Showing posts with label အခြေခံ လေ့ကျင့်မှု. Show all posts
Showing posts with label အခြေခံ လေ့ကျင့်မှု. Show all posts

Units & Limits

2 comments - Post a comment

AutoCAD ပုံတစ်ပုံကို စတင်မဆွဲခင် ဆွဲမဲ့ပုံရဲ့ အကန့်အသန့် ( Limit )ကို သတ်မှတ်ပြီး ယူနစ်ကို ရွေးချယ်ရအောင်။ ယူနစ်ရွေးချယ်မယ် ဆိုရင်တော့.....
Menu Bar : Format >> Unit
Command : units (သို့မဟုတ်) un
ဒါဆိုရင် Drawing Unit Dialogue Box ပေါ်လာမှာပါ။
ထို Box ထဲတွင် Length Type, Angle Type နှင့် Insertion Scale များကို မိမိနှစ်သက်သလို ပြောင်းလဲနိုင်ပါသည်။
ပုံတစ်ပုံကို Limits သတ်မှတ်ခြင်း ဆိုတာဟာ ပုံကို အနားသတ် ( Boundaries ) သတ်မှတ်ခြင်းပင် ဖြစ်ပါသည်။ ပုံတစ်ပုံကို အနားသတ် သတ်မှတ်ရာ၌ ပုံ၏ အလျားအနံထက် အနားသတ်၏ အလျားအနံကို ပို၍ သတ်မှတ်လေ့ ရှိပါသည်။ ဥပမာ- ပုံ၏အလျားသည် ၁၀ ဖြစ်လျှင် အနားသတ်၏ အလျားကို ၁၂ အဖြစ်ထားပြီး၊ ပုံ၏အနံသည် ၈ ဖြစ်နေပါက အနားသတ်အနံကို ၁၀ အဖြစ်ထားလေ့ရှိကြပါသည်။
ပုံမဆွဲခင် Drawing Boundaries တစ်ခု သတ်မှတ်မည် ဆိုပါက ..
Menu Bar : Format >> Drawing Limits
Command : limits
Lower left coner : မိမိသတ်မှတ်မည့် Boundaries ၏ ဘယ်ဘက်အောက်အမှတ်
Upper right coner: မိမိသတ်မှတ်မည့် Boundaries ၏ ညာဘက်အပေါ်အမှတ်

 

Line & Coordinate System

1 comments - Post a comment

AutoCAD ကိုဆွဲတဲ့အခါအရေးကြီးတဲ့ CoordinateSystem ကိုမျဉ်းကြောင်းဆွဲရင်းဖြင့် လေ့လာကြပါစို့။ မျဉ်းကြောင်း တစ်ခုဆွဲဖို့ အမိန့်ပေးကြရအောင်။
Draw Toolbar က ဒီပုံလေးကို ရွေးချယ်၍ဖြစ်စေ
Menu Bar ၏ Draw မှတဆင့် Line ကိုရွေးချယ်၍ဖြစ်စေ

Command Line မှ line ( သို့မဟုတ် ) L ဟုရိုက်၍ဖြစ်စေ အမိန့်ပေးလိုက်ပါက Command Area ထဲမှာ...
Specify first point : မျဉ်းစတင် ဆွဲသားလိုသော နေရာ ( x , y )
Specify next point : မျဉ်းအဆုံးသတ်လိုသော နေရာ ( x , y )
တလက်စထဲ မျဉ်းကြောင်း တစ်ကြောင်း ဆွဲသားခြင်းဖြင့် Coordinate System တွေကိုပါ လေ့လာကြရအောင်။ (-2,1) ကနေစပြီး ( 3,4) မှာဆုံးတဲ့ မျဉ်းတစ်ကြောင်း ဆွဲကြည့်ကြရအောင်။ Command Line : Line

Specify first point : -2,1

Specify next point: 3,4

ဒါဆိုရင် ပုံထဲကလို မျဉ်းကြောင်းတစ်ကြောင်း ဖြစ်လာမှာပါ။ ဒီမျဉ်းကြောင်းကို ဆွဲတဲ့အခါ အတိုင်းအတာတွေ အားလုံးကို ( 0,0 ) အမှတ်မှသာ တိုင်းတာ၍ ဆွဲသားထားပါတယ်။ ထိုကဲ့သို့ မူလ Original အမှတ်မှ တိုင်းတာခြင်းကို Absolute Coordinate System ဟုခေါ်ပါသည်။ သို့သော် ပုံများအားလုံးကို မူလအမှတ်မှသာ အမြဲတမ်း တိုင်းတာရန်မှာ မလွယ်ကူလှပါ။ ထို့ကြောင့် လက်ရှိ ရောက်ရှိနေသော နေရာမှ တိုင်းတာခြင်းမှာ ပို၍အဆင်ပြေစေပါသည်။

Command Area : Line
Specify first point: -2,1
Specify next point: @5,0
Specify next point: @0,3
Specify next point: c
@ ဟူသော သင်္ကေတသည် ဤနေရာမှနေ၍ဟု အဓိပါယ် သက်ရောက်ပါသည်။ ထိုသို့ နောက်ထပ် နေရာတစ်ခုသို့ ရောက်ရှိရန် လက်ရှိနေရာကို ဗဟိုပြု တိုင်းတာခြင်းကို Relative Coordinate System ဟုခေါ်ပါသည်။ နောက်တစ်ခု ကတော့ နောက်ထပ်နေရာ တစ်ခုကို Angle ဖြင့် ဖော်ပြခြင်း ဖြစ်ပါသည်။ နာရီလက်တံ၏ ဆန့်ကျင်ဘက် Counter Clockwise Direction အတိုင်းလည်ပတ်ပါတယ်။
ဒါကိုတော့ Polor Coordinate System လို့ခေါ်ပါတယ်။ တစ်ခြား Coordinate system တွေမှာ အကွာဝေးကို ( x,y ) လို့ရေးပေမယ့် Polor ကိုတော့ (Distance < Angle )လို့ရေးပါတယ်။

 

AutoCADကိုအမိန့်ပေးတဲ့အခါ ကိုယ်လိုရာ ပုံသွင်းဖို့ အရာဝထ္တုလေးတွေကို ထုတ်နုတ်ရွေးချယ် ရပါတယ်။ ထိုသို့ ရွေးချယ်ရာ၌ တိတိကျကျ မှန်မှန်ကန်ကန် ရွေးချယ်ရန် အင်မတန် လိုအပ်ပါတယ်။ တစ်ခုခုကို ဖန်တီးဖို့ အမိန့်ပေးလိုက်တိုင်း ဘယ်အရာကို ရွေးချယ်မှာလဲလို့ ပုံဆွဲသူကို ပြန်ပြန်မေးတတ်ပါတယ်။ ထိုအခါ အရာဝထ္တု တစ်ခုချင်းကို ရွေးချယ်နိုင် သကဲ့သို့ အစုအစည်းလိုက်ကိုလဲ ရွေးချယ်နိုင်ပါတယ်။ ရွေးချယ်မှုကိုလည်း တစ်ကြိမ်မက အကြိမ်ကြိမ် ရွေးချယ်နိုင်ပါတယ်။ တစ်ခါရွေးချယ်ပြီးတိုင်း ထပ်မံရွေးချယ်အုန်းမှာလား ဆိုတဲ့ မေးခွန်းမျိုးကို မေးသလို ရွေးချယ်ပြီးသော အရာဝထ္တုလေးများမှာ Dash Lineအသွင် ပြောင်းလဲသွားပါတယ်။ ထပ်မံ မရွေးချယ်လိုတော့ဘူး ဆိုရင်တော့ Enter ကိုရိုက်လိုက်နိုင်ပါတယ်။ Keyboard မှအမိန့်ပေးစရာမလိုပဲ အလွယ်တကူ ရွေးချယ်တဲ့ နည်းလမ်း ( ၃ ) သွယ်ရှိပါတယ်။

ပထမနည်းက ကြက်တွေ အစာကောက်သလို တစ်ခုချင်းဆီကို Mouse နဲ့ Click လုပ်ပြီး ရွေးချယ်နည်းပါ။ ဒုတိယနည်းနဲ့ တတိယနည်းကတော့ အစုအစည်းအလိုက် ရွေးချယ်တာပါ။ Mouse ကို ဘယ်ဘက်မှာ ထောက်ပြီး ညာဘက်အောက်ကို ဆွဲယူပြီးရွေးချယ်ခြင်း ဖြစ်ပါတယ်။ ထိုအခါ ဘောင်ထဲကို အပြည့်အ၀ ၀င်နေတဲ့ အရာဝထ္တုတွေသာ ရွေးချယ်မှာ ဖြစ်ပါတယ်။ အပြည့်အ၀ မဟုတ်ပဲ တစိတ်တဒေသသာ ပါဝင်နေတဲ့ အရာဝထ္တုတွေကိုတော့ ရွေးချယ်မှာ မဟုတ်ပါဘူး။ ညာဘက် အောက်ထောင့်ကနေ ဘယ်ဘက်အပေါ်ကို ဆွဲယူပြီး ရွေးချယ်မယ် ဆိုရင်တော့ ဘောင်ထဲမှာ အပြည့်အ၀ ပါဝင်နေသော အရာများအပြင် တစိတ်တဒေသသာ ပါဝင်သော အရာများကိုပါ ရွေချယ်မှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းတွေဟာ ပုံဆွဲသူတွေ အများဆုံး အသုံးပြုတဲ့ အရာဝထ္တု ရွေးချယ်နည်းတွေပါ။ Keyboard မှတဆင့် အသုံးပြုတဲ့ နည်းလမ်းတွေကတော့ အသုံးပြုသူ နည်းပါးသောကြောင့် နောက်မှ ထပ်မံဆွေးနွေးပါမယ် ။ ။ ။

 

UCS

1 comments - Post a comment

UCS ဆိုတာဟာ User Coordinate System လို့ဆိုတာကြောင့် သူဟာ ပုံဆွဲသူကို ကိုယ်စားပြု ဖော်ပြပေးနေတဲ့ အရာတစ်ခု ဆိုရင်လည်း မမှားပါဘူး။ သူဟာ ခရီးသွား တစ်ယောက်ရဲ့သံလိုက်အိမ်မြှောင် တစ်ခုကဲ့သို့ ပုံဆွဲသူကို တည်နေရာ ညွှန်ပြပေးနိုင်တဲ့ အရာတစ်ခုပါ။ UCS ဟာ အမြဲတစေ ( 0 , 0 , 0 ) ဆိုတဲ့နေရာမှာ ရှိပြီး သူ့ကိုလိုအပ်ရာ နေရာသို့ ရွှေ့ပြောင်း အသုံးချ နိုင်ပါတယ်။ လူတစ်ယောက်ဟာ ဘယ်တွေကိုပဲ သွားလာနေပါစေ၊ အချိန်တန်ရင် ပြန်ရမယ့်အိမ်ရှိသကဲ့သို့ UCS Icon မှာလည်း သူ့ရဲ့ ကိုယ်ပိုင်အိမ် ရှိပါတယ်။ သူ့ရဲ့ မူလအိမ်မှာ ရှိနေစဉ် မှာတော့ UCS ကို WCS ( World Coordinate System ) လို့ခေါ်ပါတယ်။ အဲဒီအချိန်မှာပဲ UCS Icon လေးရဲ့ Y လက်တံပေါ်မှာ W ဆိုတဲ့ သင်္ကေတလေးကို တွေမြင်ရမှာ ဖြစ်ပါတယ်။ အခုစတင်လေ့လာ နေတာဟာ 2D ဖြစ်တာကြောင့် 2D UCS ကိုပဲ စတင် လေ့လာကြပါစို့။



ဒီပုံလေး ကတော့ မူလအိမ်မှာ ရှိနေတဲ့ UCS လေးပါ။ အဲဒါလေး ကိုလည်း မိမိစိတ်ကြိုက် ပြုပြင်ပြောင်းလဲ နိုင်ပါတယ်။ Command Line မှာ ucsicon လို့ အမိန့် ပေးလိုက်ရင် သူက ပုံဆွဲသူကို ဘာလုပ်ချင်တာလဲလို့ ပြန်မေးမှာပါ။ အဲဒီ့မေးခွန်းမှာ ပြုပြင် ပြောင်းလဲနိုင်တဲ့ အရာတွေပါ ပါတယ်။ မိမိ ပြောင်းလဲ လိုတာကို ရွေးချယ် ပြောင်းလဲ နိုင်ပါတယ်။ AutoCAD မှာ အရေးကြီးတဲ့ အချက်တစ်ခုက Command တွေရဲ့ လုပ်ဆောင်ချက် အဆင့်ဆင့်ကို အလွတ်မကျက်ပဲ သူကပြန်မေးတဲ့ မေးခွန်းလေးတွေကို အလိုက်သင့် ဖြေရုံနဲ့ မိမိလိုအပ်ရာပုံကို ဆွဲသား နိုင်ပါတယ်။ အခု ucsicon လို့ အမိန့်ပေးလိုက်တာနဲ့ သူက မေးခွန်းတစ်ခုမေးပါမယ်။ အဲဒီ့မေးခွန်းက
Enter an option [ ON/OFF/All/Noorigin/ORigin/Properties] :
ဒါဆိုရင် ပုံဆွဲသူက မိမိလိုအပ်ရာကို ရွေးချယ်နိုင်ပါပြီ။
ON ကိုရွေးချယ်ရင်တော့ UCS Icon လေးကို မြင်နေရမှာပါ။
OFF ကိုရွေးချယ်ရင်တော့ UCS Icon လေးကို မမြင်ရတော့ပါဘူး။
All ကိုရွေးချယ်ရင်တော့ Viewport တွေ အားလုံးမှာ မြင်ရမှာပါ။ ဒါကိုတော့ အခု မသိနိုင်သေးပါဘူး။
Noorigin ကိုရွေးချယ် ချင်ရင်တော့ N လို့ရိုက်ထည့်ရုံနဲ့ လုံလောက်ပါတယ်။ ဒါဆိုရင် UCS Icon လေးဟာ မူလနေရာမှာမရှိပဲ ဘယ်ဘက်ထောင့်လေးမှာပဲ အမြဲရှိနေမှာပါ။
ORigin ကိုရွေးချယ်ရင်တော့ UCS လေးဟာ မူလနေရာ ( 0,0,0 )မှာပဲ အမြဲတစေ တည်ရှိနေမှာပါ။
Properties ကိုရွေးချယ်လိုရင်တော့ P လို့ရိုက်ထည့်လိုက်တာနဲ့ UCS Icon Dialog Box လေးပေါ်လာမှာပါ။


အဲဒီ့ Box ထဲမှာ ပုံစံအနေအထား၊ အရွယ်အစား၊ အရောင်တွေကို မိမိစိတ်ကြိုက် ပြောင်းလဲနိုင်ပါတယ်။

 

Cursor & Colour

2 comments - Post a comment


Figure: Cursor
တစ်ခြား Software တွေမှာ Mouse ရဲ့ ရွေလျားမှုဟာ မြှားတစ်ခုအသွင် ဖြစ်ပေမယ့် AutoCAD မှာတော့ ကြက်ခြေခတ် တစ်ခုအနေနဲ့ ရွေ့လျားနေပါတယ်။ ကြက်ခြေခတ်လေးကို Crosshair လို့ ခေါ်ဝေါ်ပြီး ကြက်ခြေခတ်လေး ပေါ်က လေးဒေါင့်ကွက်လေး ကိုတော့ Pickbox လို့ခေါ်ပါတယ်။ သူတို့ရဲ့ အရွယ်အစားကို ပုံဆွဲသူ စိတ်ကြိုက် ပြောင်းလဲ နိုင်ပါတယ်။ Crosshair ရဲ့ အရွယ်အစားကို ပြောင်းလဲမယ် ဆိုရင်တော့ Command Area ထဲမှာ cursorsize လို့ Keyboard မှတဆင့် ရိုက်ထည့် ရပါမယ်။ မူလ အရွယ်အစား ကတော့ (၅)ပါ။ လေးဒေါင့်ကွက်လေးရဲ့ အရွယ်အစားကို ပြောင်းလဲမယ် ဆိုရင်တော့ Command Area ထဲမှာ pickbox လို့ command ရိုက်ထည့်ပြီး ကြိုက်နှစ်သက်ရာ အရွယ်အစားကို ပြောင်းလဲ နိုင်ပါတယ်။

ဒါ့အပြင် Crosshair ရဲ့ အရောင်နှင့် Drawing Area ရဲ့ နောက်ခံ အရောင်များကို မိမိစိတ်ကြိုက် ပြောင်းလဲနိုင်ပါတယ်။ အရောင်တွေကို ပြောင်းမယ်ဆိုရင်တော့ Command Area ကနေ option လို့ရိုက်လိုက်ရင် Option Dialog Box ပေါ်လာပါလိမ့်မယ်။


Display Tab ထဲက Colour ကိုရွေးချယ်ပြီး Drawing Window Colour Box မှတဆင့် ကြိုက်နှစ်သက်ရာ Crosshairအရောင်နဲ့ Drawing Area နောက်ခံအရောင်ကို ပြောင်းလဲနိုင်ပါတယ်။


ဒါပေမယ့် နောက်ခံအရောင် အနက်ရောင်ဟာ အဆင်အပြေဆုံးမို့ ပုံဆွဲသူတွေဟာ အနက်ရောင်နောက်ခံကိုပဲ အများဆုံး အသုံးပြုကြပါတယ်။

 

စေလိုရာစေနည်း

No Comment - Post a comment

AutoCAD ဆိုတာဟာ အမိန့်ပေးတတ်ရင် စေလိုရာစေနိုင်တဲ့ အရာတစ်ခုပါ။ စက်ဘီးတစ်စီးကို စီးတဲ့အခါ စက်ဘီး ကယ်ရီယာကို နိုင်နိုင်နင်းနင်း ကိုင်နိုင်မှ လိုရာခရီးရောက်သလို၊ AutoCAD ကိုလည်း ကိုယ်လိုရာ ဒီဇိုင်းရဖို့ အမိန့် ပေးတတ်ရန် အရေးကြီးလှပါတယ်။ သူ့ကို ကိုယ်လိုရာအတွက် စေလိုရာစေနိုင်ဖို့ အမိန့်ပေးနည်း(၃)နည်း ရှိပါတယ်။ ပထမနည်းကတော့ Keyboard ကို အသုံးပြုပြီး Command Area ထဲကတဆင့် အမိန့်ပေးတာပါ။ ဒုတိယနည်းကတော့ MenuBar ကနေတဆင့် အမိန့်ပေးတာပါ။ တတိယနည်းကတော့ Mouse ကို အသုံးပြုပြီး ToolBar ကနေတဆင့် Command Icon လေးတွေကို အသုံးပြုပြီး အမိန့်ပေးတာပါပဲ။ သတိပြုရမယ့် အချက်တစ်ခုက AutoCAD ဟာ Version တစ်ခုနဲ့တစ်ခု အပြောင်းအလဲမှာ MenuBarတွေ ToolBar တွေက အနေအထားလေးတွေ နည်းနည်း ပြောင်းလဲတတ်ပါတယ်။ ဒါကြောင့် တစ်ခါတစ်ရံ ကိုယ်လိုချင်တဲ့ Command ကို အလွယ်တကူ ရှာမရတာမျိုး ဖြစ်တတ်ပါတယ်။ ပထမနည်းဖြစ်တဲ့ Keyboard ကနေ အမိန့်ပေးတာကတော့ ဘယ် Version မှာမဆို အတူတူပါပဲ။ AutoCAD ဆွဲတဲ့သူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် အမိန့်ပေးပုံခြင်း မတူညီကြပါဘူး။ ကျွမ်းကျင်ရာ လိမ္မာရာ ဆိုသလိုပါပဲ မိမိနှစ်သက်ရာ ကျွမ်းကျင်ရာနည်းနဲ့ အမိန့်ပေးပြီး အသုံးချကြပါတယ်။ ဘယ်လိုနည်းကိုပဲ အသုံးပြုပါစေ ပုံဆွဲသူအားလုံးရဲ့ တူညီတဲ့ဆန္ဒကတော့ မိမိဆွဲလိုသောပုံကို အချိန်တိုအတွင်း တိကျမှန်ကန်စွာ ဆွဲနိုင်ရန်ဖြစ်ပါတယ်။