ကိုယ်တိုင်ဆွဲထားတဲ့ ပုံတစ်ပုံကို မိမိ၏ ခွင့်ပြုချက်မရှိပဲ အခြားသူတစ်ယောက်က ဖွင့်၍မရအောင် Password ဖြင့် ထိန်းသိမ်းထားနိုင်ပါတယ်။ ထိုသို့ ပြုလုပ်ရန် ပထမဦးစွာ New Drawing တစ်ခုကို ဖွင့်လိုက်ပါ။
File Menu မှ Save as (Ctrl+Shift+S) ကိုရွေးပါ။
ထိုအခါ Save Drawing As Dialog Box ပေါ်လာပါလိမ့်မည်။
ထို Box၏ ညာဘက်ထောင့် Tools drop-list မှ Security Options ကိုရွေးချယ်ပါ။
Security Options Dialog Box ပေါ်လာလျှင် Password Box ထဲမှာ မိမိစိတ်ကြိုက် Password တစ်ခုကို ရေးထည့်ပါ။
ဘေးက Encrypt Drawing Properties ကို Click လုပ်ပါ။
Advanced Options ကိုသွားပြီး Choose an encryption provider ထဲက RC4, Microsoft Strong Cryptographic Provider ကိုရွေးချယ်ပြီး Key Length မှလည်း128 ကိုရွေးပါ။
ပြီးလျှင် OK ကိုနှိပ်ပြီး Security Options မှာလည်း OK ကိုနှိပ်။
Confirm Password Dialogue Box ပေါ်လာရင်ကိုယ့်ရဲ့ Password ကိုသေချာအောင် ထပ်ရိုက်ကာ Save လုပ်လိုက်ပါ။
ဒါဆိုရင် အဲဒီ့ Drawing ကို Password မသိပဲလုံးဝ ဖွင့်လို့ မ၇တော့ပါဘူး။ သတိထားရမည့် အချက်တစ်ချက်က Password မေ့သွားရင် ဘယ်လိုမှ ပြန်ရှာလို့ မရနိုင်တော့တာမို့ Password ကို သေသေချာချာ မှတ်ထားဖို့ လိုအပ်တယ် ဆိုတာကိုပါပဲ.........

hi
I wanna discuss about Autocad. Whoever can contact me.
My number is 90233528.