AutoCAD Script မိတ်ဆက်

1 comments - Post a comment

AutoCAD script file ဆိုသည်မှာ AutoCAD command series များကို ရေးသားထားသော file extension (*.scr) ဖြင့် text file တစ်ခုဖြစ်ပြီး script line တစ် line မှာ command တစ်ခုပဲပါပါတယ်။ အများအား ဖြင့် script files များကို AutoCAD ထဲမှာ AutoCAD startup ကို customize လုပ်ရန်နှင့် AutoCAD တွင် slide show များဖန်တီးရန် အ တွက် အသုံးပြုပါတယ်။

User ဟာ မိမိရဲ့  script file ကို AutoCAD စလျှင်စချင်း auto run နိုင်သလို၊ AutoCAD ဖွင့်ပြီး နောက်မှ manually run နိုင်ပါတယ်။ Manually run ရန်အတွက် (command: script) or menu (tools =) Run scripts) မှ run နိုင်ပါတယ်။ AutoCAD စသောအချိန် script ကို autorun ရန်အတွက်သီးခြား ဖော်ပြပါမည်။

Script file ကိုရေးရန်အတွက် ASCII word format ဖြင့် save နိုင်သော (MS word, notepad) ကဲ့သို့ word processor များကို သုံးပြီး ရေးနိုင်ပါတယ်၊ သတိပြုရန်မှာ save သောအခါ file extension “*.scr” ဖြင့် save ရန်ဖြစ်ပါတယ်။ Script ရဲ့ နောက် ဆုံး line ဟာ blank ဖြစ်ရပါမယ်။ ဆိုလိုတာက script ရဲ့  နောက်ဆုံး command line ကိုရေးပြီးတဲ့ အခါ နောက်ဆုံးမှာ (ENTER) တစ်ချက် နှိပ်ထားခဲ့ရမယ်လို့ ဆိုလိုတာပါ။

Script line တစ် line ဟာ command တစ်ခု ဖြစ်ပြီး၊ command line တစ်ခုချင်းမှာရှိတဲ့ space တစ်နေရာတိုင်းဟာ User’s (ENTER) သဘောမျိုးဖြစ်ပါတယ်။ Script ကိုရေးသူဟာ AutoCAD command sequences တွေကို ရင်းနှီးကျွမ်းဝင်နေဖို့လိုပါတယ်။ ဆိုလိုတာကတော့ … ဥပမာ line command ဆိုပါဆို့ first point သတ်မှတ်ပြီးရင် next point သတ်မှတ်ရမယ်၊ နောက် user က (ENTER) မနှိပ်မချင်း next point ကို ဆက်တောင်းနေမည်။ ဆိုလိုတာက တော့ user က command တစ်ခုကိုပေးလိုက်တာနဲ့ AutocAD command line မှာ ထပ်ပေါ်လာမယ့် next step instruction နဲ့ user အတွက် ရွေးချယ်လို့ ရတဲ့ options တွေ နဲ့ ရင်းနှီးနေရမယ်လို့ ဆိုလိုတာပါ။

Dialog box ပါသော command မျိုးမှတပါး AutoCAD command line မှာ run နိုင်သောကျန် မည်သည့် command မျိုးကိုမဆို script က run နိုင်ပါတယ်။ မှတ်ချက်…..တစ်ချို့  dialog box တွေကို တော့ ခဏ disable ပေးပြီး script က run နိုင်ပါတယ်။ ဤအပိုင်းကို သီခြားဖော်ပြပါမည်။

Script မှာ comment များပါဝင်နိုင်ပါတယ်၊ semicolon (;) နှင့်စသော မည်သည့် script line ကိုမဆို script က comment အဖြစ်သတ်မှတ်ပြီး၊ AutoCAD မှာ process မှာ ထည့် run မှာ မဟုတ်ပါဘူး။

Space ပါသော reference များ file name များကို “……” အတွင်းတွင် ရေးရပါမည်။ ဥပမာ…. My house.dwg တိုတဲ့ drawing ကိုဖွင့်ရန်အတွက် [open “my house.dwg”] လို့ ရေးရပါမယ်၊ file name က house.dwg ဖြစ်ခဲ့ရင်တော့ [open house.dwg] လို့ရေးရင်ရပါတယ်။ မှတ်ချက်….script မှာ ရေးတဲ့ပုံစံမျိုး နဲ့ ရေးထားတဲ့ ရှင်းပြချက်တွေကို ထောင့်ကွင်း “ [ ] ” ထဲမှာ ဖော်ပြပါမယ်။

Script မှာ command ပေါင်းမြောက်များစွာ ပါနိုင်ပေမယ့် AutoCAD က script file တစ်ခုကို command process တစ်ခု အနေနှင့်သာ မှတ်ယူပါတယ်။ ဆိုလိုတာက….ဥပမာ circle တစ်ခု၊ line တစ်ခု၊ rectangle တစ်ခုကို script နဲ့ ဆွဲပြီးတော့ (Ctrl+Z) or (undo) တစ်ကြိမ်လုပ်ရုံနဲ့ script နဲ့ ဆွဲခဲ့သော circle, line နှင့် rectangle တွေအားလုံး ဟာ ပျက်သွားပါမယ်။ ဘာကြောင့်လဲဆိုတော့ (Undo) command ဟာ process တစ်ခုချင်းကို recover လုပ်သွားတာဖြစ်ပြီး script process တစ်ခုလုံးကိုလည်း သာမာန် process တစ်အနေနဲ့သာ မှတ်ယူတဲ့ အတွက်ကြောင့် undo တစ်ကြိမ်လုပ်ရုံနဲ့ script process မ run ခင်ကအတိုင်း recover ပြန်လုပ်ပေးခြင်းဖြစ်ပါတယ်။

ဥပမာများ



အောက်မှာ ဥပမာ script file များကို download ချပြီး လေ့လာနိုင်ပါတယ်။

Scr1.scr
အနီရောက် line တစ်ကြောင်း၊ အပြာရောင် circle တစ်ခု နှင့် စိမ်းပြာရောင် rectangle ကိုဆွဲပြီး၊ zoom extent လုပ်ပေးပါမယ်။ line command ပြီးတဲ့ အခါ မှာ တစ်ချက် ဖြင့် blank script line ကတော့ line command က next point request ကို အဆုံးသတ်ဖို့အတွက် User ဖြစ်ပါတယ်။ နောက်ဆုံး zoom extent ပြီးတဲ့အခါ extra တစ်ချက်ဖြင့် သီခြား blank script line တစ်ခု ရှိနေတာကို သတိပြုကြည့်ပါ၊ ၄င်းကတော့ script file ရဲ့  syntax သက်သက် သာဖြစ်ပါတယ် (အထက် တွက်ဖော်ပြပြီး)။

Scr2.scr
ကတော့ AutoCAD ကနေ တဆင့် window application တစ်ချို့  ကို start လုပ်ပုံကို ပြထားခြင်း ဖြစ်ပါတယ်။ Scr2 မှာ window notepad, Adobe Acrobat Reader နှင့် Googletalk တို့ကို ဖွင့်ပေးပါမယ်။

Scr3.scr
User setting ဖြစ်ပါတယ်။ “osnap off, grid on, line type scale ကို 5, overall dimension scale ကို 2, ortho ကို on” ပေးသော script ဖြစ်ပါတယ်။
လက်ရှိ Current post မှာ AutoCAD script အခြေခံသာဖြစ်ပါတယ်။ Script application အတွက် ကို သီးခြားဖော်ပြပါမည်။

Posts coming soon about “AutoCAD Script”
၁) AutoCAD အစ၌ script ကို auto run ခြင်း၊
၂) Script ဖြင့် AutoCAD ၌ slide show ပြုလုပ်ခြင်း၊
(က) slide များပြုလုပ်ခြင်း၊
( ခ) slide library ပြုလုပ်ခြင်း၊
( ဂ) script ဖြင့် slide show ပြုလုပ်ခြင်း၊

အထက်ပါ current post နှင့် ပတ်သက်ပြီး သီခြား မေးခွန်း နှင့် ဆွေးနွေး စရာများအတွက်
phoesan2006@gmail.com
ကျမ်းကိုးစာရင်း၊
၁) AutoCAD 2009 Help
၂) ဆရာ Robert တင်အေး AutoCAD Reference
၃) Daily AutoCAD < http://www.dailyautocad.com/>

Print ပရင့်ထုတ်ရန်
 
This Post has 1 Comment Add your own!
စိုင်းအောင် - November 16, 2008 at 6:51 AM

ကောင်းတယ်ဗျာ အရမ်းကျေးဇူးတင်ပါတယ်.. နောက်ဆက်ရေးမယ်လို့သိရတဲ့ အတွက်လဲ အရမ်းကျေးဇူးတင်တယ်ဗျာ... ကျောင်းမှာရေးသာရေးနေရတာ ဘာအတွက်မှန်းသေချာမသိဘူး ခုမှပဲသေသေချာချာ သိတော့တယ်ဗျာ..

Post a Comment