After Two Years Later ..........

3 comments - Post a comment

အရှေ့ဘက်ကနေထွက်လို့ အနောက်ဘက်ကိုနေ၀င်ကာ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးရင်း ခုဆို ကျမဒီဘလော့လေးကို အသက်သွင်း ပျိုးထောင်ခဲ့တာ (၂)နှစ်ဆိုတဲ့ ကာလကိုတောင် လွန်မြောက်ခဲ့ပါရောလား။ ဒီတစ်နှစ်လုံးမှာ ဘလော့အတွက် ဘာမှ ဖြစ်ဖြစ်မြောက်မြောက် စာမရေးဖြစ်တာကိုလည်း ကိုယ့်ကိုကိုယ် သတိထားမိပါတယ်။ ဒါပေမယ့် စာရေးမယ်လို့ အကြိမ်ကြိမ် အတွေးတွေ စိတ်ကူးတွေ အစီအစဉ်တွေ ပေါ်ပေါက်လာခဲ့ပေမယ့် စာမျက်နှာပေါ်ကို ရောက်မလာခဲ့တာ ကျမရဲ့ ညံ့ဖျင်းမှုကြောင့်ပဲ နေမှာပါ။

သင်ကိုယ်တိုင်က စိတ်ဝင်စားခြင်းမရှိသော
အကြောင်းအရာကို ဘယ်တော့မှ စာမရေးပါနှင့်
စာတစ်အုပ်ရေးဖို့ အကြံရပေမယ့် မရေးရင်
မဖြစ်ဟု သင်ကိုယ်တိုင် ခံစားမလာပဲ မရေးပါနှင့်
( တော်စတ္တိုင်း)


ကျမကိုယ်တိုင်က စိတ်ဝင်တစားရှိသော တချို့သော အကြောင်းအရာတွေကို စာမျက်နှာပေါ်သို့ တင်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် ဖြစ်မလာခဲ့သလို တချို့သော အကြောင်းအရာတွေကို ရေးနေရင်းမှ ဘာမှဆက် မဖြစ်လာတာကတော့ ကျမ မရေးပေမယ့်လည်း ရေးထားနေပီးသားတွေ ရှိနေတာကြောင့်လို့ ပြောရင် ကျမကို ဆင်ခြေပေးတယ်လို့ ထင်ကြမှာပဲနော်။ ဒါပေမယ့် မထင်မှတ်ထားတဲ့ အကြောင်းအရာ ပေါင်းစုံနဲ့ ကျမအမြဲတစ်စေ ရှုပ်နေတတ်ပါတယ်။
ဒီဘလော့လေးကို အမှတ်မထင် ပစ်ထားမိရင်း တစ်နေ့ ကျမစီဘောက်မှာ “ အက်ဒမင်ကိုယ်တိုင်ကတောင် ဂရုမစိုက်တဲ့ ဘလော့.. စေတနာထားတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား” ဆိုတဲ့ စာတစ်ကြောင်းကို တွေ့လိုက်ရတဲ့ အချိန်မှာ ကျမ တော်တော် တုန်လှုပ်သွားသလို တော်တော်လည်း စိတ်မကောင်း ဖြစ်မိပါတယ်။

ကျမဘလော့လေးကို ဘယ်သူမှ အထူးတလည် စိတ်ဝင်စားမှုမရှိလောက်ပါဘူးလို့ ကျမထင်နေတာ တကူးတက အားကိုးတကြီးလာမေးမြန်းတဲ့သူတွေ ရှိသေးတယ်ဆိုတာကို သိလိုက်ရလို့ အံသြ တုန်လှုပ်မိတာအမှန်ပါ။ ဒီအတွက် ကျမဘက်က ပျက်ကွက်ခဲ့တယ်ဆိုရင် စာဖတ်သူတွေကို ဒီနေရာက တစ်ခါတည်း တောင်းပန်ပါရစေနော်။

နောက်တစ်ခုက ကျမစေတနာမရှိလို့ စိတ်မပါတော့လို့ ပစ်ထားတယ်လို့ အထင်မှားနေတာကို စိတ်မကောင်းဖြစ်မိတာပါ။ တစ်ကယ်တော့ ကျမ စီးပွါးရေး၊ လူမှုရေးတွေအပြင် အခြား အကြောင်းအရာမျိုးစုံနဲ့ တစ်ပတ်နဲ့ တစ်ပတ်၊ တစ်လနဲ့ တစ်လ မထပ်ရလေအောင် ရှုပ်နေတတ်ပါတယ်။ စာပြန်ရေးဖို့လည်း ကျမ အတန်တန် အားမွေးနေပါတယ်။ စိတ်ဓါတ်ကို တွန်းအားပေးနေတဲ့ ကိုဖိုးမောင် ၊ ကိုပါကြီးတို့ကိုလည်း အားနာမိပါရဲ့ …..။

ရာသီတွေ ဘယ်လိုပဲပြောင်းပါစေ…၊ အချိန်တွေ ဘယ်လိုပဲ ရွှေ့လျားနေပါစေ …၊ ဘယ်လိုအခြေအနေမျိုးတွေပဲ ဖြစ်နေပါစေ…၊ အပြောင်းအလဲတွေ မည်မျှပင် ဖြစ်နေပါစေ…၊ ဒီဘလော့လေးအပေါ်ထားတဲ့ ကျမကေပီဇက်ရဲ့ စေတနာ၊ စိတ်ဓါတ်၊ ဖြစ်တည်လိုမှုတွေကတော့ ပြောင်းလဲမှာ မဟုတ်သလို ဒီဘလော့လေးနဲ့ ကေပီဇက် ထာဝရဒွန်တွဲ တည်ရှိနေမှာကတော့ အမှန်ပါ …။
ဘလော့ဂ်စလုပ်ကတည်းက အခုအချိန်ထိ အားပေးလာကြတဲ့ စာဖတ်သူတွေ၊ အခက်အခဲ ဖြစ်သူတွေ နှင့် ကျမအခက်အခဲ ဖြစ်တိုင်း အကူအညီပေးတတ် ကြတဲ့သူငယ်ချင်းတွေ၊ နောက် လိုအပ်ချက်တွေကို ဖြည့်ဆည်း အကြံဥာဏ်ပေးတတ်ကြတဲ့ သူများအားလုံးကိုလည်း အထူးကျေးဇူးတင်တယ်ဆိုတာ ပြောရင်း နှစ်နှစ်ပြည့် သက်တမ်းနှင့် အတူ ကျမအခုလိုဖြစ်လာအောင် လုပ်ချင်တာလုပ်ခွင့် ပြုခဲ့သော မိဘများ၊ ကျမတတ်ကျွမ်းသောပညာဖြင့် ပရော်ဖက်ရှင်နယ်ဖြစ်အောင် သင်ကြားပြသပေးခဲ့သော သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအားလုံးကိုလည်း ရိုသေလေးစားစွာ ဦးတင်လိုက်ပါတယ်…..။

ခင်မင်လေးစားစွာဖြင့်
ကေပီဇက်

Print ပရင့်ထုတ်ရန်
 
This Post has 3 Comments Add your own!
MyMetro - November 29, 2009 at 1:28 AM

မြန်လိုက်တာ နှစ်နှစ်တောင် ပြည့်သွားပီ။ ပစ်ထားတာ ကြာပေမယ့် သတိရသေးလို့ တော်သေးတာပေါ့။ ညည်းအလုပ်တွေ ရှုပ်နေတာကို သိပါတယ်။ စခဲ့မိတဲ့လမ်းကို အဆုံးထိတော့ ဆက်လျှောက်ရမှာပေါ့။ နောက်ကို ပို့စ်တွေ များများရေးနိုင်ပါစေ...။ လိုအပ်နေသူတွေအတွက် တဖက်တလမ်းက အထောက်အကူပေးနိုင်တဲ့ ဘလော့ဂ်လေး ဖြစ်ပါစေ...။ ကေပီဇက်လဲ အစစအရာရာ ဒီထက်ပိုပီး အောင်မြင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်...။

phyumay - November 30, 2009 at 9:33 AM

A year older, a year wiser.

Move it on my sister..

PMZ

LuLay - November 30, 2009 at 2:36 PM

friend try your best way and hold your love forever.

Post a Comment