AutoCAD Tutorial - 3D Primitives

No Comment - Post a comment

အော်တိုကဒ် ၃ဒီကိုဆွဲသားတဲ့အခါ သိဖို့လိုအပ်တဲ့ အစိတ်အပိုင်းတစ်ချို့ကို လေ့လာကြည့်ရအောင်နော်။
Box, Cube, Cylinder, Cone, Sphere, Pyramid, Wedge နဲ့ Torus တွေ ဘယ်လိုဆွဲတယ်ဆိုတာ ဒီဗီဒီယိုဖိုင်လေး ကြည့်လိုက်ရင် အားလုံးရှင်းသွားမှာပါ။




 

A Simple Guide: 12 steps to Mastering AutoCAD

2 comments - Post a comment


ကျမ အချိန်ပိုင်း စာသင်တဲ့ အလုပ်ကို လုပ်လိုက်တဲ့ အချိန်မှာ တစ်ချို့သော သူတွေဟာ အော်တိုကဒ်ကို သင်ကြားတဲ့ အခါမှာ အခက်အခဲလေးတွေ ရှိနေတာကို သတိပြုမိပါတယ်။ သူတို့ဘာကြောင့် ခက်ခဲနေကြတယ် ဆိုတာကိုတော့ ကျမလည်း အတိအကျကြီး သေချာ မသိပေမယ့် ဘယ်လို မှတ်ယူနာခံရမယ်ဆိုတာကို သိတယ်ဆိုရင် လွယ်ကူတယ် ဆိုတာကိုတော့ ကျမ သေချာတပ်အပ် ပြောနိုင်ပါတယ်။ ဘယ်လို သင်ယူမှတ်သား သင့်တယ်ဆိုတာကို ကျမ ဥာဏ်မီသလောက် နည်းနည်းပြောကြည့်ပါရစေ။
အော်တိုက်ကဒ်ကို သင်ယူဖို့ နည်းလမ်းပေါင်းစုံ ရှိပါတယ်။ ဒါပေမယ့် အလျင်တလို လုပ်စရာတော့ မလိုပါဘူး။ ဘာမှ မရှိတဲ့ခွက်ထဲကို မြန်အောင် ရေတွေ ဝေါကနဲ လောင်းထည့်လိုက်မယ်ဆိုရင် ရေက ခွက်ထဲ အားလုံးမ၀င်ပဲ လျှံကျတတ်ပါတယ်။ ရေကိုသာ ဖြည်းဖြည်းချင်း လောင်းချမယ်ဆိုရင် ခွက်ထဲကို အပြည့်အ၀ ရောက်မှာပါ။ ဒီလိုသဘောတရားအတိုင်းပါပဲ ဦးနှောဏ်ထဲကို အော်တိုကဒ် သဘောတရား အခြေခံ အချက်အလက်တွေ ထည့်တဲ့အခါ အလျင်စလို သင်ကြားခြင်းထက် ဖြည်းဖြည်းမှန်မှန် သင်ကြားခြင်းက ပိုမို ထိရောက်မှာပါ။
1.Getting Started
ပထမဦးစွာ စတင်သင်ယူသူဟာ အော်တိုက်ကဒ်နဲ့ အပြန်အလှန် ဆက်သွယ် ထိန်းချုပ် အသုံးပြုနိုင်ဖို့ ကြိုးစားရမှာပါ။ အခု ဆိုရင် AutoCAD interface တွေဟာ new users အတွက် အင်မတန် ရှင်းလင်းလွယ်ကူလာပါပီ။ အရင်က 2009 Version မတိုင်ခင် အသုံးပြုခဲ့ကြတဲ့ User တွေဟာ Autocad 2009 မှာစတင်ပါလာတဲ့ Ribbon တွေကို Working Space ကိုနေရာယူစေတယ် ရှုပ်ထွေးတဲ့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ Ribbon တွေကို အသုံးပြုလေ့ မရှိပဲ ဟိုးအရင်က အသုံးပြုလာခဲ့တဲ့ ရင်းနှီး ကျွမ်းဝင်ပီးသား ဖြစ်တဲ့ AutoCAD Classic Workingspce Design ကိုသာ အသုံးပြုလေ့ ရှိကြပါတယ်။ ဒါပေမယ့် အခုမှ စတင်သင်ကြားတဲ့ New User တွေအတွက်ကတော့ ဒီ Ribbon တွေက လေ့လာမှုအတွက် ပိုမိုလွယ်ကူ လျင်မြန်စေဖို့ ကူညီနိုင်တာ အမှန်ပါပဲ။ Microsoft Office 2007 ကို ရင်းနှီးပီးသား လူဆိုရင်တော့ ပိုပီး လျင်မြန်စွာ ကျွမ်းဝင်လွယ်မှာပါ။ ဒီ Ribbon မှာ အော်တိုကဒ်ကို အသုံးပြုပီး ပုံဆွဲရန် အရေးအကြီးဆုံးတွေဖြစ်တဲ့ Draw Tools, Modify Tools နဲ့ အခြားသော Tools တွေအားလုံးကို လွယ်ကူစွာ တွေ့ရှိနိုင်ပါတယ်။
အော်တိုကဒ်ရဲ့ အမည်နာမ အခေါ်အဝေါ်တွေကို မှတ်သားပီးပီ ဆိုရင်တော့ စတင်သင်ကြားသူဟာ Navigation Tools တွေဖြစ်တဲ့ Pan, Zoom In , Zoom Out , Zoom Extend ဆိုတဲ့ အရာတွေကို လျင်မြန် ကျွမ်းကျင်အောင် ပထမဦးစွာ လေ့လာသင့်ပါတယ်။ ဒါမှာသာ နောက်ထပ် အရေးကြီး Command တွေကို သင်ကြားတဲ့ အခါ လျင်မြန်စွာ သင်ကြားနိုင်မှာပါ။
အဲဒီ့နောက် သင့်လျော်သော Template တစ်ခုနဲ့ ပုံအသစ်တစ်ခုကို စတင်ဖန်တီးဖို့ ကြိုးစားကြည့်နိုင်ပါပီ။ Metric Units တစ်ခုနဲ့ ဆွဲမယ့် Drawing တစ်ခုကိုတော့ Imperial Template နဲ့ အသုံးပြုဖို့ မကြိုးစားဖို့တော့ အကြံပေးလိုပါတယ်။
2. Drawing Tools
  AutoCAD interface တွေ  navigation tools တွေ ကိုရင်းနှီး ပြီးပီ ဆိုရင်တော့ အော်တိုကဒ်ပုံတွေဆွဲဖို့ Tools တွေကို စတင်လေ့လာဖို့ အချိန်ကျလာပါပီ။ ကျမသိသလောက် သင်ကြားပေးတဲ့ သူတွေအားလုံးဟာ သင်ယူသူတွေကို ဘယ်လိုဘယ်ပုံ အသုံးပြုရမယ်ဆိုတဲ့ လုပ်ဆောင်ပုံ အဆင့်ဆင့် Nature တွေကို တစ်ခုချင်းစီ သင်ကြားပေးလိုက်မှာပါ။ သင်ကြားနေတုန်းမှာတော့ အဆင်ပြေနေပေမယ့် Command တွေအတော်များများကို သင်ကြားပီးတဲ့ ရက်အနည်းငယ် နောက်မှတော့ သင်ယူသူတွေဟာ Command တွေရဲ့ ဆောင်ရွက်ပုံ အဆင့်ဆင့်တွေကို မှတ်မိဖို့ ခက်ခဲလာတာကို တွေ့ရပါတယ်။
အမှန်တစ်ကယ်တော့ Command တွေရဲ့ ဆောင်ရွက်ပုံတွေဟာ ရိုးရှင်းလွယ်ကူပါတယ်။ ဒါပေမယ့် ဘာလို့ မမှတ်မိလဲ??? အဖြေကတော့ ရှင်းရှင်းလေးပါ.. အလွတ်ကျက်မှတ်လို့ပါ။ အလွတ်ကျက်မှတ်ပီး ဆွဲတာဟာ အော်တိုကဒ်ကို အသုံးပြုဖို့ လွန်စွာမှားယွင်းတဲ့ နည်းလမ်းတစ်ခုပါ။ Command တိုင်းမှာ လုပ်ဆောင်ပုံ အဆင့်ဆင့်ကို လမ်းညွှတ်ပြသပေးတဲ့ နေရာတစ်ခု ရှိပါတယ်။ ဒါကတော့ Command Line ပါ။
Command Line ဟာ AutoCAD User တွေအတွက် လမ်းညွှန် ဆိုင်းဘုတ်တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ သူဟာ AutoCAD Userနဲ့ အပြန်အလှန် မေးခွန်းတွေ မေးမြန်းရင်း အသုံးပြုသူကို ညွှန်ကြား ပြသ ပေးသွားတတ်ပါတယ်။ Simple English ကိုဖတ်နိုင်တဲ့ User တစ်ယောက် အနေနဲ့ Command Line ကိုဖတ်ရုံနဲ့တင် အော်တိုကဒ်ကို အလွယ်တကူ အသုံးပြုနိုင်မှာပါ။
3. Precise Input
ဆက်လက်ပီး လေ့လာသင့်တာက Command Lineနဲ့ အပြန်အလှန် အမေးဖြေတွေ လုပ်တဲ့အခါ အသုံးပြုသူဘက်ကနေ တိကျမှန်ကန်တဲ့ အချက်အလက်တွေ ပေးဖို့ပါ။ ကိုယ့်ဘက်က ပေးလိုက်တဲ့ အချက်အလက်မှားနေရင် အော်တိုကဒ်ရဲ့ အဖြေ Output ဟာလည်း တစ်သွေမတိမ်း မှားယွင်းနေမှာပါပဲ။ တစ်ချိန်တည်းမှာပဲ Coordinate System တွေအကြောင်းနဲ့ တိကျတဲ့ Geometry တွေဖြစ်ဖို့ SNAP တွေအကြောင်းကိုလည်း မှတ်သားလေ့လာရမှာပါ။
4. Modify Tools
ဖန်တီးနိုင်တဲ့ အခြေခံ Command တွေကို သိပြီးတဲ့နောက်မှာ ဆက်လက်လေ့လာသင့်တာက ပြုပြင်ပြောင်းလဲ ဖန်တီးနိုင်တဲ့ Modify Tools တွေကို ဆက်လက်လေ့လာ ကြရအောင်နော်။ Toolbar တွေရဲ့ သင်္ကေတ ICON လေးတွေပေါ်ကို MOUSEလေး တင်လိုက်ရင် ရှင်းလင်းချက် အတိုချုပ်လေးတွေကို မြင်ရမှာ ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ တစ်ခါတစ်လေ မမှတ်မိတော့တဲ့ Command တွေကို ပြန်လည် မှတ်မိစေမှာပါ။
ဒါမှမဟုတ် ကီးဘုတ်မှ F1 ကီးကိုနှိပ်လို့ Help File မှာ သိချင်တာကို ရှာဖွေနိုင်ပါတယ်။ ဒါဟာလည်း မေ့နေတဲ့ Command တွေကို ပြန်လည် မှတ်မိစေတဲ့ နောက်ထပ်နည်းလမ်းတစ်ခုပါပဲ။
5. Object Selection
Modify Toolbar တွေကို သေချာ နားလည်ပီးတဲ့နောက် Object တွေကို ရွေးချယ်တဲ့ နည်းလမ်းတွေပါ။ Mouse နဲ့ Pick Up လုပ်ပီးပဲ ရွေးချယ်မလား။ Window နဲ့ Left Up to Right Down ဒါမှာမဟုတ် Right Down to Left Up လုပ်ပီး ရွေးချယ်မလား ဆိုတာကို ဆုံးဖြတ်နိုင်စေဖို့ သူ့ရဲ့ Nature တွေကို သေချာ သိအောင် လေ့လာသင့်ပါတယ်။


6. Annotation and Styles
 အထက်ပါအဆင့်အတိုင်း လေ့လာခဲ့တယ်ဆိုရင် ခုလောက်ဆိုရင် AutoCAD ပုံတွေကို ဆွဲသားနိုင်တဲ့အနေအထားကိုေ၇ာက်လောက်ပါပီ။ ဒါဆိုရင် နောက်တစ်ဆင့် အနေနဲ့ Dimension ဒီဇိုင်းတွေ Scale စတာတွေကို လေ့လာသင့်ပါတယ်။ ဒါ့အပြင် Drawing ကို Presetation တစ်ခုအသွင် ဖန်တီးနိုင်သော Hatch Design အပြင် ဖြည့်စွက်အဖြစ် Table, Text စတာတွေကို တစ်ဆင့်ချင်း လေ့လာသွားပါ။                     
7. Drawing Management
AutoCAD ကို ပြုပြင်ဖန်တီးပေးနိုင်တဲ့ အဆင့်ကို ရောက်ပီဆိုရင် နောက်တစ်ဆင့် အနေနဲ့ကတော့ မိမိဆွဲသားထားတဲ့ ပုံကို Efficient ဖြစ်အောင် လုပ်နိုင်ဖို့ ကြိုးစားရမှာပါ။ အဲဒီ့အတွက် Layer, Layout, Sheet sets အစရှိတဲ့ Command တွေကို သိဖို့ လိုအပ်လာပါတယ်။
8. Reusable Content
နောက်ထပ်အဆင့် အနေနဲ့ကတော့ မိမိအသုံးပြုမှုများတဲ့ Object တွေကို Library အသွင်ဖန်တီး ပြုလုပ်ထားပီး မိမိ လိုအပ်ချိန်မှာ ခေါ်သူအသုံးပြုနိုင်အောင် ပြုလုပ်ရန် လိုအပ်ပါတယ်။ Block, Insert , Design စတာတွေအပြင် Pallets Box တွေကပါ ထိုသို့ ပြုလုပ်နိုင်ရန် ကူညီမှာ ဖြစ်ပါတယ်။


9. Manage your Standard
AutoCAD User တိုင်း သူတို့ကိုယ်ပိုင် Standard Format Setting လေးတွေကိုယ်စီ ရှိကြပါတယ်။ ဒါဟာ ကောင်းတဲ့ အလေ့အကျင့်တစ်ခုပါ။ Template, Text Style, Diension Style, Plot Setting စတာတွေကို မိမိစိတ်ကြိုက် လိုအပ်သလို ပြုလုပ်ဖန်တီးထားသော Standard Format လေးတစ်ခုရှိမှာပါ မိမိ၏ လုပ်ငန်းတွက် လွယ်ကူ လျှင်မြန်မှာ ဖြစ်သလို မိမိ နှင့်အတူတူ လုပ်ကိုင်တဲ့သူတွေအတွက်လည်း အဆင်ပြေမှာ ဖြစ်ပါတယ်။
10. Design Collaboration
 အော်တိုကဒ်နဲ့ အသက်မွေးဝမ်းကျောင်းပြု အလုပ်လုပ်ကိုင်သူ တစ်ယောက်ဟာ လုပ်ငန်းတစ်ခုကို မိမိတစ်ဦးတည်း ဆောင်ရွက်လို့ မရနိုင်ပါဘူး။ အခြားသော လူတွေနဲ့ မလွဲမသွေ တွဲဖက် အလုပ်လုပ်ကိုင် ရမှာပါ။ ထိုအခါ မိမိဆွဲနေသော ပုံတွင် အခြားတစ်ယောက်မှ သူလုပ်ဆောင်မည့်အပိုင်းကို ရေးဆွဲရန် မိမိလုပ်ဆောင် ပီးစီးမည်း အချိန်အထိ စောင့်နေရမည် ဆိုပါက အချိန်ဖြုန်းမှု သက်သက် တစ်ခုသာ ဖြစ်ပါတယ်။ တစ်ပြိုင်နက်တည်းမှာ ပုံတစ်ပုံကို မိမိနှင့်သက်ဆိုင်သော အစိတ်အပိုင်းတွင် ဆွဲသားနိုင်ရန် XREF Command ကိုလေ့လာရမှာပါ။                                       
11. Develop Your Own Workflow
အော်တိုကဒ်ကို သင်ကြားတဲ့အခါမှာ နည်းပြတွေဟာ သူကျင်လည်ရာ အလုပ်ပတ်ဝန်းကျင်မှ အရာတွေကို အခြေခံတဲ့ Workflow နဲ့ သင်ကြားပြသလေ့ရှိပါတယ်။ အော်တိုကဒ်ဟာ ယေဘုယျကျတဲ့ application တစ်ခုပါ။ သင့်ရဲ့ Instructor ဟာ Architecture Field ထဲက ဖြစ်ပီး သင်ဟာ Mechanical Field ထဲကဆိုရင် တစ်ခါတစ်ရဲ့ သူ့ရဲ့ Workflow ဟာ သင့်အတွက် သိပ်ပီး အဆင်မပြေသလို ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အော်တိုကဒ်ကို အချိန်အနည်းငယ်ကြာကြာ အသုံးပြုပီးပီ ဆိုရင်တော့ ကိုယ့်ရဲ့ ကိုယ်ပိုင် အယူအဆ Workflow ကို ပြုလုပ်နိုင်ရပါမယ်။ မိမိ၏ သင်ကြားပြသပေးသောဆရာ ဖတ်မှတ်မိသော စာအုပ်များ၏ လွှမ်းမိုးမှုများမှ ရှောင်ထွက်ကာ မိမိကိုယ်ပိုင် အတွေးအခေါ်များဖြင့် ပြုပြင်ဖန်တီး နိုင်မှသာလျှင် Perfect Drafter ကောင်းတစ်ယောက် ဖြစ်လာနိုင်မှာပါ။
12. Keep Practicing
Practice makes perfect  ဆိုတဲ့စကားကို ကြားဖူးကြမှာပါ။ ဒီဆိုရိုးစကားဟာ အော်တိုကဒ် အသုံးပြုမှုအတွက် ၁၀၀ ရာခိုင်နှုန်း မှန်ကန်တဲ့ စကားတစ်ခုပါ။ အော်တိုကဒ်နဲ့ ရင်းနှီးကျွမ်းကျင်ဖို့အတွက် လေ့ကျင့်မှုတွေ အကြိမ်ကြိမ် ပြုလုပ်ရမှာပါ။ Command တွေကို သိယုံနဲ့ AutoCAD ဆွဲတတ်ပီလို့ မယူဆသင့်ပါဘူး။ Project တစ်ခုကို သေချာ ဆွဲနိုင်မှသာ အော်တိုကဒ် ဆွဲတတ်ပီလို့ ယူဆ သင့်ပါတယ်။ လက်တွေ့ဆွဲစရာ Project မရှိပါကလည်း အခြားသော နမူနာ ပုံတွေကို ရှာဖွေ လေ့ကျင့် သင့်ပါတယ်။ ထိုသို့ လက်တွေ့ဆွဲသားမှသာ ပုံဆွဲရာတွင် ကြုံတွေ့တတ်သော အခက်အခဲများကို တွေ့ရှိပီး ဖြေရှင်းမည့် နည်းလမ်းများကိုလည်း ကြံဆခြင်းဖြင့် Profession Drafter တစ်ယောက်အဖြစ် လျင်မြန်လွယ်ကူစွာ ရောက်ရှိမှာ ဖြစ်ပါတယ်။


 


 

အခြေခံ ၃ဒီ ( အပိုင်း ၂ )

2 comments - Post a comment


အရင် ပို့(စ်)မှာ 3D အခြေခံလေး စပြီးတော့ တင်ခဲ့ပါတယ်။ အဲဒီ အခြေခံလေးကို ပုံ(၁) ကိုကြည့်ရင် မှတ်မိနိုင်ပါတယ်။
ပုံ ( ၁ )

အခု ဒုတိယပိုင်း အနေဖြင့် နောက်ထပ် အခြေခံ ဆွဲသားနည်းလေးတွေ ဆွဲကြည့်ရအောင်။
AutoCAD ကိုဖွင့်ပါ။ File New လုပ်ပါ၊ UCS Icon ကိုကြည့်ရင် X နှင့် Y ဆုံမှတ်မှာ လေးထောင့်ကွက်လေး ရှိနေပါတယ်။ UCS ဟာ World မှာ ရှိနေတာပါ။ အောက်မှာပေးထားတဲ့ ပုံလေးတွေကို Polyline ဖြင့်ဆွဲသားပါ။
ပုံ ( ၂ )
ပေးထားတဲ့ အတိုင်းအတာတွေက အတိအကျမလိုအပ်ပါ။ ပုံစံမှန်ရင် ရပါပြီ။ Dimension တွေထည့်ဆွဲရန် မလိုပါ။ Close Polyline ဖြစ်ရပါမည်။ ပေးထားတဲ့ ပုံလေးတွေကို Polyline ဖြင့်ဆွဲသားပြီပါက Command line တွင်( -vp )ရိုက် (Enter) ခေါက်ပြီး (-1,-1,1) ပေးပြီး 3D View သို့ပြောင်းပါ။
ပုံ ( ၃ )

Shift+Ctrl +C နှိပ်ပြီး CopyBase ဖြင့် Copy လုပ်ပါမယ်။ Base point ကို ပုံ(၃) မှာ ပြထားတဲ့ အမှတ် A မှာထားပါမယ်။ ပြီးရင် အားလုံးကို Erase လုပ်ပါ။ (အားလုံးဟာ Clip Board ထဲမှာရှိနေပါမယ်)
အခု UCS ကိုပြောင်းပါမယ်။ command Line မှာ (UCS ) ရိုက် (Enter) ခေါက်ပြီး (X) ကို ရိုက်ပါ ပြီးလျှင် (Enter) ခေါက်ခြင်းဖြင့် X ၀င်ရိုးပေါ်မှာ ၉၀ ဒီဂရီ လှည့်ပါမယ်။
ပုံ ( ၄ )

ပြီးရင် command Line မှာ (plan ) ရိုက် (Enter)  (Enter) (၂)ကြိမ်ခေါက်ပြီး Plan view ကို ပြန်ပြောင်းပါမယ်။ အခု UCS Icon ကိုကြည့်ရင် X နှင့် Y ဆုံမှတ်မှာ လေးထောင့်ကွက်လေး ရှိမနေ တော့ပါဘူး။ UCS ကိုပြောင်းထားတယ်လို့ဆိုလိုတာပါ။
Clip Board ထဲမှာရှိနေတဲ့ Close Polyline တွေကို Ctrl+V ဖြင့် Paste လုပ်ပါမယ်။ Base point ကို (0,0) ပေးပြီး (enter) ခေါက်ပါ။ Command Line မှာ (Z)  (enter) (A)  (enter) ရိုက်ပြီး အားလုံးကို မြင်ကွင်းထဲ ၀င်အောင်လုပ်ပါ။
ပုံ (၅)
ပုံ(၅)မှာပြထားသလို  p မှ q သို့ vertical line များဆွဲပါ။  ထို vertical line များကို အနီရောင်သို့ပြောင်ပါ။ Command line မှာ (REVOLVE) ရိုက် (enter) ခေါက်ပြီး ရှေးဆုံးကပုံ ကိုရွေးပါ ပြီးရင် (enter) ခေါက်ပြီး p point  မှ q  point သို click လုပ်ပြီး (enter) ခေါက်ခြင်းဖြင့်အဆုံးသပ်ပါ။ ထို့အတူ ကျန်ပုံများ ကိုလည်းလုပ်ပါ။
ပုံ ( ၆ )
ပုံ(၆)မှာပြထားသည့် အနီရောင် vertical line များကို ဖျက်ပါ။ Command line တွင်( -vp )ရိုက် (Enter) ခေါက်ပြီး (-1,-1,1) ပေးပြီး 3D View သို့ပြန်ပြောင်းပါ။ ပုံ(၇) အတိုင်းမြင်ရပါမည်။  Command line တွင်( hi )ရိုက် (Enter) ခေါက်ပေးပါ။ ပုံ(၈) အတိုင်းမြင်ရပါမည်။
ပုံ ( ၇ )
ပုံ ( ၈ )

3D စဆွဲနေပြီ ဖြစ်သောကြောင့် 2D တွင် နားလည် ပြီးပြီ ဖြစ်သော Command တစ်ခုချင်းစီ အတွက် အသေးစိပ်များကို မဖေါ်ပြတော့ပါ။
ဆက်ပါဦးမည်။
ဘုန်ကြီးကျောင်းသား (နိုးအိမ်ရှင်)

 

Textures For 3D Rendering

No Comment - Post a comment

လူတွေက အစားကောင်းကောင်း စားရရင် ချစ်ခင်တဲ့ သူတွေကို သတိရတတ်ကြတယ်တဲ့။
ကျမကတော့ ဗဟုသုတ ရစေတဲ့ ဘလော့လေးတွေ၊ ဆိုဒ်လေးတွေ ဖတ်မိတွေ့မိတဲ့ အခါ ကျမ မိတ်ဆွေ အပေါင်းအသင်းတွေကို သတိရမိပါတယ်။
ဒီနေ့လည်း ဘလော့တွေ လျှောက်မွှေရင်း AutoCAD Render သမားတွေ၊ 3D Max Render သမားတွေ၊ Sketch Up Render သမားတွေအတွက် အသုံးလိုလေ့ရှိတဲ့ Texture Materials ကောင်းကောင်းတွေ ရှိတဲ့ ဘလော့လေးတွေပါ။

http://cgtextures.com/













http://www.highresolutiontextures.com/

 

်Basic AutoCAD 3D

No Comment - Post a comment

ကျမဘလော့ကို ကူညီ အားဖြည့်ပေးနေတဲ့ ကိုခင်စိုးရဲ့ ၃ဒီအကြောင်း ရှင်းလင်းချက်လေးပါ။
သေသေချာချာ အားထုတ် ရေးထားတဲ့ ပို့တစ်ခုပါ။ ရှင်းရခက်တဲ့ ၃ဒီအကြောင်းကို သေချာရှင်းလင်းထားတာ လေးစားစရာပါ။

3D AutoCAD                                                            

 

Preparing for 3D

1 comments - Post a comment

၃ဒီနဲ့ ပတ်သတ်လို့ UCS အကြောင်းရေးပီးကတည်းက ကျမ ဆက်မရေးဖြစ်ခဲ့ပါဘူး။ UCS အကြောင်းကို သိပီးတဲ့အခါ ၃ဒီဆွဲဖို့ လိုအပ်တာတွေ ပြင်ဆင်ကြရအောင်။ ကျမတို့ ဟင်းချက်တော့မယ်ဆိုရင် ဒီဟင်းအိုးအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို ကြိုတင်ပြင်ဆင်ထားသလို ၃ဒီဆွဲဖို့အတွက် လိုအပ်တဲ့ Toolbar တွေကို Workspace ပေါ်ကို ခေါ်ယူပီး ပြင်ဆင်ရအောင်။
AutoCAD 2009 နဲ့ 2010 ကို 2D Drafting and Annotation Workspace ဖြင့် အသုံးပြုသူများ အနေနှင့်တော့ Ribbon  ကိုအသုံးပြုယုံနဲ့တင် လုံလောက်ပါတယ်။
AutoCAD 2000 မှစကာ 2010 အထိ မပြောင်းမလဲ တူညီသော AutoCAD Classic Working Space ကို အသုံးပြုသူများ အတွက်ကတော့ လိုအပ်သော Toolbar များကို ခေါ်ယူပီး နေရာချထားခြင်းအားဖြင့် ပုံဆွဲရာတင် ကျယ်ဝန်းသော Drawing Area ကို ရနိုင်မည် ဖြစ်သည့်အပြင် ပုံကို လျှင်မြန်စွာ ဆွဲနိုင်မှာ ဖြစ်ပါတယ်။ ၃ဒီပုံဆွဲရာတွင် အဓိက လိုအပ်သော Toolbar များကတော့

ပုံဆွဲမှုကို အဓိက ထိန်းချုပ်မယ့် UCS နှင့် UCSII Toolbar







ပုံများကို ရှုထောင့်အမျိုးမျိုးမှ လှည့်ပတ် ကြည့်ရှုရန်လိုအပ်သည့် View နှင့် Viewport Toolbar





ပုံများ၏ ဒီဇိုင်းများကို အမျိုးမျိုး အဖုံဖုံ ပြောင်းလဲ ကြည့်ရှုရန်အတွက် Visual Style Toolbar




နောက် ၃ဒီ ပုံတွေအတွက် အထောက်အပံ့ဖြစ်စေသော 3D Navigation Toolbar






ဒီလို မိမိစိတ်ကြိုက် ToolBar တွေကို ခေါ်ယူပြင်ဆင်ပီးပီဆိုရင် မည်သည့် အချိန်တွင်မဆို လွယ်လင့်တကူ ခေါ်ယူ အသုံးပြုနိုင်ရန်အတွက် Work Space ကို သိမ်းဆည်းထားရအောင်။ Work Space Switching မှတစ်ဆင့်
Save Current As ကိုရွေးချယ်လိုက်ပါက Save Workspace Dialogue Box ပေါ်လာမှာ ဖြစ်ပါတယ်။ Name နေရာမှာ မိမိစိတ်ကြိုက် နာမည်တစ်ခု ရိုက်ထည့်ပီး လက်ရှိ Workspace ကိုရွေးချယ်နိုင်ပါတယ်။ ထို workspace setting ကို အသုံးပြုလိုတိုင်း Work Space Switchingမှ တစ်ဆင့် ပြန်လည်ခေါ်ယူ အသုံးပြုနိုင်ပါတယ်။
ဒါတွေကို ပြင်ဆင်ပြီးသွားပီ ဆိုရင်တော့ ကျမတို့ ၃ဒီပုံတွေ စတင်ဆွဲကြရအောင်နော်


Reference: 3D Modeling By U Robert Tin Aye

 

AutoCAD 2010 Working Environment

No Comment - Post a comment

( ၁ ) Application Menu
( ၂ ) Quick Access Toolbar
( ၃ ) Info Center
( ၄ ) Title Bar
( ၅ ) Ribbon
( ၆ ) Drawing Area
( ရ ) Command Window
( ၈ ) Status Bar