3D Object တွေ ပြုပြင် ဖန်တီးရာမှာ အလွယ်တကူ အသုံးပြုနိုင်တဲ့ 3D Max ကနေ AutoCAD ထဲကို ဆွဲခေါ်သွင်းလာတဲ့ Grips and Gizmos အကြောင်းကို အောက်ပါ ဗီဒီယိုဖိုင်လေးကို ကြည့်ပီး နားလည်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
Basic 3D Editing with Grips & Gizmos
No Comment - Post a comment Labels: 3D Basic, AutoCAD2010, video tutorials
Subobject Editing with Filters For AutoCAD 3D
No Comment - Post a comment Labels: 3D Basic, AutoCAD2010, video tutorials
ကျမတို့ အော်တိုကဒ် ပုံမှာ ၃ဒီပုံလေးတွေ ရေးဆွဲတဲ့အခါမှာ မော်ဒယ်ကြီးတစ်ခုလုံးကို ကိုယ်တိုင်ရေးဆွဲစရာ မလိုတော့လောက်အောင် အင်တာနက်ကြီးက အထောက်အကူပြုနေတာ ၀မ်းသာစရာပါ။ သို့ပေမယ့် မိမိလိုချင်တဲ့ အပိုင်းလေးတွေကို ပြင်ဆင်ဖြတ်တောက် ပြုပြင်ပေးဖို့တော့ ဘယ်လို အထောက်အကူပြုလေးတွေ လုပ်ရမယ်ဆိုတာကိုတော့ သိဖို့ လိုအပ်တာပေါ့လေ။ အခုအောက်ပါ Tutorial ကတော့ ကြည့်ပီးသွားရင် Face,Edge, Vertex တွေရဲ့ အခေါ်အဝေါ်အသုံးအနှုန်းတွေကို သေချာ သဘောပေါက်လာနိုင်ပါတယ်။ ဒါအပြင့် Face,Edge, Vertex တွေကို ဘယ်လို ကွဲကွဲပြားပြား သေသေချာချာ ရှင်းလင်းမှာပါ။ အဲဒီ့နောက် Gizmo နဲ့အတူ အသုံးပြု ပုံများကိုပါ နားလည်သဘော ပေါက်လာမှာပါ။
View Tube For AutoCAD 2010
No Comment - Post a comment Labels: 3D Basic, AutoCAD2010, video tutorials
3D ရေးဆွဲရာတွင် ပုံတစ်ပုံ၏ ရှေ့လား နောက်လား အပေါ်က ကြည့်နေတာလားဆိုတာရဲ့ Direction ကိုပြပေးတဲ့ လမ်းပြအဖြစ် အသုံးပြုသော View Tube အကြောင်းကို အောက်ပါ ဗီဒီယို Tutorial ဖိုင်တွင် ကြည့်နိုင်ပါတယ်။
AutoCAD Tutorial - 3D Primitives
No Comment - Post a comment Labels: 3D Basic, AutoCAD2010, video tutorials
အော်တိုကဒ် ၃ဒီကိုဆွဲသားတဲ့အခါ သိဖို့လိုအပ်တဲ့ အစိတ်အပိုင်းတစ်ချို့ကို လေ့လာကြည့်ရအောင်နော်။
Box, Cube, Cylinder, Cone, Sphere, Pyramid, Wedge နဲ့ Torus တွေ ဘယ်လိုဆွဲတယ်ဆိုတာ ဒီဗီဒီယိုဖိုင်လေး ကြည့်လိုက်ရင် အားလုံးရှင်းသွားမှာပါ။
| ပုံ ( ၁ ) |
| ပုံ ( ၂ ) |
| ပုံ ( ၃ ) |
| ပုံ (၅) |
| ပုံ ( ၆ ) |
| ပုံ ( ၇ ) |
| ပုံ ( ၈ ) |
ကျမဘလော့ကို ကူညီ အားဖြည့်ပေးနေတဲ့ ကိုခင်စိုးရဲ့ ၃ဒီအကြောင်း ရှင်းလင်းချက်လေးပါ။
သေသေချာချာ အားထုတ် ရေးထားတဲ့ ပို့တစ်ခုပါ။ ရှင်းရခက်တဲ့ ၃ဒီအကြောင်းကို သေချာရှင်းလင်းထားတာ လေးစားစရာပါ။
3D AutoCAD
၃ဒီနဲ့ ပတ်သတ်လို့ UCS အကြောင်းရေးပီးကတည်းက ကျမ ဆက်မရေးဖြစ်ခဲ့ပါဘူး။ UCS အကြောင်းကို သိပီးတဲ့အခါ ၃ဒီဆွဲဖို့ လိုအပ်တာတွေ ပြင်ဆင်ကြရအောင်။ ကျမတို့ ဟင်းချက်တော့မယ်ဆိုရင် ဒီဟင်းအိုးအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို ကြိုတင်ပြင်ဆင်ထားသလို ၃ဒီဆွဲဖို့အတွက် လိုအပ်တဲ့ Toolbar တွေကို Workspace ပေါ်ကို ခေါ်ယူပီး ပြင်ဆင်ရအောင်။
AutoCAD 2009 နဲ့ 2010 ကို 2D Drafting and Annotation Workspace ဖြင့် အသုံးပြုသူများ အနေနှင့်တော့ Ribbon ကိုအသုံးပြုယုံနဲ့တင် လုံလောက်ပါတယ်။
AutoCAD 2000 မှစကာ 2010 အထိ မပြောင်းမလဲ တူညီသော AutoCAD Classic Working Space ကို အသုံးပြုသူများ အတွက်ကတော့ လိုအပ်သော Toolbar များကို ခေါ်ယူပီး နေရာချထားခြင်းအားဖြင့် ပုံဆွဲရာတင် ကျယ်ဝန်းသော Drawing Area ကို ရနိုင်မည် ဖြစ်သည့်အပြင် ပုံကို လျှင်မြန်စွာ ဆွဲနိုင်မှာ ဖြစ်ပါတယ်။ ၃ဒီပုံဆွဲရာတွင် အဓိက လိုအပ်သော Toolbar များကတော့
ပုံဆွဲမှုကို အဓိက ထိန်းချုပ်မယ့် UCS နှင့် UCSII Toolbar
ပုံများ၏ ဒီဇိုင်းများကို အမျိုးမျိုး အဖုံဖုံ ပြောင်းလဲ ကြည့်ရှုရန်အတွက် Visual Style Toolbar
နောက် ၃ဒီ ပုံတွေအတွက် အထောက်အပံ့ဖြစ်စေသော 3D Navigation Toolbar
ဒီလို မိမိစိတ်ကြိုက် ToolBar တွေကို ခေါ်ယူပြင်ဆင်ပီးပီဆိုရင် မည်သည့် အချိန်တွင်မဆို လွယ်လင့်တကူ ခေါ်ယူ အသုံးပြုနိုင်ရန်အတွက် Work Space ကို သိမ်းဆည်းထားရအောင်။ Work Space Switching မှတစ်ဆင့်
Save Current As ကိုရွေးချယ်လိုက်ပါက Save Workspace Dialogue Box ပေါ်လာမှာ ဖြစ်ပါတယ်။ Name နေရာမှာ မိမိစိတ်ကြိုက် နာမည်တစ်ခု ရိုက်ထည့်ပီး လက်ရှိ Workspace ကိုရွေးချယ်နိုင်ပါတယ်။ ထို workspace setting ကို အသုံးပြုလိုတိုင်း Work Space Switchingမှ တစ်ဆင့် ပြန်လည်ခေါ်ယူ အသုံးပြုနိုင်ပါတယ်။
ဒါတွေကို ပြင်ဆင်ပြီးသွားပီ ဆိုရင်တော့ ကျမတို့ ၃ဒီပုံတွေ စတင်ဆွဲကြရအောင်နော်
Reference: 3D Modeling By U Robert Tin Aye
AutoCAD 3D အကြောင်းကို စတင်လေ့လာနိုင်ဖို့ အရေးအကြီးဆုံး UCS လို့အတိုကောက် ခေါ်ဆိုလေ့ ရှိကြတဲ့ ( User Coordinate System )အကြောင်းကို စတင်လေ့လာ ကြရအောင်နော်။ UCS ဟာ လက်ရှိဆွဲသားမည့် မျက်နှာပြင် အနေအထားကို ဖော်ပြပေးပါတယ်။ 2D ပုံတွေကို ရေးဆွဲစဉ်မှာ UCS ကို ရံဖန်ရံခါမှသာ အသုံးပြုပေမယ့် 3D ပုံတွေကို ရေးဆွဲရာမှာတော့ UCS ဟာ အရေးအကြီးဆုံး ဖြစ်လာပါတယ်။ ဒါကြောင့် 3D ပုံတွေကို ဆွဲနိုင်ဖို့ UCS အကြောင်းကို သေချာသိအောင် လေ့လာသင့်ပါတယ်။
Command Line ကနေ UCSICON လို့ ရိုက်ထည့်ပီး P ကိုရွေးလိုက်ရင် UCS Icon Dialogue Box ပေါ်လာမှာပါ။
UCS ကို သရီးဒီ အနေဖြင့် မြင်နိုင်ရန်အတွက် View Toolbar မှ SW Isometric View Button ကိုနှိပ်ကာ Iso View ကို ပြောင်းလိုက်ပါက UCSလေးကို အောက်ပါပုံအတိုင်း တွေ့ရမှာ ဖြစ်ပါတယ်။
UCS ကိုစစဖွင့်ချင်းမှာ သူရဲ့ မူလအိမ်ဖြစ်တဲ့ ( 0,0,0 ) မှာသာ တွေ့မြင်ရမှာပါ။ ဒါပေမယ့် မိမိလိုအပ်ရာ နေရာတွေကို ရွှေ့ပြောင်းလို့ အလွယ်တကူရနိုင်ပါတယ်။
အခုဆက်လက်ပြီး UCS နဲ့ ပုံတွေကို ဘယ်လို ဖန်တီးကြမယ် ဆိုတာကို ဆက်လက်လေ့လာ ရအောင်နော်။
အဲလိုလေ့လာဖို့ UCS Toolbar ကို ဖွင့်လိုက်ပါ။
( ၁ ) UCS
ပထမဆုံး UCS ဆိုတဲ့ဟာလေးကတော့ UCS လေးရဲ့ တည်နေရာကို ပြုပြင်ပြောင်းလဲတဲ့ အရာလေးပါ။ သူ့ရဲ့ Option ထဲကနေ မိမိပြုလုပ်လိုသော အခြေအနေကို ခေါ်ယူနိုင်ပါတယ်။ အဓိကအားဖြင့် Save Option ဖြင့် လက်ရှိရောက်နေသော နေရာမှာ ရှိတဲ့ UCSရဲ့ နေရာကို နာမည်ပေးပြီး Save လုပ်ထားနိုင်သလို Restore ဖြင့်ပြန်ခေါ်အသုံးပြုနိုင်ပြီး မလိုချင်တော့ဘူး ဆိုရင်တော့ D နဲ့ ပြန်လည် ဖယ်ရှား ပြစ်နိုင်ပါတယ်။ ကျန်တဲ့ အရာတွေကိုတော့ toolbar မှလည်း ပြုလုပ်နိုင်ပါတယ်။
( ၂ ) World UCS
ဒုတိယ အကွက်လေးထဲက အရာကတော့ UCSကို မိမိစိတ်ကြိုက် ရွှေ့ချင်ရာ ရွှေ့ထားပြီး သကာလ မူလနေရာကို ပြန်လည် ပို့ပေးချင်တယ်ဆိုရင် အသုံးပြု၇တဲ့ ဟာလေးပါ။ မိမိအလိုရှိရာအတိုင်း အသုံးပြုပြီးပြီဆိုရင် UCSကို အမြဲတစ်စေ မူလအိမ်ကို ပြန်လည် ပို့ပေးထားသင့်ပါတယ်။
( ၃ ) Previous UCS
မိမိ အသုံးပြုပြီးခဲ့တဲ့ UCS ရဲ့နေရာကို ပြန်လည် ခေါ်ယူခြင်း ဖြစ်ပါတယ်။
( ၄ ) Face UCS
3D ပုံများကို ရေးဆွဲရာတွင် အရာတစ်ခု၏ မျက်နှာပြင်တွင် UCSကို ထားလိုသောအခါ ထိုcommand ကို အသုံးပြုကာ မိမိထားလိုသော အရာ၏ မျက်နှာပြင်ကို ရွေးချယ်လိုက်သည်နှင့် တစ်ပြိုင်နက် UCSလေးဟာ ထိုမျက်နှာပြင်ပေါ်ကို ရောက်သွားမှာ ဖြစ်ပါတယ်။
( ၅ ) Object UCS
တစ်ခါတစ်ရံ မိမိဆွဲရသော သုံးဖက်မြင် ပုံများသည် အတည့်အတိုင်းမဟုတ်ပဲ စောင်းရွဲ့နေသော အရာဝထ္ထုများလည်း ဖြစ်တတ်သည်။ ထိုအခါမျိုးတွင် Object UCS ကို အသုံးပြုကာ အရာဝထ္ထု၏ အစောင်းအတိုင်း UCS ကို ထားနိုင်ပါသည်။
( ၆ ) View UCS
သုံးဘက်မြင် ပုံတွင်ပင် UCSကို 2D အဖြစ် ပြောင်းလဲလိုက်ခြင်း ဖြစ်ပါသည်။ တစ်ခါတစ်ရံ ISO View မျာတွင် စာများကို မြင်ကွင်း အတည့်အတိုင်း မြင်လိုသောအခါ ထို UCSကို အသုံးပြုလေ့ ရှိပါတယ်။ ထို့အပြင် 3D Drawing များကို 2D Drawing များတွင် ထည့်သွင်း အသုံးပြုလိုသော အခါများတွင်လည်း အသုံးပြုလေ့ ရှိကြပါသည်။
( ၇ ) Origin USC
ထို command သည် UCS၏ မူလအိမ်တစ်ခုကို မိမိလိုအပ်ရာ နေရာ အသစ်တစ်ခုကို ရွှေ့ပြောင်းလိုက်ခြင်း ဖြစ်ပါသည်။
( ၈ ) Z Axis Vector UCS
Z-Axis ကို မိမိထားလိုသော နေရာတွင် ထားလိုပါက အသုံးပြုပါသည်။
( ၉ ) 3 Point UCS
ထို UCS သည် X, Y, Z ၀င်ရိုးတို့၏ တည်နေရာကို အမှတ် ၃ မှတ်နေရာချပြီး ရွေးချယ်ခြင်း ဖြစ်သည်။ ထို့ကြောင့် အသုံးအ၀င်ဆုံးသော UCS ဆိုလည်း မမှားပါဘူး။ မိမိ အသုံးပြုလိုသော မျက်နှာပြင်ကို လိုသလိုကပ်ကာ အသုံးပြုနိုင်သော UCS တစ်ခုဖြစ်ပါသည်။
( ၁၀ ) X Axis Rotate UCS
X Direction ကို ၀င်ရိုးအဖြစ်ထားပြီး Y လက်တံကို လှည့်ပေးခြင်း ဖြစ်ပါတယ်။ မိမိလှည့်လိုသော Angle ကို ရိုက်ထည့်ရန်တော့ လိုအပ်ပါတယ်။ မပေးရင်တော့ ၉၀ ဒီဂရီ ထောင့်မှန်အတိုင်း လှည့်ပေးသွားမှာ ဖြစ်ပါတယ်။
( ၁၁ ) Y Axis Rotate UCS
Y Direction ကို ၀င်ရိုးအဖြစ်ထားပြီး X လက်တံကို လှည့်ပေးခြင်း ဖြစ်ပါတယ်။ မိမိလှည့်လိုသော Angle ကို ရိုက်ထည့်ရန်တော့ လိုအပ်ပါတယ်။ မပေးရင်တော့ ၉၀ ဒီဂရီ ထောင့်မှန်အတိုင်း လှည့်ပေးသွားမှာ ဖြစ်ပါတယ်။
( ၁၂ ) Z Axis Rotate UCS
Z Direction ကို ၀င်ရိုးအဖြစ်ထားပြီး XY လက်တံကို လှည့်ပေးခြင်း ဖြစ်ပါတယ်။ မိမိလှည့်လိုသော Angle ကို ရိုက်ထည့်ရန်တော့ လိုအပ်ပါတယ်။ မပေးရင်တော့ ၉၀ ဒီဂရီ ထောင့်မှန်အတိုင်း လှည့်ပေးသွားမှာ ဖြစ်ပါတယ်။
( ၁၃ ) Apply UCS
View Port တွေမှာ လက်ရှိ UCS ကို ထည့်သွင်းခြင်းပါ။ ဒီ UCS အကြောင်းကိုတော့ View Port တွေ အကြောင်း ရေးတဲ့အခါ ဆက်လက်ရေးပါမယ်။
ဒီလောက်ဆိုရင် UCS တွေရဲ့ကို သေချာသိလောက်ပြီပေါ့နော်။ အော်တိုကဒ်ဟာ ဒါကိုဆွဲရင် ဒါကိုသာ အသုံးပြုရမယ်လို့ ပုံသေကားချပ် ချထားတဲ့ ပညာရပ်မဟုတ်ပါဘူး။ သူရဲ့ အသုံးချပုံတွေကို သေချာ လေ့လာပြီး မိမိအတွက် အဆင်ပြေလွယ်ကူ မြန်ဆန်တယ်လို့ ထင်တဲ့ အရာတွေကို အသုံးပြုခြင်းဖြင့် အော်တိုကဒ်ကို အသုံးပြုကြပါလို့ ဆန္ဒပြုလိုက်ပါတယ်။ ။ ။ ။ ။


