ရှားမီးခဲလို ရဲစေ

No Comment - Post a comment

( ဒီတစ်နှစ်အတွင်းမှာ ကျမကျောင်းတက်နေတဲ့ ကာလအတောအတွင်း ကျမလိုအပ်သမျှကို နေရာမရွေး အချိန်မရွေး ကူညီပေးခဲ့တဲ့ ကိုပါကြီးနဲ့ ကိုဖိုးမောင် ( happy cloud ) တို့ရဲ့ အမှတ်တရ ဆုံးမစာပါ။ )

အလုပ်တစ်ခုလုပ်ရာမှာ ရေရှည်စွဲစွဲမြဲမြဲ လုပ်နိုင်ဖို့ဆိုတာ အတော်မလွယ်ကူတဲ့ ကိစ္စတစ်ခုပါ။ ဇွဲ၊ သတ္တိ၊ တို့အပြင် လုပ်ချင်ကိုင်ချင်စိတ်နှင့် လုပ်နိုင်ကိုင်နိုင်တဲ့ စွမ်းရည်ရှိဖို့ အင်မတန်လိုအပ်တဲ့ အရေးပါဗျာ။ အဲဒါတွေ ရှိသည့်တိုင်အောင် အာရုံစူးစိုက်အားထုတ်ပါမှာ အဆုံးအထိ ဖြစ်မြောက်နိုင်မှာပါ။ တချို့တွေ အစမှာ အထက်ပါ အစွမ်းတွေ အပြည့်အ၀ရှိနေတတ်ပြီး တကယ်တမ်း လုပ်လို့ အရှိန်ရလာရင်ပဲဖြစ်စေ၊ အခက်အခဲ ဖြစ်လာရင်ပဲဖြစ်စေ ဆက်မလုပ်လိုပဲ ရပ်တန့်နေတတ်ပါတယ်။
လူကြီးတွေ ဆိုတတ်ကြတဲ့ စကားတစ်ခွန်းရှိပါတယ် “နွားကောင်း ချောင်းရောက်ရင်သိလိမ့်မယ်တဲ့”။
အဟဲ.... ကြားဖူးကြမလားမသိပါဘူး.. “တောက်လိုက်ရင်တော့ ဟုန်းကနဲ ငြိမ်းလိုက်ပြီဆိုရှဲ....” ဆိုတဲ့ စကားလေးကိုရော...။
ကျနော့်ညီမလေး KPZ က အကိုရေ ဘလော့(၂)နှစ်ပြည့် စာလေးရေးပေးစမ်းပါလို့ပြောတော့။ သူ့ကိုပြောချင်နေတဲ့ စကားတွေ ရေးခွင့်ရတော့မယ်ဆိုတာတွေးမိလို
က်တယ်။ ကိုယ်ကဘာကောင်မှ မဟုတ်ပေမဲ့။ သူကအဲဒီလိုပြောလာတော့ နည်းနည်းတော့ ဘ၀င်မြင့်ချင်သလို ဖြစ်မိသား...။ ဒါပေမဲ့ ကိုယ့်ဘာသာ ဟေ့ကောင် ဖိုးမောင် သိပ်ထင်မနေနဲ့ မင်းလည်း သူများမပြောခင် ကိုယ့်ကိုယ်ကို အရင်ဆုံးမအုန်းလို့ သတိပေးလိုက်ရသေးတယ်။
တစ်ခါက ဖတ်ဖူးတဲ့ ဂန္ဓီကြီးနဲ့ ပတ်သတ်တဲ့ ပုံပြင်လေးကို သတိရမိလိုက်သဗျ။
ဒီလိုဗျ.... တခါတုန်းကပေါ့ ဂန္ဓီကြီးဆီကို အမျိုးသမီးတစ်ယောက်က ကလေးတစ်ယောက်လက်ဆွဲပြီး ရောက်လာသတဲ့...။ နောက် ဆရာကြီး ကျမသားလေး ဆုံးမပေးပါ အချိုတွေ အရမ်းစားလွန်းလို့ ရောဂါရမှာစိုးရိမ်လို့ မစားအောင်တားပေးပါလို့ လာပြောသတဲ့...။ အဲဒီတော့ ဂန္ဒီကြီးက ကလေးကို ဘာမှမပြောပဲ ကလေးအမေကို နောက်တစ်ပတ်မှာလာခဲ့ပါလို့ ပြန်ပြောလိုက်တယ်...။ နောက်တစ်ပတ်လာတဲ့ အချိန်ကြတော့ ဂန္ဓီကြီးက ကလေးကို သေချာကြည့် ပြီး “သားအချိုတွေ မစားနဲ့တော့” လို့ အေးအေးဆေးဆေးပြောလိုက်သတဲ့။ ကလေးလေးကလည်း “ဟုတ်ကဲ့” လို့ပြောပြီး နောက်မစားဘဲ နေဖြစ်သွားသတဲ့။ နောက်ပိုင်း ကလေးအမေနဲ့တွေ့တော့ ဂန္ဓီကြီးက ကလေးအမေကို မေးတယ် သူဘာကြောင့် ကလေးကို ချက်ချင်း မပြောဘဲ တပတ်အစောင့်ခိုင်းရသလဲဆိုတာသိလားလို့။ အဲဒီမှာ ကလေးအမေက မသိဘူးပြောတော့ ဂန္ဓီကြီးက သူလည်း အချို အရမ်းကြိုက်တယ်တဲ့...။ မကောင်းမှန်းသိပေမဲ့ မဖြတ်နိုင်ဘူး။ ကလေးကို ဆုံးမရမယ်ဆိုတော့ တပတ်လောက် အချိန်ယူပြီး သူကိုယ်တိုင် အချိုမစားအောင် ဖြတ်နေတာပါတဲ့....။
အင်း အဲဒါလေးသတိရတော့ ကျနော်လည်း သူ့ကိုပြောချင်တဲ့ စကားတွေ ပြောဖို့ တွန့်သွားတယ်ဗျ...။ သို့သော်လည်းပေါ့ဗျာ... ကျနော်က ဂန္ဓီမဟုတ်သလို သူကလည်း ကလေးမဟုတ်လေတော့.... သာမန်လူတွေလို သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်းလေးတွေ ပြောလိုက်အုန်းမှဆိုပြီး ရေးပေးလိုက်သဗျ။
ကျနော်နဲ့ KPZ သိခဲ့တာကသူ့ရဲ့ အော်တိုကတ်ဘလော့စပေါ့လေးကတဆင့်ပါ....။ နောက်သူရေးတာတွေ ၀င်ဖတ်ရင်း သူ့ရဲ့ကြိုးစားအားထုတ်မှုတွေကို လေးစားမိတာကြောင့် ပိုခင်မိတယ်ဗျ။ ကျနော်ကိုယ်တိုင်လည်း အော်တိုကတ်နှင့် အသက်မွေးနေသူဆိုတော့ အော်တိုကတ်နှင့်ပတ်သတ်တာတွေ ကိုယ်မသိသူ့မေး၊ သူမသိကိုယ်ဖြေဆိုသလို ဖလှယ်ဖြစ်ကြပါတယ်။ အဲ သူ့ရဲ့  “AutoCAD ဆွဲတာဟာ ကျွန်မအတွက်တော့ အနုပညာတစ်ရပ်ပါပဲ။ အမေတစ်ယောက်က သားသမီး တစ်ယောက်ကို ပုံသွင်းသလို၊ ဥယျာဉ်မှုး တစ်ယောက်က ပန်းပွင့်တစ်ပွင့်ကို ဖန်တီးသလို၊ AutoCAD Drawingတစ်ခုကို ကိုယ်လိုရာ ပုံသွင်းနိုင်ပါတယ်။” ဆိုတဲ့ စကားလေးကိုလည်း သဘောကျမိပါတယ်...။
ခုနောက်ပိုင်းတော့ သူဟိုယောင်ယောင်ဒီယောင်ယောင်နှင့် စာမရေးတာတွေ့တော့ ၂နှစ်ပြည့်နှင့် အတူကိုယ့်ညီမလိုသဘောထားပြီး ဆူငေါက်နေမိတယ်။
နောက်မှ သူ့မှာကိုယ်ရေးကိုယ်တာ အခက်အခဲတွေ ရှိနိုင်တယ်ဆိုတာတွေးမိလိုက်ပါတယ်...။ အလုပ်ဖိအားတွေ၊ ကျောင်းတတ်တုန်းက ကျောင်းစာဖိအားတွေ နှင့် အခြားလူမှုရေးဖိအားတွေကြောင့် ခဏနားနေတာ ဖြစ်မှာပါ။ သူကိုယ်တိုင် အပျင်းထူနေတာလည်း ဖြစ်မှာပေါ့။ ဘယ်အချိန်ပြန်ရေးမလဲဆိုတာ စောင့်မျှော်ကြတာပေါ့...။ သူဟာရှားမီးခဲလေးလို ရဲနေတဲ့ သူတစ်ယောက်ဆိုတာတော့ ကျနော်ယုံကြည့်နေမိပါတယ်...။
ညီမလေး KPZ ဘလော့၂နှစ်ပြည့်မှာ အသိပညာတွေ ဆထက်တပိုးတိုးလို့၊ အခြားသူများကိုလည်း ဝေမျှနိုင်သော ပညာပြည့်ဝသူ တစ်ယောက်ဖြစ်စေဖို့ ဆန္ဒပြုလိုက်ရပါတယ်...။
ဖိုးမောင်(happycloud)
 
 
ညီမလေး KPZ က ကျွန်တော့်ကို နှစ်နှစ်ပြည့်ရေးပေးပါလို့ပြော
လိုက်တဲ့ အချိန်မှာ စိတ်ထဲမှာရော ချက်ချင်းပြန်ပြီးတုံ့ပြန်ဖြစ်တာကတော့..
သူ့ကို ..ဆူတာပါပဲ...။ ဖိုးမောင်ကပါသူ့ကို ထပ်ဆူတော့လည်း ခပ်ပြုံးပြုံးလုပ်ပြီးနေတယ်...။ ကိုယ့်အပြစ်ကိုယ်သိတဲ့ ကျောင်းသားလေးတစ်ယောက်လိုပါပဲ...။ သူ့အပြစ်ကတော်တော်ကြီးပါတယ်..။
ပြောလည်းပြောပြမှဖြစ်မှာ မို့ပါ။
သူပျက်ကွက်တာတွေထဲမှာ အကြီးမားဆုံးက အပြည့်အ၀ sharing မလုပ်နိုင်တာပါပဲ...။ ကျွန်တော်တို့က အစ်ကိုတွေဆိုပေမယ့်...သူ့နောက်မှ online ရောက်လာကြသူတွေပါ...။ ညီမလေးက အများကြီး ကြိုးစား ...။ သိတာလေးတွေကို မချွင်းမချန်မျှဝေနေတာ လေးစားစရာပါပဲ...။
သူ့မှာ လူမှုရေး..စီးပွားရေး တော်ရုံပြဿနာ ရှိရင်တောင် မပျက်ကွက်ပဲ... စာကောင်းလေးတွေရေးတယ်...။ မျှဝေတယ်လေ။ သူ့အကျိုးတစ်စုံတစ်ရာ မရှိတာ မြင်နေရတာပါပဲ...။
ဒါကလဲ ကျွန်တော်တို့ ဘက်ကမြင်တာပါ...။ သူ့ဘက်ကရော....အကျိုးအမြတ်လား..???။ ရှိတာပေါ့...။ သူဝေမျှလို့ တစ်ဦးတစ်ယောက်လောက် အကျိုးဖြစ်ထွန်းသွားရင်...
ပီတိဖြစ်ရတယ်...။ ဘာသာရေးအရ..ကောင်းတဲ့ အကျိုးတွေ ဆုမတောင်းပဲရတာပေါ့နော်...။
မိန်းခလေး တစ်ယောက်မှာ လေးစားစရာကောင်းလှတဲ့ မျှဝေစိတ်...မျိုးချစ်စိတ်တွေက အရွယ်နှင့်မလိုက်အောင်ပါပဲ...။
ကျွန်တော်ကတော့ အဲဒီစိတ်တွေကို ပန်းများပွင့်စေသူရဲ့  စိတ်လို့ပဲပြောချင်တယ်...။ ဒီစိတ်လေးတွေ ကိုပိုပြီး ပွင့်လန်းစေဖို့..နောက်ထပ်ထပ်ပြီး... ပန်းများကိုပွင့်စေမယ့်သူတွေ...
မွေးဖွားလာဖို့ ... ညီမလေးရဲ့ အားထုတ်မှုတွေက နှစ်နှစ်ပြည့် ခါနီးမှာ ပင်ပန်းတယ် ထင်ပါရဲ့  ... မလှုပ်တော့ဘူးလေ...။
ဒါပေမယ့် ရှားမီးခဲလေးပဲ ဆိုတော့ နောက်ထပ်တောက်ဖို့ ခဏအားယူနေတာပါ...။ အဓိကက ပေးတာတွေလာယူကြတာတော့ ဟုတ်ပါပြီ...။ ရသွားရင်ကော ပြန်မျှကြရဲ့လား...။ အမြဲတမ်း ကိုယ်ပဲယူနေမယ့်အစား...။ ကိုယ်ကလဲ ပြန်ပေးနိုင်မယ့်သူ...။
ပန်းများကိုပွင့်စေသူအဖြစ် တစ်ခါတစ်လေလောက်လုပ်ကြည့်စေချင်ပါတယ်...။
ဒါမှ တစ်ယောက်ပန်းသွားရင် နောက်လူတွေရှိနေမှာလေ...။ အဲဒီလူကလဲ နောက်လူတွေကိုကြည့်ပြီး... ပီတိများနဲ့ အားတက်လို့... နောက်တစ်ခါ ပန်းလေးတွေပျိုးဖို့ အားတက်လာမှာပါ...။
ဒါကြောင့် ...ညီမလေး KPZ မှာ အပြစ်ရှိတာ ကျွန်တော်တို့တစ်တွေ လဲ ..ယူတာလဲယူ..ကူပြီးတော့လဲ ပန်းလေးတွေပျိုးကြမယ်ဆိုရင်ဖြင့် ..
ဒီပန်းခင်းလေး ဟာလဲ အပြစ်ကင်းစွာနဲ့ ..အမြဲရှင်သန်နေမှာပါ...။ 
ပါကြီး
 

Print ပရင့်ထုတ်ရန်
 
This Post has No Comment Add your own!

Post a Comment