Showing posts with label Download Link. Show all posts
Showing posts with label Download Link. Show all posts

အော်တိုက်ကဒ် ၂၀၁၀ သော့

2 comments - Post a comment



အော်တိုကဒ် ၂၀၁၀ ကို ဒေါင်းလုပ်ချဖို့ လင့်တွေကို ကျမတင်ပေးထားပေမယ့် Rapid Share လင့်တွေ ဖြစ်နေတာကြောင့် လူတိုင်းအလွယ်တကူ မရနိုင်ဘူး ထင်ပါတယ်။ တစ်ခြားလင့်တွေမှာ တင်ပေးဖို့ ကျမအမျိုးမျိုး ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် ကြီးမားလွန်းတဲ့ ဖိုင်ဆိုဒ်တွေကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါဘူး။ ကဲ.. အလွယ်နည်းလေး တစ်နည်းတော့ ရှိပါသေးတယ် ဟုတ်တယ်ဟုတ်။ Full Version ကိုသာ အလွယ်တကူ မရနိုင်ပေမယ့် Trial Version ကိုတော့ နေရာတိုင်းမှာ အလွယ်တကူ ရနိုင်မယ်ထင်ပါတယ်။ AutoDesk ရဲ့ မူရင်းဆိုဒ်ကြီးမှာ Trial Version ကိုသွားယူလိုက်ပါ။ ပြီးရင် ဒီဖိုင် လေးကို ဒေါင်းလုပ်လေးချလိုက်နော်။ အဲဒီ့ဖိုင်ထဲမှာ ပါတဲ့ adlmint.dll ဆိုတဲ့ ဖိုင်လေးကို C: >> Program File  >> AutoCAD 2010 ထဲမှာ ကော်ပီကူးထည့်လိုက်ရုံနဲ့ AutoCAD 2010 Full Version ကိုအောင်မြင်စွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်နော်။ အားလုံး အဆင်ပြေစွာ အလကား အသုံးပြုနိုင်ကြ ပါစေနော်။ :P  ( တော်သေးတယ် AutoDesk ကလူတွေ မြန်မာလို မဖတ်တတ်ပေလို့နော်)

 

AutoDesk Inventor

1 comments - Post a comment

အော်တိုကဒ်နဲ့ ပတ်သတ်ပီး ကျမရေးခဲ့သမျှတွေမှာ Mechanical သမားတွေနဲ့ ပတ်သတ်ပီး သိပ်မပါတာ ကျမအခုမှ သတိထားမိခဲ့တယ်။ အခု AutoCAD Inventor နဲ့ ပတ်သတ်တာလေးတွေ လိုချင်တယ်ဆိုလို့ ကျမမှာ ရှိသမျှလေးကို မျှဝေပေးလိုက်ပါတယ်။ AutoCAD Inventor ဆိုတာဟာ Mechanical အစိတ်အပိုင်းပုံတွေကို 3D Drawing တစ်ခုအဖြစ် လှပသေသပ်စွာ ဖန်တီးနိုင်တဲ့ ဆော့ဝဲလ် တစ်ခုပါပဲ။ သူ့ကို လေ့လာချင်တယ်ဆိုရင် Tutorial တွေကို ဒီဆိုဒ်မှာ သွားရောက်လေ့လာနိုင်သလို့  YouTube မှာလည်း လေ့လာနိုင်တာကို တွေ့ရပါတယ်။ ဒီလောက်ဆိုရင် လေ့လာဖို့ အဆင်ပြေမယ် ထင်ပါတယ်နော်။
အီးဘွတ်တစ်အုပ်ရှိလို့ အပ်လုပ်တင်ပေးလိုက်ပါတယ်နော်
Introduction Autodesk Inventor 2009

 

AutoCAD 2010 Download Link

No Comment - Post a comment


AutoCAD 2010 ကိုလိုချင်တဲ့ သူတွေအတွက် ဒေါင်းလုပ်ချဖို့ လင့်တွေပါ။ ကေပီဇက် ဒေါင်းလုပ်ချကြည့်တာတော့ အဆင်ပြေပါတယ်။ အားလုံးလည်း အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်နော်။
သုံးတော့ မကြည့်ရသေးပါဘူး။ ဘာလို့လဲဆိုတော့ 2009 တောင် သေချာမသုံးရသေးဘူးလေ။
တတ်လည်း တတ်နိုင်ပ AutoDesk ရယ်........