Different Between 3D Max & AutoCad

No Comment - Post a comment

ဒီခေါင်းစဉ်လေး တင်ရတာက internet journal ကသူငယ်ချင်း တစ်ယောက်အတွက် ရေးပေးဖို့ အခွင့်ကြုံလာတာနဲ့ ကျွန်တော့်ရဲ့ မူရင်းစာမူလေးကို sharing လုပ်လိုက်တာပါ။...ကျွန်တော်တို့ autocad အပိုင်းမှာ 2d , 3d ,rendering & animation ရယ်လို့ အကြမ်းအားဖြင့် ၄ ပိုင်းရှိပါတယ်။ အဲဒီထဲကမှ 3d , rendering & animation ပိုင်းတွေကို 3ds max ထဲ import လုပ်ပြီး presentationအတွက် လုပ်လေ့ရှိကြပါတယ်။...autocad user တော်တော်များများကတော့ 3d အထိဆွဲပြီး file links manager
နဲ့ ချိတ်ပြီး 3ds max မှာ rendering & animation လုပ်လေ့ရှိပါတယ်။တစ်ချို့ကတော့ 3d ပါ max ထဲမှာဆွဲပါတယ်။autocad user ဆိုမှတော့ engineering base ဆိုတာသိကြမှာပါ။ အဲဒီမှာ 3ds max ပဲစသင်ပြီး character modeling & movie animation ,cartoon animation, special effect rendering တွေ ...etc..video,movie ပိုင်းတွေနဲ့ ဆက်စပ်တဲ့ လမ်းကြောင်းပေါ်သွားနေတဲ့ 3ds max user နဲ့ engineering နဲ့ ဆက်စပ်တဲ့အပိုင်း (အထူးသဖြင့်_archi ပိုင်း)နဲ့ ပတ်သတ်တဲ့ လမ်းကြောင်းပေါ် သွားနေတဲ့ 3ds max user ရယ်လို့ တွေ့ရတာများပါတယ်။ ဒီ engineeringပိုင်းနဲ့ပတ်သက်တဲ့ 3ds max user က autocad user ကနေ maxကို တွဲသုံးတာများလို့ "3Ds Max autocad user"လို့ပဲ ခေါ်လိုက်တာပါ။ အဓိက ကတော့ engineering အတွက်သုံးတဲ့ 3ds max user ကိုပြောချင်တာပါ။ လူတော်များများက 3ds max user ဆိုရင် အတူတူပဲလို့ပဲ ထင်တာများပါတယ်။ အရှေ့မှာပြောခဲ့သလိုပါပဲ video,movie လိုင်းနဲ့ engineering(mostly Archi field)ပိုင်းရယ်လို့ ကွဲပါတယ်။တော်တော်လဲ ကွာပါတယ်။  ..engineeringပိုင်းမှာ အများအားဖြင့် still rendering က အများဆုံးပါ။ animation က လိုအပ်တာ still rendering ပိုင်းနဲ့ ဆိုရင် နည်းပါတယ်။ modeling ပိုင်းကစပြောပါ့မယ်...3ds max user တွေက modeling ကို အတိအကျ သိပ်မသုံးတာ များပါတယ်။autocad 3d max user ကတော့ အတိအကျကို အခြေခံပါတယ်။ တစ်ကယ်လည်း precise ဆွဲလို့ရပါတယ်။ eg..အမိုးဆိုပါဆို့ Roof pitch ကို ဆွဲတဲ့အခါမှာ3dsmaxသမားက roof pitch degree ကို line နဲ့ထောင်ပြီး အဲဒီ line နဲ့ အနီးစပ်ဆုံး တစ်ထပ်တည်းကျအောင် face ကို ဆွဲတင်ပါတယ်။ မတိကျနိုင်ပါဘူး။ autocad 3ds max user ကတော့ engineering way အတိုင်း roof plan ကိုအရင်ဆွဲပြီးမှ roof line တွေဆုံတဲ့ point တွေကမှ လိုချင်တဲ့ degree အတိအကျ ဆွဲတင်ပြီး face တွေဆွဲပါတယ်။ တစ်ကယ်စနစ်ကျပြီး မြန်ဆန် တိကျပါတယ်။ rendering ပိုင်းမှာ လည်း ထို့အတူပါပဲ အဆောက်ဦးတစ်ခု(သို့မဟုတ်) အခန်းတစ်ခုအတွက် ကြည့်တဲ့ perspective view အယူအဆ၊ lighting ပိုင်း အတွက်ဆိုလဲ တစ်ကယ့် actual မှာရှိသင့်တဲ့ light power နဲ့ နေရာထားပုံတွေ၊ color ပိုင်းတွေ material ပိုင်းတွေ အများကြီး ကွာခြားပါတယ်။ ဒါကြောင့်လည်း နောက်ဆုံးversion မှာဆို 3ds mas 2009 နဲ့ 3ds max design 2009 ဆိုပြီး autodesk company က ခွဲပြီးထုတ်တာ တွေ့နိုင်ပါတယ်။ Italy က နာမည်ကြီး Florence Design Academy မှာ interior designer ,architect course တွေရဲ့ သင်ရိုးမှာတောင် 3ds max + vray ကိုထည့်သွင်း ပြဒါန်းထားပါတယ်။Tutorial movies တွေ မှာလည်း architectural visualization ရယ်လို့ကိုသပ်သပ် ခွဲထုတ်ထားတာ တွေ့နိုင်ပါတယ်။ အချုပ်အားဖြင့်တော့ 3ds max ကိုလေ့လာမယ်ဆိုရင် ကိုယ်က ဘယ်အပိုင်း သွားမှာလည်း၊ သင်တန်းတတ်ရင်လည်း... ကိုယ်သွားမယ့် လိုင်းပေါ်မူတည်ပြီး သင်မယ့်ဆရာက ဘယ်လိုင်းနဲ့ professional ဖြစ်သလဲ၊ ဘယ်လို tutorial တွေ စာတွေဖတ်ရမလဲ သိပြီး
အကျိုးရှိရှိနဲ့ ထိထိရောက်ရောက် ဖြစ်စေချင်တာပါပဲ။.....

Print ပရင့်ထုတ်ရန်
 
This Post has No Comment Add your own!

Post a Comment