Hatch Command

No Comment - Post a comment

မိမိဆွဲနေသော Drawing တစ်ခုတွင် အရာဝထ္တုတစ်ခုခုကို သိသာထင်ရှားအောင် ဖြစ်စေ၊ အထူးပြုဖော်ပြလိုလျှင်ဖြစ်စေ၊ ထိုအရာဝထ္တုကို မိမိနှစ်သက်ရာ အဆင်အကွက်လေးများဖြင့် တန်ဆာဆင်ဖော်ပြလိုလျှင်ဖြစ်စေ Hatch Command ကို အသုံးပြုတတ်ကြပါသည်။ ထိုသို့ အသုံးပြုရန် မိမိပြုလုပ်လိုသော နေရာသည် ဘောင်ပိတ်ဧရိယာတစ်ခု ဖြစ်ရမည်။ ဘောင်ပိတ်ဧရိယာတစ်ခု မဟုတ်ပါက ပထမဦးစွာ ဘောင်ပိတ်ဧရိယာတစ်ခုဖြစ်ရန် ပြုလုပ်ပေးရပါမည်။

Menu Bar >> Draw >> Hatch

Toolbar >> Hatch Button

Command >> h (or) hatch

Hatch and Gradient Dialogue Box ပေါ်လာပါလိမ့်မယ်။ Pattern Button ကိုနှိပ်ပါက Hatch Pattern Dialogue Box ပေါ်လာပါလိမ့်မယ်။

မိမိလိုအပ်သော အဆင်အကွက်ကို ရွေးချယ်ပါ။

Boundaries မှ Add: Pick point button ကိုနှိပ်ပါ။

မိမိတန်ဆာဆင်လိုသော အရာဝထ္တု၏ ဧရိယာကို Select လုပ်ပါ။

ထပ်မံဖြည့်စွက်လိုပါက Add: Select object button ကိုနှိပ်ကာ ထပ်မံဖြည့်စွက်လိုသော အရာဝထ္တုကိုရွေးချယ်ပါ။

မလိုအပ်သော အရာဝထ္တုကို Remove Boundaries ကိုအသုံးပြုကာ ဖယ်ရှားပါ။

Angle နှင့် Scale ကိုမိမိလိုအပ်သလို ပြုပြင်ဖန်တီးနိုင်ပါတယ်။

မိမိဖန်တီးထားသော အရာဝထ္တုကို Preview ဖြင့်ကြည့်ကာ Hatch Command ကိုလိုအပ်သလို အသုံးပြုနိုင်ပါသည်။

ထို့အပြင် အရောင်များကို အသုံးပြုကာ ခြယ်မှုန်းလိုပါက Gradient ကို အသုံးပြုဖန်တီးနိုင်ပါတယ်။ ။ ။



Print ပရင့်ထုတ်ရန်
 
This Post has No Comment Add your own!

Post a Comment