Showing posts with label အခြေခံ အချက်အလက်များ. Show all posts
Showing posts with label အခြေခံ အချက်အလက်များ. Show all posts

ဒီနေ့ ဟိုဟိုဒီဒီ စာလိုက်ဖတ်ရင်း ကျမအတွက် အသုံးဝင်တဲ့ command လေးတစ်ခုကို သိလိုက်ရပါတယ်။ သိပီးသားလူတွေအတွက် မထူးခြားသော်လည်း ကျမက ခုမှသိတဲ့ အပြင် ကျမအလုပ်မှာလည်း တော်တော်လိုအပ်တဲ့အတွက် မသိသေးတဲ့ သူတွေ သိအောင် ဝေမျှလိုက်ပါတယ်။
ကျမပုံတွေဆွဲတဲ့အခါ structure details တွေအများကြီးကို ပုံတစ်ခုထဲမှာ ဆွဲလေ့ရှိပါတယ်။
တစ်ခါတစ်ရံ အားလုံးဆွဲပီးမှ Material Size ကိုပြောင်းလဲတတ်ပါတယ်။ အဲဒီ့တော့ ကျမအရင်က ဒီကော်မန်းလေးကို မသိတော့ details တစ်ခုချင်းစီမှာ တစ်နေရာစီ TEXT တွေကို လိုက်ပြင်ရပါတယ်။
အခုတော့ တော်တော် အဆင်ပြေသွားပါပီ။
အဲဒီ့ command ကတော့ FIND ဆိုတဲ့ ကော်မန်းလေးပါပဲ။


Edit Menu ထဲက Find ကိုဖြစ်စေ၊ Drawing Area ပေါ်က Right Clink နှိပ်ကာဖြစ်စေ၊ Command Line ကနေ Find လို့ရိုက်ထည့်ကာဖြစ်စေ ခေါ်ယူနိုင်ပါတယ်။ ဒါဆိုရင် ဒီ find and replace dialogue box လေးပေါ်လာပါလိမ့်မယ်။

Find What ဆိုတဲ့နေရာမှာ ကိုယ်ရှာလိုတဲ့ စာလုံးကို ရိုက်ထည့်ပီး Find ဆိုတာကို Click နှိပ်လိုက်တာနဲ့ ပြင်လိုတဲ့စာလုံးကို လိုက်ရှာပေးပါလိမ့်မယ်။
Replace with ဆိုတဲ့နေရာမှာ အစားထိုးပြင်ဆင်လိုတဲ့ စာလုံးကို ရိုက်ထည့်ပီး Replace All ကိုရွေးလိုက်တာနဲ့ drawing တစ်ခုလုံးမှာရှိတဲ့ တူညီတဲ့ စာတွေအားလုံးကို တစ်ပြိုင်နက်တည်း ပြင်ဆင်ပေးသွားမှာပါ။
တစ်ခါတစ်ရံ အလွယ်ဆုံးတွေကလည်း အသုံးအ၀င်ဆုံးတွေ ဖြစ်တတ်တယ်နော်။

 

Scripts ဖြင့် AutoCAD မှာ slide show ပြုလုပ်ပုံအဆင့်ဆင့်ကို လက်ရှိ post မှာတင်ပြသွားပါမယ်။ ဒီ ကဏ္ဍကို အပိုင်း(၃)ခုအနေ နဲ့ တင်ပြသွားပါမယ်။
(၁) AutoCAD slide (*.sld) ဖိုင်များ ပြုလုပ်ခြင်း၊
(၂) slide show အတွက် script ရေးခြင်း နှင့်
(၃)script ဖိုင်ကို run ပြီး slide show ပြုလုပ်ခြင်း အနေနဲ့ တင်ပြ သွားပါ မယ်။

 Slide show ပြုလုပ်ဖို့အတွက် ပထမဆုံး AutoCAD slide ဖိုင်တွေ ပြုလုပ်ရပါမယ်၊ အဲဒီအတွက် (command: mslide) ဖြစ်ပါတယ်။ ပထမဆုံး AutoCAD screen မှာ မိမိလိုချင်တဲ့ objects တွေနဲ့ view အနေအ ထားရအောင် zoom & pan ဖြင့် အရင်ချိန်ပါ။ နောက် command: mslide ကို ရိုက်ပါ။ Slide file ကို save ဖို့ အတွက် dialog box ပေါ်လာပါမယ်။
Note: တစ်ခါတစ်ရံမှာ dialog box ပေါ်မပေါ်က “filedia” system variable အပေါ် မူတည်ပါတယ်။ “filedia” “1” ဖြစ်မှ dialog box ပေါ်ပါမယ်။ Default အားဖြင့် တော့ “filedia” ကအမြဲ “1” ပါ။ ၄င်း dialog box မှာ slide file ကို မိမိ လိုချင်တဲ့ ဖိုင်နာမည် နဲ့ save နိုင်ပါတယ်။ File extension က “*.sld” ဖြစ်ပါမယ်။
ဤနည်းအတိုင်း မိမိ ဆွဲထားတဲ့ AutoCAD objects တွေကို မိမိ စိတ်ကြိုက် slide file တွေပြု လုပ်နိုင်ပါတယ်။ ပြုလုပ်ပြီးတဲ့ slide ဖိုင် ကိုပြန်ကြည့်ဖို့အတွက် (command: vslide)ဖြစ်ပါတယ်၊ command ပေး လိုက်တဲ့အခါမှာ show လုပ်ချင်တဲ့ slide file ကို ရွေးဖို့အတွက် dialog box ပေါ်လာပါမယ်။
အဲဒီမှာ မိမိကြည့် ချင်တဲ့ slide ဖိုင်ကို ရွေးပြီး open လုပ်ရုံနဲ့ အဲဒီ slide ဖိုင်တွေကို ပြန်ကြည့်လို့ရပါမယ်။ ပြနေတဲ့ slide show ဟာ user က regenerate မလုပ်မချင်း ဒါမှမဟုတ် zoom မလုပ်မချင်း AutoCAD graphic screen အပေါ်မှာ ရှိနေပါမယ်။ Slide show မှာ objects တွေကို edit လုပ်လို့ မရပါဘူး၊ ပြန်ကြည့်ရုံသက်သက် ပဲ ရပါမယ်။ ဥပမာ - new file တစ်ခုဖွင့် ပါ၊ line တစ်ကြောင်းဆွဲပါ၊ နောက် zoom – extent လုပ်ပါ၊ “mslide” ကို command line ကနေ ရိုက်ပါ၊ dialog box ပေါ်လာရင် file name ပေးပြီး slide file ကို save ပါ။ နောက် circle, rectangle စသည်တို့ကို ဆွဲပြီး အထက်ပါ နည်းအတိုင်း “mslide” command ဖြင့် slide file တွေ ပြုလုပ်ပြီး save လုပ်ထားပါ။

အဲဒီ slide တွေကို ပြန်ကြည့်ဖို့ အတွက် “vslide” command ဖြင့် ပြန်ကြည့်ပါ။ ဒီအဆင့်မှာ ဖော်ပြထားတာ တွေဟာ slide တစ်ခုချင်းကို တစ်ကြိမ်မှာ slide တစ်ခုကို ကြည့်တဲ့ ပုံစံမျိုးနဲ့ ဖြစ်ပါတယ်။
ဒီအဆင့်မှာတော့ ပြုလုပ်ပြီးသား slide filde တွေကို တစ်ခုချင်းမဟုတ်ဘဲ ဆက်တိုက် တစ်ခုပြီး တစ်ခု ကြည့်ပုံကို တဆင့်ချင်း တင်ပြသွားပါမယ်။ အဲဒီလို ဆက်တိုက် ကြည်ကဖို့အတွက် AutoCAD script file ကိုရေးဖို့လိုပါမယ်။
လက်ရှိ post နှင့်အတူ နမူနာ script file တစ်ခု နဲ့ slide file တစ်ချို့ ကို upload တင်ပေးထားပါတယ်။ ၄င်း script ဖိုင်ထဲမှာ ကြည့်မယ်ဆိုရင် ပထမဆုံးအကြောင်းမှာ “filedia 0” က AutoCAD ရဲ့ dialog box request ကို ခဏ supress (ထိန်ချန်) ထားဖို့အတွက် ဖြစ်ပါတယ်။ သာမာန်အားဖြင့်တော့ script file ဟာ dialog box request ကို auto supress လုပ်ပြီးသားပါ။ ဒါပေမယ့် စာဖတ်သူတွေ အနေနဲ့ အခြေခံကို သိစေချင်တဲ့သဘောနဲ့ ထည့်ရေး ထားတာဖြစ်ပါတယ်။
ဒုတိယ script line မှာ “vslide Design_Plan” လို့ရေးထားတာက “vslide” က command ဖြစ်ပါတယ်၊ “Design_Plan” က မြင်ချင်တဲ့ slide file name ဖြစ်ပါတယ်။ ဒီမှာ slide file name ကို (“”) နှစ်ခုကြားမှာ မရေးဘဲ အလွတ်ရေးထားတာ ကိုသတိပြုပါ၊ အကယ်ရွေ့  user မြင်ချင်တဲ့ slide file name က underscore “_” မပါဘဲ (Design Plan) ဖြစ်တယ်ဆိုပါဆို့၊ အဲဒီအခါ မှာ user က script ကို ရေးတဲ့အခါ slide file name ကို (“”) နှစ်ခုကြားမှာ ထည့်ရေးရပါမယ်။ ဥပမာ - (vslide “Design Plan”)။
နောက် တတိယ line မှာ “delay 700” ဆိုတာက slide တစ်ခုနှင့်တစ်ခု ကြာစေချင်တဲ့အချိန် (သို့) ပြစေချင်တဲ့ အချိန်ဖြစ်ပါတယ်၊ 700 ဆိုတာက 700 millisecond ဖြစ်ပါတယ်။ (1000 millisecond = 1 second)။ ဒီလိုနဲ့ ပြချင်တဲ့ slide file တွေကို အထက်ပါ နည်းအတိုင်း ပြသွားရင်းနဲ့ နောက်ဆုံးမှာ “rscript” ဆိုတာကိုတွေ့ပါလိမ့်မယ်။ “rscript” က လက်ရှိ run နေတဲ့ script file ကို user က “Esc” keyboard မှာ escape မနှိပ်မချင်း reapeat လုပ်ပြီး အပြန်ပြန် အလှန်လှန် run နေမှာ ဖြစ်ပါတယ်။ အဲဒီ “rscript” ရဲ့ အောက်မှာ (ENTER) တစ်ချက် ရှိနေသေးတယ်ဆိုတာကို သတိပြုပါ၊ အဲဒါကတော့ script file ရဲ့  syntax သက်သက်ဖြစ်ပါတယ်။


အခုအဆင့်မှာတော့ slide file တွေလည်းလုပ်ပြီးပြီ၊ script file ကိုလည်း ရေးပြီးပြီ ဖြစ်တဲ့အတွက် ၄င်း script file မှာနေ လုပ်ပြီးသား slide file တွေကို show လုပ်ဖို့ပဲဖြစ်ပါတယ်။ Script file ကို run ရန်အတွက်
COMMAND: script
MENU: Tools – Run script    ဖြစ်ပါမယ်။ နောက် dialog box ပေါ်လာရင် ရေးထားတဲ့ script file ကို ရွေးပြီး open လုပ်ပါ။ လက်ရှိ တင်ပြထားတဲ့ ဥပမာ ဖိုင်အရဆိုရင် user က “Esc” မနှိပ်မချင်း repeat လုပ်ပြီး run နေမှာဖြစ်ပါတယ်။ Slide ဖိုင်တွေဟာ AutoCAD Search directory အတွင်းမှာ ရှိရမယ်ဆိုတာကို သတိပြုပါ။

အထက်ပါ post နှင့်ပတ်သက်ပြီး ဥပမာ slide files များနှင့် script file DOWNLOAD အတွက်

“2_Slide_Show.rar”

လက်ရှိ post နဲ့ပတ်သက်ပြီး ဆွေးနွေးရန်အတွက်_

phoesan2006@gmail.com

AutoCAD စာအုပ်များ၊ Ready Made AutoCAD Blocks များ၊ Ready Made Hatch Pattern (.pat) များ၊ နှင့် AutoLisp ဖိုင်များ ကို DOWNLOAD ချရန်အတွက်_
Uploadlink: www.mediafire.com
username: phoesan2006@gmail.com
password: schoolboy
Mediafire မှာ အထက်ပါ user name နှင့် password အတိုင်း log in လုပ်ပြီး “My Files” ထဲမှာ ၀င်ကြည့်ပါ။
Posts Coming Soon:
- Slide Libaray ပြုလုပ်ခြင်း၊

 

DWG TrueConvert

1 comments - Post a comment

အော်တိုကဒ်ဆွဲနေတဲ့သူတွေ တစ်ခြားသော လုပ်ငန်းနေရာတွေနဲ့ ဆက်သွယ်တဲ့ အခါမှာ ဗားရှင်းအနိမ့် အမြင့် ပြဿနာတွေနဲ့ မလွဲမသွေ ကြုံရမှာပါ။ မိမိဆွဲနေသော ပုံကို ဘယ်လိုဗားရှင်းမှာ မဆို အလွယ်တကူ ဖွင့်လို့ ရစေဖို့ ဗားရှင်းအနိမ့်ဖြင့် သိမ်းဆည်းပုံကို ဒီမှာ ရေးသားခဲ့ပြီးပါပြီ။ အခုတစ်ခါမှာတော့ မိမိလက်ခံ ရရှိတဲ့ အော်တိုကဒ်ပုံက မိမိမှာသုံးနေတဲ့ version ထက် မြင့်တဲ့ version နဲ့ ဆွဲထားတဲ့ပုံတွေ ဖြစ်နေလို့ ဖွင့်လို့ မရတာတွေ ဖြစ်လာရင် ဖြေရှင်းနိုင်တဲ့ နည်းလမ်းလေးတစ်ခုပါ။ ဒါပေမယ့် ဒီဆော့ဝဲလ်ဟာ AutoCAD R14, AutoCAD2000, 2004 နှင့် 2007 စတဲ့ဗားရှင်းတွေမှာသာ အလုပ်လုပ်ပါတယ်။ 2008 နှင့် 2009 တွေမှာ အလုပ်မလုပ်နိုင်သေးပါဘူး။ ဒါ့အပြင် Convert လုပ်လိုက်တာနှင့် တစ်ပြိုင်နက် မူရင်းဖိုင်ကို ဖုံးအုပ် ( Overwrite ) သွားမှာ ဖြစ်တာကြောင့် မဖြစ်စေလိုလျှင် ကော်ပီ လုပ်ထားနိုင်ပါတယ်။ အသုံးပြုပုံလေးက လွယ်ကူပါတယ်။

၁) ဒီ Software  လေးကို  ဒေါင်းလုပ်ချပြီး အင်စတော လုပ်ပါ.
၂) ကိုယ် ပြောင်းချင်တဲ့ AutoCAD file ကို add ပါ.
၃) ကိုယ် ပြောင်းချင်တဲ့ version ကို အောက်မှာ ရွေးပါ...
၎) ပြီးရင် convert ကို click လိုက်ရုံပါပဲ..

 

Password- Protecting a Drawing File

2 comments - Post a comment

ကိုယ်တိုင်ဆွဲထားတဲ့ ပုံတစ်ပုံကို မိမိ၏ ခွင့်ပြုချက်မရှိပဲ အခြားသူတစ်ယောက်က ဖွင့်၍မရအောင် Password ဖြင့် ထိန်းသိမ်းထားနိုင်ပါတယ်။ ထိုသို့ ပြုလုပ်ရန် ပထမဦးစွာ New Drawing တစ်ခုကို ဖွင့်လိုက်ပါ။
File Menu မှ Save as (Ctrl+Shift+S) ကိုရွေးပါ။
ထိုအခါ Save Drawing As Dialog Box ပေါ်လာပါလိမ့်မည်။
ထို Box၏ ညာဘက်ထောင့် Tools drop-list မှ Security Options ကိုရွေးချယ်ပါ။
Security Options Dialog Box ပေါ်လာလျှင် Password Box ထဲမှာ မိမိစိတ်ကြိုက် Password တစ်ခုကို ရေးထည့်ပါ။
ဘေးက Encrypt Drawing Properties ကို Click လုပ်ပါ။
Advanced Options ကိုသွားပြီး Choose an encryption provider ထဲက RC4, Microsoft Strong Cryptographic Provider ကိုရွေးချယ်ပြီး Key Length မှလည်း128 ကိုရွေးပါ။
ပြီးလျှင် OK ကိုနှိပ်ပြီး Security Options မှာလည်း OK ကိုနှိပ်။
Confirm Password Dialogue Box ပေါ်လာရင်ကိုယ့်ရဲ့ Password ကိုသေချာအောင် ထပ်ရိုက်ကာ Save လုပ်လိုက်ပါ။
ဒါဆိုရင် အဲဒီ့ Drawing ကို Password မသိပဲလုံးဝ ဖွင့်လို့ မ၇တော့ပါဘူး။ သတိထားရမည့် အချက်တစ်ချက်က Password မေ့သွားရင် ဘယ်လိုမှ ပြန်ရှာလို့ မရနိုင်တော့တာမို့ Password ကို သေသေချာချာ မှတ်ထားဖို့ လိုအပ်တယ် ဆိုတာကိုပါပဲ.........

 

Save as AutoCAD2000

No Comment - Post a comment

AutoCADကို အသုံးပြုတဲ့နေရာမှာ Companyတစ်ခုနဲ့တစ်ခု Version မတူပါဘူး။ Version အနိမ့်သုံးနေတဲ့သူက Version အမြင့် သုံးနေတဲ့သူနေတဲ့သူကို ပို့လိုက်ရင် ပြဿနာမရှိပေမယ့် Version အမြင့်သုံးနေတဲ့ သူက Version အနိမ့်သုံးနေတဲ့ သူဆီကို Version မပြောင်းပဲပို့လိုက်ရင် အဲဒီ့Drawing ကိုဘယ်လိုမှ ဖွင့်လို့မရပါဘူး။ ဒါကြောင့် အလုပ်ထဲမှာ တစ်ခြားအလုပ်တစ်ခုကို Drawing ပို့ရတော့မယ်ဆိုရင် အမြဲတမ်း Version အနိမ့်ကိုပြောင်းပေးရပါတယ်။ တစ်ခါတစ်လေ မပြောင်းပဲပို့မိရင် ဒုက္ခရောက်ပါလေရော။ ဒီတော့အဲလိုမဖြစ်ရလေအောင် Drawing ကိုဘယ် Version နဲ့ပဲဆွဲဆွဲ AutoCAD2000 နဲ့ပဲ Save ရအောင် Setting ချိန်ထားတာကို မသိသေးတဲ့သူတွေ သိရအောင် ဝေမျှလိုက်ပါတယ်။

Working Area ပေါ်မှာ Right Click နှိပ်ပြီး Options ကိုသွားပါ။ Options Dialogue Box ပေါ်လာရင် Open and Save Sub-Tab ကိုသွားပါ။ File Save အောက်က Save as မှာ AutoCAD 2000/LT2000 Drawing ကိုရွေးချယ်ပြီး OK နှိပ်လိုက်ပါက မိမိဆွဲသော Drawing တွေအားလုံးက AutoCAD2000 နဲ့ Auto Save ပြီးသားဖြစ်ပါပီ ။ ။ ။ ။


 

Excel Table to AutoCAD

No Comment - Post a comment

AutoCAD မှာ Table တစ်ခုကို ဘယ်လိုဆွဲတယ် ဆိုတာကို ဆွေးနွေးပြီးပြီနော်။ တစ်ခါတစ်လေ AutoCAD နဲ့ မဆွဲပဲ Excel နဲ့ဆွဲထားတဲ့ Table တစ်ခုကို AutoCAD ထဲကို ဆွဲထည့်တတ်ပါတယ်။ ပထမဆုံး Excel နဲ့ Table တစ်ခုကို ဖန်တီးလိုက်ပါ။ ပြီးရင် Import လုပ်မည့် Table ကို Select လုပ်ပါ။ ပြီးရင် Copy ကို Click လုပ်ပါ။ Table ထည့်လိုသော AutoCAD File ကို ဖွင့်ပါ။ Menu Bar မှ Edit မှ Paste Special ကို ရွေးချယ်ပါ။ ဒါဆိုရင်Paste Special Dialogue Box ပေါ်လာပါလိမ့်မယ်။ Microsoft Office Excel Worksheet ကိုရွေးချယ်ပြီး OK ကို Click လုပ်လိုက်ရင် Excel Table ကို Copy ကူးပြီးဖြစ်ပါတယ်။

 

Shortcut Keys

No Comment - Post a comment

CTRL+A - Selects ALL objects in drawing
CTRL+B - Toggles Snap
CTRL+C - Copies objects to Clipboard
CTRL+D - Toggles coordinate display
CTRL+E - Cycles through isometric planes
CTRL+F - Toggles running object snaps
CTRL+G - Toggles Grid
CTRL+H - Toggles PICKSTYLE on/off
CTRL+J - Executes last command
CTRL+L - Toggles Ortho mode
CTRL+N - Creates a new drawing
CTRL+O - Opens existing drawing
CTRL+P - Prints current drawing
CTRL+R - Cycles layout viewports
CTRL+S - Saves current drawing
CTRL+T - Toggles Tablet mode
CTRL+V - Pastes data from Clipboard
CTRL+X - Cuts objects to Clipboard
CTRL+Y - Repeats last action
CTRL+Z - Reverses last action
CTRL+[ - Cancels current command - forget this - use escape key
CTRL+\ - Cancels current command - forget this - use escape key

F1 - Displays Help
F2 - Toggles text window on/off
F3 - Toggles OSNAP
F4 - Toggles TABMODE
F5 - Toggles ISOPLANE
F6 - Toggles COORDS
F7 - Toggles GRIDMODE
F8 - Toggles ORTHOMODE
F9 - Toggles SNAPMODE

 

Object Snap Modes

No Comment - Post a comment

ပုံတစ်ပုံကို ဆွဲတဲ့အခါ ( ဥပမာ- မျဉ်းတစ်ကြောင်း၏ အလယ်မှတ်ကို ဗဟိုပြု၍ စက်ဝိုင်းတစ်ခု ရေးဆွဲခြင်းမျိုး၊ ဒါမှမဟုတ် စက်ဝိုင်းတစ်ခု၏ ဗဟိုမှ စတင်၍ မျဉ်းတစ်ကြောင်းပေါ်သို့ ထောင့်မှန်ကျသော မျဉ်းတစ်ကြောင်း ရေးဆွဲခြင်းမျိုး၊ ) အရာဝထ္တုများ၏ အလယ်မှတ်၊ ဗဟိုမှတ်၊ အစွန်းမှတ်၊ စသည့်အရာများကို တိကျမှန်ကန်စွာ ရွေးချယ်ရန်အတွက် Object Snap Mode ( OSNAP ) ကို အသုံးပြုရပါမယ်။ Snap Toolbar ကို အသုံးပြု၍လည်း Snap ကို အသုံးပြုနိုင်ပါတယ်။


Object Snap လေးတွေကို ဘယ်လိုအသုံးပြုတယ် ဆိုတာကို အောက်ပါပုံမှာ ကြည့်နိုင်ပါတယ်။

Object Snap တွေကို လိုတာရွေး၊ မလိုချင်တာဖြုတ် စတာတွေ လုပ်ချင်တယ် ဆိုရင်တော့ Status bar က Snap Button ပေါ်မှာ Right click လုပ်ပြီး Setting ကိုရွေးပါ။ Drafting Setting Dialogue Box ပေါ်လာပါမယ်။ အဲဒီ့က Object Snap မှာလိုအပ်သလို ပြင်နိုင်ပါတယ်။ Object Snap ၏ On / Off ကို F3 အသုံးပြု၍လည်း ပြောင်းလဲနိုင်ပါတယ်။ End Point, Mid Point နှင့် Center တွေက အသုံးများတဲ့ Snap တွေ ဖြစ်ပါတယ်။