Block & Insert

2 comments - Post a comment

Drawingတစ်ခုကို ပြုပြင်ဖန်တီးတဲ့ နေရာမှာ အသုံးပြုတာများလေ့ရှိတဲ့ Symbol, Instrument, Member တွေကို Block လုပ်၍ အသုံးပြုလေ့ ရှိကြပါတယ်။ ထို့နောက် Insert Command ကိုအသုံးပြု၍ Drawing ထဲတွင် ခေါ်ယူအသုံးပြုလေ့ရှိကြသည်။ ပထမဦးစွာ Block တစ်ခုကို မည်သို့မည်ပုံ ဖန်တီးသည်ဆိုတာကို လေ့လာကြရအောင်။ AutoCAD 2009 မှာတော့ Block&Reference ဆိုတဲ့ Menu Bar တစ်ခုပါဝင်လာတာကြောင့် Block လုပ်ရတာပိုလွယ်လာပါတယ်။
Command Lineတွင် block သို့မဟုတ် b ဟုရိုက်ထည့်၍လည်း ပြုလုပ်နိုင်ပါတယ်။ ထိုအခါ Block Defination Dialog Box ပေါ်လာပါလိမ့်မည်။ Name နေရာတွင် မိမိသတ်မှတ်လိုသော အမည်နာမတစ်ခုကို ရေးသားပါ။
Select Object Button ကို click လုပ်ပါ။Dialogue Box ပျောက်သွား၍ မိမိလက်ရှိဆွဲနေသော Drawing ပေါ်လာပါလိမ့်မည်။ထိုအခါ မိမိ အစုအဖွဲ့တစ်ခုအဖြစ် ဖန်တီးလိုသော အရာဝထ္တုကို Select လုပ်ပါ။ Enter နှိပ်ပါ။ ဒါမှမဟုတ် Mouse ရဲ့Right Click ကိုနှိပ်လိုက်ပါ။ ဒါဆိုရင် Dialogue Box ပြန်ပေါ်လာပါလိမ့်မယ်။ ထို့နောက် Pick Point Button ကို Click လုပ်ပါ။ ထိုအခါ Dialogue Box ခဏပြန်ပျောက်သွားပါလိမ့်မည်။ မိမိသတ်မှတ်လိုသော ပုံ၏နေရာ တစ်နေရာကို ရွေးချယ်ပြီး အိုကေနှိပ်လိုက်ပါက ထိုအရာဝထ္တုလေးကို Blockအဖြစ် သိမ်းဆည်းပြီး ဖြစ်ပေသည်။ ထို Block လုပ်ထားသော အရာဝထ္တုများကို မည်သို့မည်ပုံ ပြန်လည်ခေါ်ယူ သုံးစွဲသည်ကို ဆက်လက်လေ့လာရပါစို့။ Command Line မှ i (or) insert ဟုအမိန့်ပေး၍ဖြစ်စေ၊ Draw Toolbar မှ Insert Button ကိုရွေးချယ်၍ဖြစ်စေ၊ Menu Bar မှ Insert ကိုရွေးချယ်၍ဖြစ်စေ အသုံးပြုနိုင်ပါတယ်။
 Insert Dialogue ပေါ်လာလျှင် Name နေရာတွင် မိမိသိမ်းဆည်းထားသော အရာဝထ္တု၏ အမည်နာမကို ခေါ်ယူအသုံးပြုနိုင်ပါသည်။ ထိုအရာဝထ္တုကို လိုအပ်သောအချိန်တိုင်း ခေါ်ယူအသုံးပြုနိုင်ပါသည်။ သို့သော်လက်ရှိဆွဲသားနေသော ပုံတွင်သာ အသုံးပြုနိုင်ပါသည်။ နောက်ထပ်ပုံတစ်ပုံတွင် ယခုလက်ရှိ ဆွဲနေသောပုံမှ Block ကိုခေါ်ယူ၍ မရနိုင်ပါ။ ထိုသို့ ခေါ်ယူအသုံးပြုလိုပါက Design Center ထဲတွင် သိမ်းဆည်းရပါမည်။ Design Center ကိုခေါ်ယူလိုပါက Ctrl+2 ဖြင့်ဖြစ်စေ၊ Standard Annotation Toolbar မှဖြစ်စေ ခေါ်ယူနိုင်ပါသည်။ Design Center Dialogue Box ထဲတွင် အဆင်သင့် အသုံးပြုနိုင်သော အရာဝထ္တုများကို မြင်တွေ့ရပေမည်။ ထိုထဲမှ မိမိအသုံးပြုလိုသော အရာဝထ္တုကို Drawing ထဲသို့ Drag လုပ်၍ခေါ်ယူ အသုံးပြုနိုင်ပါသည်။ Design Center ထဲတွင်သိမ်းဆည်းခြင်း အကြောင်းကို ထပ်မံဆွေးနွေးပါမယ် ။ ။

Print ပရင့်ထုတ်ရန်
 
This Post has 2 Comments Add your own!
MyMetro - August 20, 2008 at 11:31 PM

အော်တိုကတ် ၂၀၀၉ ကြီးကို တင်ထားတယ်။ အရင်ပုံစံနဲ့ မတူလို့ တချို့ကွန်မန်းတွေဆို ဘယ်မှာ လိုက်ရှာရမှန်းကို မသိတော့ဘူး။ ခေတ်မီလာတာများ.. လိုက်လို့ကို မမီတော့ဘူး။

ဒါနဲ့ ဒေါ့ကွန်းကိုပြောင်းပြီး ခြေလှမ်းအသစ်တွေ စတင်နေပီဆိုတော့ အားပေးပါတယ်။ ဟိုးး ဘလော့ဂ်အစကတည်းက ရေးခဲ့တဲ့ ကောမန့်လိုပေါ။ ခရီးများအဆုံးထိ လျှောက်ပေါ့ဟာ။

KPZ - August 21, 2008 at 9:56 AM

ကျေးဇူးပါအကို။။ အကိုပြောထားသလို ခ၇ီးများအဆုံးလျှောက်နိုင်အောင် ကြိုးစားနေပါတယ်

Post a Comment