Discussion

3 comments - Post a comment

အစ်မရဲ့ autocad blog လေးကို စိတ်ဝင်စားလို့ ၀င်ကြည့်ဖြစ်ပါတယ်။ အခုမှ တွေ့လို့ပါ။ ပညာတွေမျှဝေပေးတတ်တဲ့ အစ်မရဲ့ စေတနာကို လေးစားမိပါတယ်။ ကျွန်တော်လည်း ၀င်ပြီးအကြံပေးချင်လို့ပါ။ blog ထဲမှာ ပုံကို ဘယ်လိုဖော်ပြရမှန်းမသိလို့ mail နဲ့ပဲ ဆက်သွယ်လိုက်တာပါ။ အစ်မရဲ့ Hatch Command နဲ့ပတ်သက်တဲ့ ဆွေးနွေးချက်ကို အကြံပေးချင်လို့ပါ။
(မိမိဆွဲနေသော Drawing တစ်ခုတွင် အရာဝထ္တုတစ်ခုခုကို သိသာထင်ရှားအောင် ဖြစ်စေ၊ အထူးပြုဖော်ပြလိုလျှင်ဖြစ်စေ၊ ထိုအရာဝထ္တုကို မိမိနှစ်သက်ရာ အဆင်အကွက်လေးများဖြင့် တန်ဆာဆင်ဖော်ပြလိုလျှင်ဖြစ်စေ Hatch Command ကို အသုံးပြုတတ်ကြပါသည်။) အစ်မရေးခဲ့တဲ့ စာသားလေးပါ။
Hatch Command ဟာ တန်ဆာဆင်ဖို့၊ သိသာထင်ရှားအောင်လုပ်ဖို့၊ အထူးပြုဖော်ပြချင်လို့ မဟုတ်ပါဘူး။ section ဖြတ်တဲ့ area ကိုဖော်ပြချင်လို့ပါ။ အသုံးပြုတဲ့ material ကွဲပြားမှုကို ပြချင်လို့ပါ။ အင်ဂျင်နီယာတစ်ယောက်ကို drawing ပုံပြလိုက်တာနဲ့ အဲဒီ section ဖြတ်ပြထားတာကို ကြည့်ပြီး material အမျိုးအစား ဘယ်လောက်သုံးထားတယ်ဆိုတာကို သိပါတယ်။ Hatch Command ဟာ တန်ဆာဆင်တာ မဟုတ်ပါဘူး။ ကျွန်တော် jpg file လေးကို attach တွဲပေးလိုက်ပါတယ်။ ဥပမာ အနေနဲ့ပါ။ file ထဲမှာ ပုံနှစ်ပုံ ယှဉ်တွဲဖော်ပြထားပါတယ်။ ဘယ်ဘက်ကပုံက အားလုံးကို ပုံစံတစ်မျိုးတည်း ချယ်သထားပါတယ်။ ဆိုလိုတာက material (၁)မျိုးတည်းကိုပဲ သုံးတယ်လို့ ဆိုလိုပါတယ်။ ညာဘက်ကပုံမှာ အပေါ်ဘက်ပိုင်းကို ပုံစံကွဲနဲ့ ချယ်သထားပါတယ်။ ဆိုလိုတာက အပေါ်နဲ့အောက် material မတူဘူး၊ material နှစ်မျိုးသုံးထားတယ်လို့ဆိုလို

ပါတယ်။ အဲဒီလိုပဲ ချယ်မှုန်းတဲ့ပုံစံပေါ်မူတည်ပြီး ကြည့်ရပါတယ်။
အစ်မရဲ့ စေတနာကို စော်ကားတာမဟုတ်ပါဘူး ဆိုတာ ကြိုပြီးပြောပါရစေ။ ဒီလို ပညာမျှဝေပေးတဲ့ အစ်မကိုလည်း လေးစားမိပါတယ်။
ခင်မင်စွာဖြင့်....

ဒီစာလေးက ကျွန်မမေးထဲကို ရောက်လာတဲ့ စာပါ။ စာပို့သူ ဆိုလိုချင်တာကို ကျွန်မသဘောပေါက်ပါတယ်။ ဟုတ်ပါတယ်။ ကျွန်မအပြည့်အ၀ထောက်ခံပါတယ်။ဥပမာ- Civil Drawing တွေမှာဆိုရင် RC-Column ဆိုတာကို မြင်ရုံနဲ့ သိသာအောင် ပြုလုပ်ပေးရပါတယ်။ ဒါဟာ တန်ဆာဆင်ခြင်းတစ်မျိုးလို့ ကျွန်မယူဆလို့ပါ။ မှန်ကန်စွာ တန်ဆာဆင်ဖို့ပဲလိုတာပါ။ အကိုပြောသလို Engineer ကို Section ပုံပြတဲ့နေရာမှာ ဘယ်ပစ္စည်းအမျိုးအစားကို အသုံးပြုထားတယ် ဆိုတာကို ပြချင်တယ်ဆိုတာကလည်း ကိုယ်ဖော်ပြလိုတဲ့ အစိတ်အပိုင်းကို ဘာအမျိုးအစားကို အသုံးပြုထားတယ် ဆိုတာကို အထူးပြုဖော်ပြခြင်းလို့ ကျွန်မထင်မြင်မိလို့ပါ။ ဒါကြောင့် ကျွန်မဒီလို သုံးနှုန်းလိုက်တာပါ။ ကျွန်မရဲ့ မြန်မာစာ အသုံးအနှုန်း ညံ့ဖြင်းမှုကြောင့် ဆိုလိုချင်တာကို ပေါ်လွင်အောင် မရေးမိတာကို တောင်းပန်ပါတယ်။ အခုလို တစ်လေးတစ်စား လာရောက်ဆွေးနွေးတာကိုလည်း ကျွန်မကအထူးကျေးဇူးတင်ပါတယ်။ နောက်လည်းလာရောက် ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။

Print ပရင့်ထုတ်ရန်
 
This Post has 3 Comments Add your own!
HAPPY CLOUD - August 8, 2008 at 2:42 AM

“မိမိဆွဲနေသော Drawing တစ်ခုတွင် အရာဝထ္တုတစ်ခုခုကို သိသာထင်ရှားအောင် ဖြစ်စေ၊ အထူးပြုဖော်ပြလိုလျှင်ဖြစ်စေ၊ ထိုအရာဝထ္တုကို မိမိနှစ်သက်ရာ အဆင်အကွက်လေးများဖြင့် တန်ဆာဆင်ဖော်ပြလိုလျှင်ဖြစ်စေ Hatch Command ကို အသုံးပြုတတ်ကြပါသည်။” လို့ရေးထားတာကို....
အကို့အထင်ပြောရရင် ညီမလေးသုံးတဲ့အသုံးမှန်တယ်လို့ပဲ ယူဆပါတယ်... section ပြတယ်ဆိုတာ အထူးပြုဖေါ်ပြတာပဲလေ... အဲဒီတော့ ယေဘူယျနေနဲ့မှန်တာပေါ့... Materal ကွဲပြားမှုကိုပြတယ် ဆိုတာလည်း သိသာထင်ရှားအောင်လုပ်တာပဲပေါ့... Hatch က Section တခုတည်းပဲပြဘို့မဟုတ်ပါဘူး... elevation တွေမှာလည်းပြလိုရပါတယ်... civil Dwg တွေမှာ roofing ကို hatch ချယ်ပြပါတယ်... floor , wall တို့မှာ tiling ပြချင်ရင် hatch ချယ်ရတယ်... ဒါကြောင့် section တခုတည်းသဘောမျိုးဆို မမှန်ဘူးလိုယူဆပါတယ်...
ကျေးဇူးပဲညီမလေးရေ....
(ဖိုးမောင်- happycloud1000)

KPZ - August 18, 2008 at 8:13 PM

အခုလို တလေးတစား လာရောက်ဆွေးနွေးတာ ကျေးဇူးပါ အကို

MTZO - August 21, 2008 at 4:17 PM

I also believe that same as Happycloud.Because of Hatching (hachure in French) and cross-hatching are artistic techniques used to create tonal or shading effects by drawing (or painting or scribing) closely spaced parallel lines. (It is also used in monochromatic heraldic representations to indicate what the tincture of a "full-colour" emblazon would be.) When lines are placed at an angle to one another, it is called cross-hatching.

Hatching is especially important in essentially linear media like drawing and many forms of printmaking, like engraving, etching and woodcut. In Western art, cross-hatching developed in the Middle Ages, and especially in the old master prints of the fifteenth century. Master ES and Martin Schongauer in engraving, and Erhard Reuwich and Michael Wolgemut in woodcut were pioneers, and Albrecht Dürer perfected the techniques in both media.

Artists use the technique, varying the length, angle, closeness and other qualities of the lines, most commonly in drawing, linear painting, engraving, and ethnic art.
The main concept is that the quantity, thickness and spacing of line will affect the brightness of the overall image. By increasing quantity, thickness and closeness, a darker area will result.

An area of shading next to another area which has lines going in another direction is often used to create contrast.

Line work can be used to represent colours, typically by using the same type of hatch to represent particular tones. For example red might be made up of lightly spaced lines, whereas green could be made of two layers of perpendicular dense lines, resulting in a realistic image.

Post a Comment