Save as AutoCAD2000

No Comment - Post a comment

AutoCADကို အသုံးပြုတဲ့နေရာမှာ Companyတစ်ခုနဲ့တစ်ခု Version မတူပါဘူး။ Version အနိမ့်သုံးနေတဲ့သူက Version အမြင့် သုံးနေတဲ့သူနေတဲ့သူကို ပို့လိုက်ရင် ပြဿနာမရှိပေမယ့် Version အမြင့်သုံးနေတဲ့ သူက Version အနိမ့်သုံးနေတဲ့ သူဆီကို Version မပြောင်းပဲပို့လိုက်ရင် အဲဒီ့Drawing ကိုဘယ်လိုမှ ဖွင့်လို့မရပါဘူး။ ဒါကြောင့် အလုပ်ထဲမှာ တစ်ခြားအလုပ်တစ်ခုကို Drawing ပို့ရတော့မယ်ဆိုရင် အမြဲတမ်း Version အနိမ့်ကိုပြောင်းပေးရပါတယ်။ တစ်ခါတစ်လေ မပြောင်းပဲပို့မိရင် ဒုက္ခရောက်ပါလေရော။ ဒီတော့အဲလိုမဖြစ်ရလေအောင် Drawing ကိုဘယ် Version နဲ့ပဲဆွဲဆွဲ AutoCAD2000 နဲ့ပဲ Save ရအောင် Setting ချိန်ထားတာကို မသိသေးတဲ့သူတွေ သိရအောင် ဝေမျှလိုက်ပါတယ်။

Working Area ပေါ်မှာ Right Click နှိပ်ပြီး Options ကိုသွားပါ။ Options Dialogue Box ပေါ်လာရင် Open and Save Sub-Tab ကိုသွားပါ။ File Save အောက်က Save as မှာ AutoCAD 2000/LT2000 Drawing ကိုရွေးချယ်ပြီး OK နှိပ်လိုက်ပါက မိမိဆွဲသော Drawing တွေအားလုံးက AutoCAD2000 နဲ့ Auto Save ပြီးသားဖြစ်ပါပီ ။ ။ ။ ။


Print ပရင့်ထုတ်ရန်
 
This Post has No Comment Add your own!

Post a Comment