရေးတာကတော့ Autocad ကို အခုမှ စတင်လေ့လာ လိုက်စားသူ တွေအတွက် အထူးရည်ရွယ်ပါတယ်။ ကျွန်တော့် လုပ်ငန်းအတွေ့အကြုံအရ ကျွန်တော်သိသလောက်လေးကို ကျွန်တော့် လိုလေ့လာနေသူတွေကို ပြန်လည်မျှဝေပေးတာပါ။အဲဒီ့ အတွက် လိုအပ်တာများရှိရင် သည်းခံနားလည်ပေးကြပါလို့။ အလျဉ်းသင့်ရင် သင့်သလို လုပ်ငန်းမှာ ကြုံတွေ့ ရတတ်တဲ့ အခက်အခဲတွေကိုလည်း ဖော်ပြပေးပါ့မယ်။


Autocad ဖိုင်များ File Size များ ပိုမိုနည်း၍ ပေါ့ပါးအောင် လုပ်လိုလျှင်

ကျွန်တော်တို့ အလုပ်လုပ်ရင်း တစ်ခါတစ်ရံ ရင်ဆိုင်ရတာကတော့ File Size တွေ အရမ်းကြီးလွန်းတဲ့ ပြသနာပါ။ Project ကြီးရင် ကြီးသလို ဆွဲတဲ့ပုံ များရင်များသလို File Size ကြီးတဲ့ပြသနာနဲ့ တွေ့ကြရပါတယ်။ အဲဒီအတွက် အလုပ်လုပ်ရာမှာ နှေးကွေးမှုတွေနဲ့ ရင်ဆိုင်ရတော့တာပါဘဲ။ အဲဒီပြသနာကို ပြေလည်အောင်ဖြေရှင်းတဲ့ နည်းတနည်းကတော့ ကိုဆွဲပြီးတဲ့ Fileကို Save as နဲ့သိမ်းရပါမယ်။ အဲဒီလို Save လုပ်သိမ်းစဉ်မှာ ပေါ်လာတဲ့ Save Drawing as Dialog box မှ File of Type တွင် *.dxf File type ကို ရွေးချယ်ရပါမယ်။ အဲဒီလို Save လုပ်သိမ်းဆည်းပြီးတဲ့ *.dxf File ကို စောစောကနည်းအတိုင်း ပြန်လည် Save as လုပ်ပေးရပါမယ်။ ဒီတစ်ခါ Save Drawing as Dialog box မှ File type နေရာမှာတော့ Drawing Format ဖြစ်တဲ့ *.dwg ကို ပြန်ရွေးပေးရပါမယ်။ ယခုလို *.dxf ပြောင်းပြီးမှ *.dwg ပြန်ပြောင်းခြင်းအားဖြင့် မူလ Drawing ထက် File Size အများကြီး သေးငယ်သွားပါတယ်။ အလုပ်လုပ်ရာမှာ လည်းပေါ့ပါး သွက်လက်သွားပါတယ်။ Drawing များကို Email နှင့် ပို့ရန်လိုအပ်သည့် အခါ (သို့ ) File အများအပြားကို သိမ်းဆည်းချင်တဲ့ အခါမှာ File Size မကြီးစေဘဲ ပေါ့ပါးသွက်လက်စေဘို့ ဒီနည်းလေးက သင့်တော်ပါတယ်။


Print ပရင့်ထုတ်ရန်
 
This Post has 1 Comment Add your own!
WISE GUY - May 29, 2008 at 1:01 PM

You can use this method in 2D drawing but you cannot use in 3D drawing. Actually, you should use the "PURGE" command and delete the unusable layer, text style, dimension style, line type and others.

Post a Comment