ဘာတွေဖြစ်မှန်းမသိ

3 comments - Post a comment

ခုတစ်လော ပို့စ် ရေးဖို့ အကြိမ်ကြိမ် ကြိုးစားမိပါတယ်....
ဒါပေမယ့် တစ်ခုမှ ပြီးမြောက်အောင် မရေးဖြစ်ဘူး........
လူက ပုံမှန်မဟုတ်သလို ခံစားနေရတယ်..................
နေ့စဉ်ထိတွေ့နေတဲ့ အရာတွေက ကိုယ့်နဲ့ တစိမ်းပြင်ပြင်တွေလိုပါပဲလား .......
ကိုယ့်ကိုကိုယ် ဘာဖြစ်လို့ ဘာဖြစ်ရမှန်းလည်း မသိ......
တစ်ယောက်ယောက်ကို စကားပြောရင် သက်သာမလားဆိုပြီး ဖုန်းခေါ်ပြီးတော့လည်း
ဘာပြောရမှန်းမသိ ? ? ?
တစ်ခုခုကို အကောင်းဆုံးဖြစ်အောင် လုပ်ပေမယ့် အဆိုးဆုံးတွေ ဖြစ်နေသလိုပဲ........
တစ်ယောက်ယောက်ကို နားလည်မှုရအောင် ကြိုးစားတိုင်း ပိုပိုဝေးနေသလိုပဲ..........
တစ်စုံတစ်ခုကို ပြောင်းလဲဖို့ ကြိုးစားတိုင်း စိတ်ပင်ပန်းမှုတွေပဲ အဖတ်တင်နေသလိုပဲ...
လွတ်မြောက်ဖို့ ကြိုးစားတိုင်း ကြိုးတွေက တင်းနေသလိုပဲ
တိုတောင်းတဲ့ လူ့ဘ၀တိုတိုလေးမှာ ဘာမှ အရေးမပါတဲ့ အရာတွေအတွက် ဘာတွေ ဖြစ်နေမှန်းမသိတဲ့ ကိုယ့်ကိုကိုယ် စိတ်ပျက်မိတယ် .....

Print ပရင့်ထုတ်ရန်
 
This Post has 3 Comments Add your own!
hannyein - March 13, 2009 at 7:35 PM

မ...ဒီနေ့မှမွှေနှောက်ရင်း မရဲ့ဘလော့ခ်ကို . ရောက်ရှိခဲ့တယ်..ရောက်ရောက်ချင်းရင်ထဲမှာဟာသွားခဲ့ရ တယ်...ဒီရက်ပိုင်းအဆင်မပြေမူ့တွေများနေတဲ့ ကျွန်တော်နဲ့ခံစားချက်ခြင်းတူညီနေလို့ မ..ကိုကိုယ်ချင်းစာမိတယ်...ဒါကြောင့်ကျွန်တော်စိတ်ဖြေတဲ့ တဲ့နည်းလေးကို ဝေမျှလိုက်တယ်..ဆရာတော်ဦးဇောတိကရဲ့ တရားစာအုပ်သော်လည်းကောင်း တရားခွေသော်လည်းကောင်းနာကြားကြည့်ပါ..မ..စိတ်နှလုံး
လုံးအေးချမ်းပါစေနော်....

MTZO - March 26, 2009 at 3:59 PM

“ဖြစ်ပြီးအဟောင်း ၊ တိတ်ဇာတ်ကြောင်းကို ပြန်ပြောင်းစဉ်းစား ၊ မငြီးတွားနှင့်။ နောင်ခါဖြစ်လတ် ၊ အနာဂါတ်ကို ဇာတ်ကြောင်းတွေးတော ၊ စိတ်မမောနှင့်။ ဖြစ်ဆဲဧကန် ၊ ပစ္စုပ္ပန်ကို ဝေဖန်ဥာဏ်ရှု ၊မျှတမှုဖြင့် ပူမှုကင်းစွာ ၊ နေစမ်းပါလော့။ သို့ပါလေမှ ၊ သင့်ဘ၀၀ယ် ဒုက္ခကင်းစွာ ၊ ချမ်းသာလာလိမ့်။”

Unknown - April 4, 2009 at 4:41 PM

တခါတလေတော့လဲ ဖြစ်တတ်ပါတယ်...။ အဝေးမှာနေတဲ့ လူတွေမို့ ကိုယ်ချင်းစာပါတယ်..။
ဒီစာလေးနဲ့ပဲ အားပေးလိုက်ပါတယ်....။

Post a Comment